ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်အားလုံးနီးပါး ရပ်တည်ရန်ခက်ခဲလာသဖြင့် ရန်ကုန်သို့ပြောင်း‌ရွှေ့လာကြ

 3205

ယွန်း (NP News) - အောက်တိုဘာ ၃ဝ

ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် အားလုံးနီးပါး ရပ်တည်ရန်ခက်ခဲလာသဖြင့် ရန်ကုန်သို့ပြောင်းရွှေ့လာကြကြောင်း ကျောက်ဖြူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက NP News ကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို AA က စတင်တိုက်ခိုက်ထိန်းချုပ်ထားသည့်အပြင် တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေသည် သာမက ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် ဒေသခံပြည်သူ များအတွက် စားဝတ်နေရေး အပါအဝင် ပညာရေးနှင့် ကျန်းမာရေးများကို စီစဉ်ပေးမှုမရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက်လည်း ရပ်တည်ရန် ခက် ခဲလာကြောင်း သိရသည်။

ထို့ပြင် ကုန်စည်စီးဆင်းမှုမရှိသည့်အတွက် စီးပွားရေးလုပ်ငန်းများအားလုံးနီးပါး ၎င်းတို့ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ကုန်သို့အများဆုံးပြောင်း‌ ရွှေ့လာကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့လာကြခြင်းကို ကြည့်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့ကို အုပ်ချုပ်မည်ဆိုသော AA အပေါ် ယုံကြည်ချက်မရှိကြောင်း တွေ့မြင်ရခြင်းလည်း ဖြစ်သည်။

"ရခိုင်မှာသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ အ လုပ်တွေက ဘာမှလုပ်လို့မရတော့ဘူးလေ။ အားလုံး လိုလိုက ရန်ကုန်မှာရောက်နေကြပြီးတော့ ရတဲ့အ လုပ်တွေနဲ့ ဆိုင်ဖွင့်တာတွေ လုပ်ကြတယ်။ ဘာတစ်ခု မှ လုပ်စားလို့မရတော့ဘူး။ စစ်တွေဆိုလည်း ‌နေ့လား၊ ညလားလေ။ သံတွဲလည်းမရှိတော့ဘူး။ ကျောက်ဖြူမှာ ဆိုလည်း မြို့ပြင်ကို မထွက်ရဘူး။ မြို့ထဲကိုလည်း ဘယ်သူမှမဝင်ရဘူး။ ငါးဖမ်းခွင့်တွေလည်း မရှိတော့ ဘူး။ သယ်ယူပို့‌ဆောင်ရေးကလည်း ဘာမှမရှိတော့ဘူးလေ။ ဘာဝင်ငွေမှမရှိတော့ ရေရှည်ရပ်တည်ဖို့က ခက်ခဲလာကြတယ်။ ကုန်စည်စီးဆင်းမှုက ဘာမှမရှိ ဘူး။ ဆေးရုံတွေမှာတောင် ပတ်တီးတွေကအစ ဘာမှ မရှိတော့ဘူး။ တင်သွင်းခွင့်လည်းမပြုဘူး"ဟု ကျောက်ဖြူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့် တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုရှိခဲ့ရာ လက်ရှိအချိန်အထိ လျှပ်စစ်မီးမရရှိသေးကြောင်း သိရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ကျေးလက်တောရွာများမှ အခြေခံလူတန်းစားများနှင့် မြို့ ပေါ်ရှိ လက်လုပ်လက်စားများသာ ကျန်ရှိနေပြီး ၎င်းတို့အနေဖြင့်လည်း စားသောက်နေထိုင်နိုင်ရေးအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

"လုပ်ငန်းရှင်အကြီးတွေရော၊ အသေး တွေရော စီးပွားရေးလုပ်ငန်းရှင်တွေမရှိကြတော့ဘူး။ အခုက ထွက်ပြေးစရာမရှိတဲ့ ကျေးလက်တောရွာက လူတွေနဲ့၊ မြို့ပေါ်က လက်လုပ် လက်စားတွေပဲ ရှိ တော့တယ်။ သူတို့တွေလည်းအဆင်မပြေပါဘူး။ အရမ်းဒုက္ခရောက်တယ်။ စားတဲ့ဆီရော၊ လောင်စာဆီ ရော၊ ဆေးကအစ ဘာမှသွင်းလို့မရဘူး။ စားသောက် နေထိုင်ဖို့ကို တော်တော်လေးကို ခက်ခဲကြတယ်။ ရသလိုရှာဖွေစားနေရတာပေါ့" ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် AA က ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ထိန်းချုပ်နယ်မြေ တိုးလာစေရန်အတွက် မကြာသေးမီကာလအထိ တိုက်ပွဲများ ဖော်ဆောင်နေရာ တပ်မတော်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

zawgyi version
ရခိုင္ျပည္နယ္မွ စီးပြားေရးလုပ္ငန္းရွင္အားလုံးနီးပါး ရပ္တည္ရန္ခက္ခဲလာသျဖင့္ ရန္ကုန္သို႔ေျပာင္း‌ေ႐ႊ႕လာၾက
ယြန္း (NP News) - ေအာက္တိုဘာ ၃ဝ

ရခိုင္ျပည္နယ္ရွိ စီးပြားေရးလုပ္ငန္းရွင္ အားလုံးနီးပါး ရပ္တည္ရန္ခက္ခဲလာသျဖင့္ ရန္ကုန္သို႔ေျပာင္းေ႐ႊ႕လာၾကေၾကာင္း ေက်ာက္ျဖဴၿမိဳ႕ခံ စီးပြားေရးလုပ္ငန္းရွင္ႀကီး တစ္ဦးက NP News ကို ေျပာသည္။

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အမ်ားအျပားကို AA က စတင္တိုက္ခိုက္ထိန္းခ်ဳပ္ထားသည့္အျပင္ တိုက္ပြဲလည္း ဆက္လက္ျဖစ္ပြားေနသည္ သာမက ၎တို႔ထိန္းခ်ဳပ္ရာ နယ္ေျမမ်ားတြင္ ေဒသခံျပည္သူ မ်ားအတြက္ စားဝတ္ေနေရး အပါအဝင္ ပညာေရးႏွင့္ က်န္းမာေရးမ်ားကို စီစဥ္ေပးမႈမရွိျခင္းေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္လည္း ရပ္တည္ရန္ ခက္ ခဲလာေၾကာင္း သိရသည္။

ထို႔ျပင္ ကုန္စည္စီးဆင္းမႈမရွိသည့္အတြက္ စီးပြားေရးလုပ္ငန္းမ်ားအားလုံးနီးပါး ၎တို႔ေရရွည္ရပ္တည္ႏိုင္ေရးအတြက္ ရန္ကုန္သို႔အမ်ားဆုံးေျပာင္း‌ ေ႐ႊ႕လာေၾကာင္း သိရသည္။ ထိုသို႔ ေျပာင္းေ႐ႊ႕လာၾကျခင္းကို ၾကည့္ျခင္းအားျဖင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားက ၎တို႔ကို အုပ္ခ်ဳပ္မည္ဆိုေသာ AA အေပၚ ယုံၾကည္ခ်က္မရွိေၾကာင္း ေတြ႕ျမင္ရျခင္းလည္း ျဖစ္သည္။

"ရခိုင္မွာသူတို႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ အ လုပ္ေတြက ဘာမွလုပ္လို႔မရေတာ့ဘူးေလ။ အားလုံး လိုလိုက ရန္ကုန္မွာေရာက္ေနၾကၿပီးေတာ့ ရတဲ့အ လုပ္ေတြနဲ႔ ဆိုင္ဖြင့္တာေတြ လုပ္ၾကတယ္။ ဘာတစ္ခု မွ လုပ္စားလို႔မရေတာ့ဘူး။ စစ္ေတြဆိုလည္း ‌ေန႔လား၊ ညလားေလ။ သံတြဲလည္းမရွိေတာ့ဘူး။ ေက်ာက္ျဖဴမွာ ဆိုလည္း ၿမိဳ႕ျပင္ကို မထြက္ရဘူး။ ၿမိဳ႕ထဲကိုလည္း ဘယ္သူမွမဝင္ရဘူး။ ငါးဖမ္းခြင့္ေတြလည္း မရွိေတာ့ ဘူး။ သယ္ယူပို႔‌ေဆာင္ေရးကလည္း ဘာမွမရွိေတာ့ဘူးေလ။ ဘာဝင္ေငြမွမရွိေတာ့ ေရရွည္ရပ္တည္ဖို႔က ခက္ခဲလာၾကတယ္။ ကုန္စည္စီးဆင္းမႈက ဘာမွမရွိ ဘူး။ ေဆး႐ုံေတြမွာေတာင္ ပတ္တီးေတြကအစ ဘာမွ မရွိေတာ့ဘူး။ တင္သြင္းခြင့္လည္းမျပဳဘူး"ဟု ေက်ာက္ျဖဴၿမိဳ႕ခံ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ ျဖစ္ပြားခဲ့သည့္ ေရႀကီးေရလွ်ံမႈမ်ားႏွင့္ တိုက္ပြဲေၾကာင့္ ရခိုင္ျပည္နယ္တြင္ လွ်ပ္စစ္တာဝါတိုင္မ်ား ပ်က္စီးမႈရွိခဲ့ရာ လက္ရွိအခ်ိန္အထိ လွ်ပ္စစ္မီးမရရွိေသးေၾကာင္း သိရသည္။ လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း၌ ေက်းလက္ေတာ႐ြာမ်ားမွ အေျခခံလူတန္းစားမ်ားႏွင့္ ၿမိဳ႕ ေပၚရွိ လက္လုပ္လက္စားမ်ားသာ က်န္ရွိေနၿပီး ၎တို႔အေနျဖင့္လည္း စားေသာက္ေနထိုင္ႏိုင္ေရးအတြက္ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။

"လုပ္ငန္းရွင္အႀကီးေတြေရာ၊ အေသး ေတြေရာ စီးပြားေရးလုပ္ငန္းရွင္ေတြမရွိၾကေတာ့ဘူး။ အခုက ထြက္ေျပးစရာမရွိတဲ့ ေက်းလက္ေတာ႐ြာက လူေတြနဲ႔၊ ၿမိဳ႕ေပၚက လက္လုပ္ လက္စားေတြပဲ ရွိ ေတာ့တယ္။ သူတို႔ေတြလည္းအဆင္မေျပပါဘူး။ အရမ္းဒုကၡေရာက္တယ္။ စားတဲ့ဆီေရာ၊ ေလာင္စာဆီ ေရာ၊ ေဆးကအစ ဘာမွသြင္းလို႔မရဘူး။ စားေသာက္ ေနထိုင္ဖို႔ကို ေတာ္ေတာ္ေလးကို ခက္ခဲၾကတယ္။ ရသလိုရွာေဖြစားေနရတာေပါ့" ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ေျပာသည္။

ထို႔ျပင္ AA က ရခိုင္ျပည္နယ္ေတာင္ပိုင္းတြင္ ထိန္းခ်ဳပ္နယ္ေျမ တိုးလာေစရန္အတြက္ မၾကာေသးမီကာလအထိ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနရာ တပ္မေတာ္ကလည္း ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.