စက်သုံးဆီလုပ်ငန်းရှင်များ အတွက် အမေရိကန်ဒေါ်လာ သန်း(၃၀) ရောင်းချပေးမည်

 463

Pearl (NP News) - အောက်တိုဘာ ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များ အတွက် အမေရိကန်ဒေါ်လာ သန်း(၃၀) ရောင်းချပေးမည်ဖြစ်ကြောင်း ယမန်နေ့ (အောက်တိုဘာ ၈ရက်) က ထုတ်ပြန်ထား သည်။
ဗဟိုဘဏ်အနေဖြင့် ယမန်နေ့ က ဒေါ်လာနှုန်းထားကို (၃၆၃၃) ကျပ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန် ဒေါ်လာ ၁,၈၇၂,၅၃၇.၅ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ လည်းကောင်း ၊ အမေရိကန် ဒေါ်လာ ၅၃၀,၂၉၆.၅၄ အား စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါး နှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေး ပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ ၊ သံမဏိ ၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှနိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
စက္သုံးဆီလုပ္ငန္းရွင္မ်ား အတြက္ အေမရိကန္ေဒၚလာ သန္း(၃၀) ေရာင္းခ်ေပးမည္
Pearl (NP News) - ေအာက္တိုဘာ ၉
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီလုပ္ငန္းရွင္မ်ား အတြက္ အေမရိကန္ေဒၚလာ သန္း(၃၀) ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ယမန္ေန႔ (ေအာက္တိုဘာ ၈ရက္) က ထုတ္ျပန္ထား သည္။
ဗဟိုဘဏ္အေနျဖင့္ ယမန္ေန႔ က ေဒၚလာႏႈန္းထားကို (၃၆၃၃) က်ပ္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ဗဟိုဘဏ္မွ CMP ကုမၸဏီမ်ားထံမွ ဝယ္ယူထားသည့္ ႏိုင္ငံျခားေငြမ်ားအနက္ အေမရိကန္ ေဒၚလာ ၁,၈၇၂,၅၃၇.၅ အား စားသုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားသို႔ လည္းေကာင္း ၊ အေမရိကန္ ေဒၚလာ ၅၃၀,၂၉၆.၅၄ အား စက္သုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားသို႔ လည္းေကာင္း ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
FX Trading တြင္ ေပါင္းသတ္ေဆး၊ ဓာတ္ေျမၾသဇာ၊ ကတၱရာ၊ ေဆးဝါး ႏွင့္ ေဆးဝါးကုန္ၾကမ္းပစၥည္း၊ စက္မႈကုန္ၾကမ္း၊ ေဆာက္လုပ္ေရး ပစၥည္း၊ ကား/ဆိုင္ကယ္အပိုပစၥည္း၊ ဆက္သြယ္ေရးပစၥည္း၊ တိရစာၦန္အစာ၊ ထုပ္ပိုးပစၥည္းမ်ား ၊ သံမဏိ ၊စိုက္ပ်ိဳးေရးလုပ္ငန္းသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ စားသုံးကုန္စည္တင္သြင္းသည့္ Importer မ်ားမွႏိုင္ငံျခားေငြ ဝယ္ယူရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.