တရုတ်သို့ မျှစ်ပြုတ်တင်ပို့ရန် ညှိနှိုင်းနေပြီး ဝယ်လိုအားကြောင့် ဝါးပင်များ မပျက်စီးစေရန် ထိန်းရောင်းမည် ဟုဆို

109

Pearl(NP News)-အောက်တိုဘာ ၁၂
တရုတ်သို့ မျှစ်ပြုတ်တင်ပို့ရန်ညှိနှိုင်းနေပြီး ဝယ်လိုအားရှိသော်လည်း ဝါးပင်များမပျက်စီးစေရန် (၇၀)ရာခိုင်နှုန်း ကိုသာတင်ပို့မည်ဖြစ်ကြောင်း မျှစ် နှင့်ဝါးစိုက်ပျိုးထုတ်လုပ်သူအသင်း ဥက္ကဋ္ဌ ဦးသူရိန် ထွန်းထံ NP News မှ ဆက် သွယ်မေး မြန်းထားချက်များအရသိရသည်။
မျှစ်ပြုတ်ကို တရုတ်သို့တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှကိုယ်စားလှယ်များလာရောက် စဉ်က မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူအသင်းအနေဖြင့် ဝါးပိုးမျှစ်ပြုတ်နှင့် မြင်မျှစ်ပြုတ်အပါအဝင် မျှစ်ပြုတ်(၅)မျိုးကို နမူနာ အဖြစ်ပြသခဲ့ကြောင်းသိရသည်။
“တစ်မျိုးကို အချိန်(၁၀)စီပေးလိုက်ပါတယ်။ အဲဒီထဲကရွေးပြီး ပြန်ပြောမယ်လို့ပြောပါတယ်။ အခုတော့ အကြောင်းမပြန်သေးဘူး။ ကျွန်တော်တို့အထင်ကတော့ မြင်မျှစ်ကို ပိုပြီးတော့အားသာတယ်။ သူတို့သဘောကျ တာလည်း အနီရောင်ကိုပိုပြီးသ ဘောကျတာ။ လာတဲ့ကိုယ်စားလှယ်အဖွဲ့ကို သူတို့ ရှေ့မှာတင် မျှစ်ကိုချိုးပြတယ်။ ချိုးပြီး ပြုတ်ပြတယ်။ ရေလည်းဒီအတိုင်းပဲ။ အဲဒီမှာ အရောင်တက်လာတာ မြင်မျှစ်ရဲ့သဘာဝလေ။ အဲဒါလေးလုပ်ပြ တော့ သဘောကျသွားတယ်။ အကုန်စစ်ပြီးရင်တော့ ပြန်လာမှာပေါ့။ သူတို့မျက်စိရှေ့တင် နှိုင်းယှဉ်ပြီးတော့ ပြုတ် ပြလိုက်တယ်။ အဲဒီချိန် မြင်မျှစ်ကတော့ အရောင်လေးက အရဲရောင်ဖြစ်သွားတော့ ဒါကို သဘောကျတဲ့ပုံစံ ပြောသွားတယ်။ ညှိနေတာမပြီးသေးဘူး။ မျှစ်အစို တင်သွင်းဖို့အတွက် နန်နင်းကနေပြီးတော့ လာ ရောက်ညှိနှိုင်းဖို့ရှိပါ တယ်”ဟု ဦးသူရိန်ထွန်းက NP News သို့ပြောသည်။
လက်ရှိတွင် မျှစ်ပြုတ်တင်ပို့ရန် ညှိနှိုင်းနေ ဆဲသာဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ မြင်မျှစ်ပြုတ်ကို ပိုမိုစိတ်ဝင် စားနေပြီး တန်ချိန်အများအပြား ဝယ်လို အားရှိနိုင်ကြောင်းလည်း ဦးသူရိန်ထွန်းက ခန့်မှန်းထားသည်။
သို့သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားထား သည့်အတွက် ဝယ်လိုအား၏(၇၀) ရာခိုင်နှုန်းကိုသာ တင်ပို့မည်ဖြစ်ကြောင်းသိရသည်။
“မျှစ်အစိုတင်သွင်းဖို့အတွက် နန်နင်းက နေပြီးတော့ လာရောက်ညှိနှိုင်းဖို့ရှိပါတယ်။ ညှိနေတာ မပြီးသေးဘူး။ ကျွန်တော်တို့ကတော့ (၅)နှစ် စာချုပ် ချုပ်ပြီးတင်ပို့မှာပေါ့နော်။ သူတို့ဆီကလည်း ကိုယ်စား လှယ်ပဲလာသေးတယ်။ လုပ်ငန်းရှင်ဆင်းလာဖို့ရှိတယ်။ ကျွန်တော်တို့ကတော့ (၅)နှစ်စာချုပ်ချုပ်ပြီး တင်ပို့မှာပေါ့နော်။ သူတို့ဆီကလည်း ကိုယ်စားလှယ်ပဲ လာသေးတယ်။ လုပ်ငန်းရှင်ဆင်းလာဖို့ရှိတယ်။ သူဘာကိုလိုချင်တာလဲမသိသေးဘူး။ သူတို့လိုချင် တာကို ပြန်ပြီး ကုန်ချိန်ဘယ်လောက်ပို့နိုင်မလဲကြည့်ရမှာပေါ့။ သူတို့ကတော့ များများစားစားလိုချင်တာ။ တန် ချိန်များ တယ်။ ကျွန်တော်တို့ဆီက ပို့နိုင်မယ့်အမျိုးအစားနဲ့ အရည်အသွေးနဲ့ပြန်စစ်ဦးမယ်လို့လည်းပြောတယ်။ တန်ချိန်အများ ကြီးမှာလို့ ဈေးကိုက်ရင်လည်း ဝါးပင်အများကြီးဆုံးရှုံးမှာလည်း ကျွန်တော်စိုးရိမ်တယ်။ ချိန်ဆပြီးတော့ သူတို့သာ တန်ချိန် (၁၀ဝ) မှာမယ်ဆိုရင် (၁၀ဝ)ပို့နိုင်တယ်။ ဒါပေမဲ့ (၇၀)လောက်ပဲပို့မယ်။ ဈေးကောင်းရလို့ရောင်းကြရင် သဘာဝ ကိုထိန်းကြမှာမဟုတ်တော့ဘူး။ အဲဒါလေး လည်းစိုးရိမ်တယ်။ သူတို့မှာတာရဲ့ (၇၀)ရာခိုင် နှုန်းလောက်ပဲပို့မှာ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
တ႐ုတ္သို႔ မွ်စ္ျပဳတ္တင္ပို႔ရန္ ညႇိႏႈိင္းေနၿပီး ဝယ္လိုအားေၾကာင့္ ဝါးပင္မ်ား မပ်က္စီးေစရန္ ထိန္းေရာင္းမည္ ဟုဆို
Pearl(NP News)-ေအာက္တိုဘာ ၁၂
တ႐ုတ္သို႔ မွ်စ္ျပဳတ္တင္ပို႔ရန္ညႇိႏႈိင္းေနၿပီး ဝယ္လိုအားရွိေသာ္လည္း ဝါးပင္မ်ားမပ်က္စီးေစရန္ (၇၀)ရာခိုင္ႏႈန္း ကိုသာတင္ပို႔မည္ျဖစ္ေၾကာင္း မွ်စ္ ႏွင့္ဝါးစိုက္ပ်ိဳးထုတ္လုပ္သူအသင္း ဥကၠ႒ ဦးသူရိန္ ထြန္းထံ NP News မွ ဆက္ သြယ္ေမး ျမန္းထားခ်က္မ်ားအရသိရသည္။
မွ်စ္ျပဳတ္ကို တ႐ုတ္သို႔တင္ပို႔ႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံဘက္မွကိုယ္စားလွယ္မ်ားလာေရာက္ စဥ္က မွ်စ္ႏွင့္ ဝါးစိုက္ပ်ိဳးထုတ္လုပ္သူအသင္းအေနျဖင့္ ဝါးပိုးမွ်စ္ျပဳတ္ႏွင့္ ျမင္မွ်စ္ျပဳတ္အပါအဝင္ မွ်စ္ျပဳတ္(၅)မ်ိဳးကို နမူနာ အျဖစ္ျပသခဲ့ေၾကာင္းသိရသည္။
“တစ္မ်ိဳးကို အခ်ိန္(၁၀)စီေပးလိုက္ပါတယ္။ အဲဒီထဲကေ႐ြးၿပီး ျပန္ေျပာမယ္လို႔ေျပာပါတယ္။ အခုေတာ့ အေၾကာင္းမျပန္ေသးဘူး။ ကြၽန္ေတာ္တို႔အထင္ကေတာ့ ျမင္မွ်စ္ကို ပိုၿပီးေတာ့အားသာတယ္။ သူတို႔သေဘာက် တာလည္း အနီေရာင္ကိုပိုၿပီးသ ေဘာက်တာ။ လာတဲ့ကိုယ္စားလွယ္အဖြဲ႕ကို သူတို႔ ေရွ႕မွာတင္ မွ်စ္ကိုခ်ိဳးျပတယ္။ ခ်ိဳးၿပီး ျပဳတ္ျပတယ္။ ေရလည္းဒီအတိုင္းပဲ။ အဲဒီမွာ အေရာင္တက္လာတာ ျမင္မွ်စ္ရဲ႕သဘာဝေလ။ အဲဒါေလးလုပ္ျပ ေတာ့ သေဘာက်သြားတယ္။ အကုန္စစ္ၿပီးရင္ေတာ့ ျပန္လာမွာေပါ့။ သူတို႔မ်က္စိေရွ႕တင္ ႏႈိင္းယွဥ္ၿပီးေတာ့ ျပဳတ္ ျပလိုက္တယ္။ အဲဒီခ်ိန္ ျမင္မွ်စ္ကေတာ့ အေရာင္ေလးက အရဲေရာင္ျဖစ္သြားေတာ့ ဒါကို သေဘာက်တဲ့ပုံစံ ေျပာသြားတယ္။ ညႇိေနတာမၿပီးေသးဘူး။ မွ်စ္အစို တင္သြင္းဖို႔အတြက္ နန္နင္းကေနၿပီးေတာ့ လာ ေရာက္ညႇိႏႈိင္းဖို႔ရွိပါ တယ္”ဟု ဦးသူရိန္ထြန္းက NP News သို႔ေျပာသည္။
လက္ရွိတြင္ မွ်စ္ျပဳတ္တင္ပို႔ရန္ ညႇိႏႈိင္းေန ဆဲသာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံဘက္မွ ျမင္မွ်စ္ျပဳတ္ကို ပိုမိုစိတ္ဝင္ စားေနၿပီး တန္ခ်ိန္အမ်ားအျပား ဝယ္လို အားရွိႏိုင္ေၾကာင္းလည္း ဦးသူရိန္ထြန္းက ခန႔္မွန္းထားသည္။
သို႔ေသာ္လည္း သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းႏိုင္ေရးအတြက္လည္း ထည့္သြင္းစဥ္းစားထား သည့္အတြက္ ဝယ္လိုအား၏(၇၀) ရာခိုင္ႏႈန္းကိုသာ တင္ပို႔မည္ျဖစ္ေၾကာင္းသိရသည္။
“မွ်စ္အစိုတင္သြင္းဖို႔အတြက္ နန္နင္းက ေနၿပီးေတာ့ လာေရာက္ညႇိႏႈိင္းဖို႔ရွိပါတယ္။ ညႇိေနတာ မၿပီးေသးဘူး။ ကြၽန္ေတာ္တို႔ကေတာ့ (၅)ႏွစ္ စာခ်ဳပ္ ခ်ဳပ္ၿပီးတင္ပို႔မွာေပါ့ေနာ္။ သူတို႔ဆီကလည္း ကိုယ္စား လွယ္ပဲလာေသးတယ္။ လုပ္ငန္းရွင္ဆင္းလာဖို႔ရွိတယ္။ ကြၽန္ေတာ္တို႔ကေတာ့ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ၿပီး တင္ပို႔မွာေပါ့ေနာ္။ သူတို႔ဆီကလည္း ကိုယ္စားလွယ္ပဲ လာေသးတယ္။ လုပ္ငန္းရွင္ဆင္းလာဖို႔ရွိတယ္။ သူဘာကိုလိုခ်င္တာလဲမသိေသးဘူး။ သူတို႔လိုခ်င္ တာကို ျပန္ၿပီး ကုန္ခ်ိန္ဘယ္ေလာက္ပို႔ႏိုင္မလဲၾကည့္ရမွာေပါ့။ သူတို႔ကေတာ့ မ်ားမ်ားစားစားလိုခ်င္တာ။ တန္ ခ်ိန္မ်ား တယ္။ ကြၽန္ေတာ္တို႔ဆီက ပို႔ႏိုင္မယ့္အမ်ိဳးအစားနဲ႔ အရည္အေသြးနဲ႔ျပန္စစ္ဦးမယ္လို႔လည္းေျပာတယ္။ တန္ခ်ိန္အမ်ား ႀကီးမွာလို႔ ေဈးကိုက္ရင္လည္း ဝါးပင္အမ်ားႀကီးဆုံးရႈံးမွာလည္း ကြၽန္ေတာ္စိုးရိမ္တယ္။ ခ်ိန္ဆၿပီးေတာ့ သူတို႔သာ တန္ခ်ိန္ (၁၀ဝ) မွာမယ္ဆိုရင္ (၁၀ဝ)ပို႔ႏိုင္တယ္။ ဒါေပမဲ့ (၇၀)ေလာက္ပဲပို႔မယ္။ ေဈးေကာင္းရလို႔ေရာင္းၾကရင္ သဘာဝ ကိုထိန္းၾကမွာမဟုတ္ေတာ့ဘူး။ အဲဒါေလး လည္းစိုးရိမ္တယ္။ သူတို႔မွာတာရဲ႕ (၇၀)ရာခိုင္ ႏႈန္းေလာက္ပဲပို႔မွာ” ဟု ၎က ဆက္လက္ေျပာသည္။