ဆားကွင်းလုပ်သားရှားပါးမှုနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဆားဈေးတက်နေ

 196

သန့်ဇင် (NP News)-အောက်တိုဘာ ၁၂
ဆားကွင်းလုပ်သားရှားပါးမှုနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဆားဈေးမြင့်တက်နေ ခြင်းဖြစ် ကြောင်း ဆားလုပ်ငန်းရှင်တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် နောက်ဆုံးလ ပိုင်းနှင့် (၂၀၂၅) ခုနှစ်အစောပိုင်းကာလများတွင် ဆားကွင်းလုပ်သားလို အပ်ချက်ကြောင့် ကောင်းစွာ ဆားသိုလှောင်ခွင့်မရသည့်အတွက် ဆားဂိုထောင်မှ ထွက်သည့် ဆားကြမ်းတစ်ပိဿာလျှင် ကျပ် (၂၈၀) အထိဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။ “ကျွန်တော်တို့ကွင်းတွေမှာ ဆားထမ်းလုပ်သားမရှိတဲ့အတွက် ကွင်းထဲမှာ ဆားတွေကျန်နေခဲ့တယ်။ မထမ်းနိုင်ဘူး။ အဲဒီမှာ ဆားက လိုတဲ့အတိုင်းအတာ မရနိုင်တော့ဘူး။ အဲဒါ (၂၀၂၅)ပေါ့နော်။ အဲဒီမှာ ဆားအဝင် နည်းသွားပြီး ဆားခွက်ထဲမှာပဲရှိတယ်။ ဂိုထောင်ထဲကို မရောက်နိုင်တဲ့အတွက် ရောင်းဖို့ဆားက ဆားကွင်း ပိုင်ရှင်တွေက ရောင်းဖို့က ဂိုထောင်ထဲရောက်မှရောင်း ရမှာဖြစ်တဲ့အတွက် ကျုံးပေးတဲ့ အလုပ်သမားမရှိလို့ ဆားကိုအများကြီး မရောင်းပေးနိုင်ဘူး။ ရာသီက လည်းပွင့်လင်းရာသီဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဆားကလည်း လိုအပ်ချက်ဖြစ်လာတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့နော်။ အဲဒီမှာ ဆားမရဘူးဆိုရင် ကျပ်(၁၈၀)ပေးမယ်။ နောက် ကျပ် (၁၈၀) မရတော့ ဘူးဆိုရင် ကျပ်(၂၀ဝ)နဲ့ရောင်း အဲဒီလိုဖြစ်ကုန်တယ်။ (၂၀၂၅)နှစ် စမှာပဲဈေးတက်ပြီးတော့ (၂၀ဝ)တန်း ဖြစ်တာပဲ”ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့နောက် (၂၀၂၅) ခုနှစ် ဧပြီလသို့ရောက် လာသောအခါ ဈေးကွက်အတွင်းသို့ ဆားဝင်ရောက် မှုနည်းပါး နေသည့်ကြားမှ အချိန်အခါမဟုတ် ရွာသွန်းလာသည့်မိုးကြောင့် ဆားကွင်းများ ရေနစ်မြုပ်ရာမှ ပြည်တွင်းဆားလို အပ်ချက် များစွာဖြစ်ပေါ်ခဲ့ရာ ဂိုထောင်ဆားဈေး တစ်ပိဿာလျှင် ငွေကျပ် (၁၀ဝဝ) အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“နောက်ဆုံးကျတော့ ဘာဖြစ်သွားလဲဆို တော့ ကျွန်တော်တို့တစ်ခါမှမကြုံဖူးတဲ့ရာသီဥတု စိန် ခေါ်မှုကို (၂၀၂၅) ခုနှစ် ဧပြီလ(၁၁)ရက်မှာ သင်္ကြန် လက်ဆေးမိုးလို့ခေါ်ရမှာပေါ့။ အဲဒီမိုးက သင်္ကြန်လက် ဆေးမိုးလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့အတွက် ကွင်းသိမ်းမိုးဖြစ်သွားတယ်။ တစ်ခါတည်း ကွင်းအားလုံး သိမ်းရတယ်။ မွန်ပြည်နယ်မှာ ရှိတဲ့ဆားကွင်းတွေ အားလုံးပဲ။ အဲဒီမိုးဟာ ဧပြီလ (၁၁)ရက်က ရွာလိုက်တာ တစ်လလုံး မေလမုတ်သုံဝင်တဲ့အထိကို ရွာပစ်လိုက်တော့ ဆားတွေမရှိတော့ ဆားတွေပြတ်ကုန်တာ။ မိုးရွာလိုက်တော့ ဆားကမျောကုန်တာ။ အဲဒါကြောင့် ဆားဈေးတွေက သင်္ကြန်အလွန်တော့ သိမ်းပြီးတာနဲ့ (၅၀ဝ)အထိတန်းဖြစ်တာပဲ။ အဲဒီကနေ ဆားမရှိတာနဲ့ ဆင့်ကဲဆင့် ကဲတက်လာရင်းနဲ့ ဆားကြမ်းဈေးက (၁၀ဝဝ)အထိဖြစ်သွားတာ။ အဲဒီမိုးက ဧရာဝတီတိုင်း ကဆားကွင်းတွေအထိပါ ရိုက်ခတ်သွားတယ်”ဟု ၎င်းကဆက်ပြောသည်။
တစ်နိုင်ငံလုံး ဆားထုတ်လုပ်မှု၏ (၆၆) ရာခိုင်နှုန်းခန့်ကို ဧရာဝတီတိုင်းဒေသကြီးကထုတ် လုပ်ပေးနေပြီး (၃၄) ရာခိုင်နှုန်းခန့်ကို ရခိုင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် ထုတ်လုပ်ကြောင်းသိရသည်။ သို့သော်လည်း ဈေးကွက်အတွင်း ဆားလိုအပ်ချက်မြင့် မားနေသည့်ကြားမှ ဆားကွင်းလုပ်သားလို အပ်ချက်နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် လက်ရှိ ဆားဂိုထောင်အများစုတွင် လက်ကျန်ဆား မရှိသည့် အခြေအနေသို့ရောက်ရှိနေကြောင်းသိရသည်။
“ဧရာဝတီတိုင်းလည်း ကျွန်တော်တို့လိုပဲ ဧပြီလ(၁၂)ရက်က ကွင်းသိမ်းမိုးဖြစ်သွားတော့ သူတို့ မှာလည်းဆား မရှိတော့ဘူး။ နောက်တစ်ခုက မတ်လ (၁၅)ရက်မှာလည်း ကွင်းတွေမြုပ်အောင် မိုးရွာလိုက် တဲ့အတွက် ဆားမရှိဘူး။ ဧရာဝတီတိုင်းလည်း ဆားမရှိသလို မွန်ပြည်နယ်လည်း ဆားမရှိဖြစ်သွားတယ်။ အဓိကကတော့ လုပ်သားလိုအပ်ချက်နဲ့ ရာသီဥတု ကြောင့် ပိုပြီးဆားဈေးမြင့်တက်နေတာ။ ဆားဈေးကို တင်ချင်လို့တင်တာမဟုတ်ဘဲ အဲဒီလိုဖြစ်သွားတာ” ဟု အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
အထက်ပါအကြောင်းအရင်းများကြောင့် အိမ်သုံးဆားကြမ်းဈေးကွက်တွင်လည်း တစ်ပိဿာ လျှင် ငွေကျပ် (၁၅၀ဝ)အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

Zawgyi Version:
ဆားကြင္းလုပ္သားရွားပါးမႈႏွင့္ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေၾကာင့္ ဆားေဈးတက္ေန
သန႔္ဇင္ (NP News)-ေအာက္တိုဘာ ၁၂
ဆားကြင္းလုပ္သားရွားပါးမႈႏွင့္ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေၾကာင့္ ဆားေဈးျမင့္တက္ေန ျခင္းျဖစ္ ေၾကာင္း ဆားလုပ္ငန္းရွင္တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ေနာက္ဆုံးလ ပိုင္းႏွင့္ (၂၀၂၅) ခုႏွစ္အေစာပိုင္းကာလမ်ားတြင္ ဆားကြင္းလုပ္သားလို အပ္ခ်က္ေၾကာင့္ ေကာင္းစြာ ဆားသိုေလွာင္ခြင့္မရသည့္အတြက္ ဆားဂိုေထာင္မွ ထြက္သည့္ ဆားၾကမ္းတစ္ပိႆာလွ်င္ က်ပ္ (၂၈၀) အထိေဈးျမင့္တက္ခဲ့ေၾကာင္းသိရသည္။ “ကြၽန္ေတာ္တို႔ကြင္းေတြမွာ ဆားထမ္းလုပ္သားမရွိတဲ့အတြက္ ကြင္းထဲမွာ ဆားေတြက်န္ေနခဲ့တယ္။ မထမ္းႏိုင္ဘူး။ အဲဒီမွာ ဆားက လိုတဲ့အတိုင္းအတာ မရႏိုင္ေတာ့ဘူး။ အဲဒါ (၂၀၂၅)ေပါ့ေနာ္။ အဲဒီမွာ ဆားအဝင္ နည္းသြားၿပီး ဆားခြက္ထဲမွာပဲရွိတယ္။ ဂိုေထာင္ထဲကို မေရာက္ႏိုင္တဲ့အတြက္ ေရာင္းဖို႔ဆားက ဆားကြင္း ပိုင္ရွင္ေတြက ေရာင္းဖို႔က ဂိုေထာင္ထဲေရာက္မွေရာင္း ရမွာျဖစ္တဲ့အတြက္ က်ဳံးေပးတဲ့ အလုပ္သမားမရွိလို႔ ဆားကိုအမ်ားႀကီး မေရာင္းေပးႏိုင္ဘူး။ ရာသီက လည္းပြင့္လင္းရာသီျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ဆားကလည္း လိုအပ္ခ်က္ျဖစ္လာတယ္။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေပါ့ေနာ္။ အဲဒီမွာ ဆားမရဘူးဆိုရင္ က်ပ္(၁၈၀)ေပးမယ္။ ေနာက္ က်ပ္ (၁၈၀) မရေတာ့ ဘူးဆိုရင္ က်ပ္(၂၀ဝ)နဲ႔ေရာင္း အဲဒီလိုျဖစ္ကုန္တယ္။ (၂၀၂၅)ႏွစ္ စမွာပဲေဈးတက္ၿပီးေတာ့ (၂၀ဝ)တန္း ျဖစ္တာပဲ”ဟု ဆားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ထို႔ေနာက္ (၂၀၂၅) ခုႏွစ္ ဧၿပီလသို႔ေရာက္ လာေသာအခါ ေဈးကြက္အတြင္းသို႔ ဆားဝင္ေရာက္ မႈနည္းပါး ေနသည့္ၾကားမွ အခ်ိန္အခါမဟုတ္ ႐ြာသြန္းလာသည့္မိုးေၾကာင့္ ဆားကြင္းမ်ား ေရနစ္ျမဳပ္ရာမွ ျပည္တြင္းဆားလို အပ္ခ်က္ မ်ားစြာျဖစ္ေပၚခဲ့ရာ ဂိုေထာင္ဆားေဈး တစ္ပိႆာလွ်င္ ေငြက်ပ္ (၁၀ဝဝ) အထိ ျမင့္တက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“ေနာက္ဆုံးက်ေတာ့ ဘာျဖစ္သြားလဲဆို ေတာ့ ကြၽန္ေတာ္တို႔တစ္ခါမွမႀကဳံဖူးတဲ့ရာသီဥတု စိန္ ေခၚမႈကို (၂၀၂၅) ခုႏွစ္ ဧၿပီလ(၁၁)ရက္မွာ သၾကၤန္ လက္ေဆးမိုးလို႔ေခၚရမွာေပါ့။ အဲဒီမိုးက သၾကၤန္လက္ ေဆးမိုးလိုမဟုတ္ဘဲနဲ႔ ကြၽန္ေတာ္တို႔အတြက္ ကြင္းသိမ္းမိုးျဖစ္သြားတယ္။ တစ္ခါတည္း ကြင္းအားလုံး သိမ္းရတယ္။ မြန္ျပည္နယ္မွာ ရွိတဲ့ဆားကြင္းေတြ အားလုံးပဲ။ အဲဒီမိုးဟာ ဧၿပီလ (၁၁)ရက္က ႐ြာလိုက္တာ တစ္လလုံး ေမလမုတ္သုံဝင္တဲ့အထိကို ႐ြာပစ္လိုက္ေတာ့ ဆားေတြမရွိေတာ့ ဆားေတြျပတ္ကုန္တာ။ မိုး႐ြာလိုက္ေတာ့ ဆားကေမ်ာကုန္တာ။ အဲဒါေၾကာင့္ ဆားေဈးေတြက သၾကၤန္အလြန္ေတာ့ သိမ္းၿပီးတာနဲ႔ (၅၀ဝ)အထိတန္းျဖစ္တာပဲ။ အဲဒီကေန ဆားမရွိတာနဲ႔ ဆင့္ကဲဆင့္ ကဲတက္လာရင္းနဲ႔ ဆားၾကမ္းေဈးက (၁၀ဝဝ)အထိျဖစ္သြားတာ။ အဲဒီမိုးက ဧရာဝတီတိုင္း ကဆားကြင္းေတြအထိပါ ႐ိုက္ခတ္သြားတယ္”ဟု ၎ကဆက္ေျပာသည္။
တစ္ႏိုင္ငံလုံး ဆားထုတ္လုပ္မႈ၏ (၆၆) ရာခိုင္ႏႈန္းခန႔္ကို ဧရာဝတီတိုင္းေဒသႀကီးကထုတ္ လုပ္ေပးေနၿပီး (၃၄) ရာခိုင္ႏႈန္းခန႔္ကို ရခိုင္ျပည္နယ္ ႏွင့္မြန္ျပည္နယ္တို႔တြင္ ထုတ္လုပ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေဈးကြက္အတြင္း ဆားလိုအပ္ခ်က္ျမင့္ မားေနသည့္ၾကားမွ ဆားကြင္းလုပ္သားလို အပ္ခ်က္ႏွင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္းေၾကာင့္ လက္ရွိ ဆားဂိုေထာင္အမ်ားစုတြင္ လက္က်န္ဆား မရွိသည့္ အေျခအေနသို႔ေရာက္ရွိေနေၾကာင္းသိရသည္။
“ဧရာဝတီတိုင္းလည္း ကြၽန္ေတာ္တို႔လိုပဲ ဧၿပီလ(၁၂)ရက္က ကြင္းသိမ္းမိုးျဖစ္သြားေတာ့ သူတို႔ မွာလည္းဆား မရွိေတာ့ဘူး။ ေနာက္တစ္ခုက မတ္လ (၁၅)ရက္မွာလည္း ကြင္းေတြျမဳပ္ေအာင္ မိုး႐ြာလိုက္ တဲ့အတြက္ ဆားမရွိဘူး။ ဧရာဝတီတိုင္းလည္း ဆားမရွိသလို မြန္ျပည္နယ္လည္း ဆားမရွိျဖစ္သြားတယ္။ အဓိကကေတာ့ လုပ္သားလိုအပ္ခ်က္နဲ႔ ရာသီဥတု ေၾကာင့္ ပိုၿပီးဆားေဈးျမင့္တက္ေနတာ။ ဆားေဈးကို တင္ခ်င္လို႔တင္တာမဟုတ္ဘဲ အဲဒီလိုျဖစ္သြားတာ” ဟု အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
အထက္ပါအေၾကာင္းအရင္းမ်ားေၾကာင့္ အိမ္သုံးဆားၾကမ္းေဈးကြက္တြင္လည္း တစ္ပိႆာ လွ်င္ ေငြက်ပ္ (၁၅၀ဝ)အထိ ေဈးျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.