ကမ္ဘာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ (၄၀၀၀)ကျော်အထိဆက်လက်မြင့်တက်

222

NP News အောက်တိုဘာ ၈
အမေရိကန်နိုင်ငံ မှဖက်ဒရယ်အသုံးစရိတ်ဖြတ်တောက်မှုများကြောင့် ကမ္ဘာရွှေဈေးမှာ ဆက်တိုက်မြင့်တက်နေပြီး ရွှေတစ်အောင်စလျှင် (၄၀၃၀)ဒေါ်လာအထိရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်းသက်ရောက်မှုရှိနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၂)သိန်းအထိ ပေါက်ဈေးများဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း မှရည်ညွန်းသတ်မှတ်ဈေးမှာ (၅၉၉၀၀၀၀) ကျပ်သတ်မှတ်ထားသော်လည်း ယင်းဈေးဖြင့်အရောင်းအဝယ်ပြုလုပ်သူနည်းပါးသည်။
ပြင်သစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဂျပန်အစိုးရ၏ ငွေချေး စာချုပ် မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ချက်၊ လက်ရှိဖြစ်ပေါ်နေသော အမေရိကန်အစိုးရ၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခြင်းများသည် ကမ္ဘာ့ရွှေဈေးတက်လာစေခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်းသိရသည်။
ခိုင်မာ၍ လုံခြုံစိတ်ချရသော ရွှေကို ဝယ်ယူလာသည့် ဝယ်လိုအားနှင့် ဒေါ်လာဈေး ကျဆင်းမှုတို့ကြောင့် ကမ္ဘာ့ရွှေဈေးမှာ ယခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်းထိ တိုးလာခဲ့ပြီး ပြီးခဲ့သည့် မတ်လအစက တအောင်စလျှင် ဒေါ်လာ ၃၀၀၀ ကျော်မှ စက်တင်ဘာလတွင် တအောင်စလျှင် ၃၈၀၀ အထိ ရောက်ရှိခဲ့ကြောင်း၊ ယခု အောက်တိုဘာဒုတိယပတ်၌ ၄၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း သိရသည်။
ရွှေဈေးနှုန်းသည် နှစ်ကုန်တွင် တအောင်စလျှင် အမေရိကန်ဒေါ်လာ ၄၂၀၀ ရှိလာနိုင်ကြောင်း UBS (Union Bank of Switzerland) မှ ကျွမ်းကျင်သူများက ခန့်မှန်းထားပြီး အခြားသော အဖိုးတန်သတ္တု တန်ဖိုးများလည်း လိုက်၍ တက်လာနိုင်ကြောင်းသိရသည်။

Zawgyi Version:
ကမာၻေ႐ႊေဈး တစ္ေအာင္စလွ်င္ ေဒၚလာ (၄၀၀၀)ေက်ာ္အထိဆက္လက္ျမင့္တက္
NP News ေအာက္တိုဘာ ၈
အေမရိကန္ႏိုင္ငံ မွဖက္ဒရယ္အသုံးစရိတ္ျဖတ္ေတာက္မႈမ်ားေၾကာင့္ ကမာၻေ႐ႊေဈးမွာ ဆက္တိုက္ျမင့္တက္ေနၿပီး ေ႐ႊတစ္ေအာင္စလွ်င္ (၄၀၃၀)ေဒၚလာအထိေရာက္ရွိလာေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္းသက္ေရာက္မႈရွိေနၿပီး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၂)သိန္းအထိ ေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း မွရည္ၫြန္းသတ္မွတ္ေဈးမွာ (၅၉၉၀၀၀၀) က်ပ္သတ္မွတ္ထားေသာ္လည္း ယင္းေဈးျဖင့္အေရာင္းအဝယ္ျပဳလုပ္သူနည္းပါးသည္။
ျပင္သစ္တြင္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ ဂ်ပန္အစိုးရ၏ ေငြေခ်း စာခ်ဳပ္ ျမင့္တက္လာျခင္းေၾကာင့္ ေငြေၾကးေဖာင္းပြမႈအေပၚ စိုးရိမ္ခ်က္၊ လက္ရွိျဖစ္ေပၚေနေသာ အေမရိကန္အစိုးရ၏ လုပ္ငန္းလည္ပတ္မႈ ရပ္ဆိုင္းျခင္းမ်ားသည္ ကမာၻ႔ေ႐ႊေဈးတက္လာေစျခင္း၏ အဓိက အေၾကာင္းအရင္းျဖစ္ေၾကာင္းသိရသည္။
ခိုင္မာ၍ လုံၿခဳံစိတ္ခ်ရေသာ ေ႐ႊကို ဝယ္ယူလာသည့္ ဝယ္လိုအားႏွင့္ ေဒၚလာေဈး က်ဆင္းမႈတို႔ေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ ယခုႏွစ္အတြင္း ၅၀ ရာခိုင္ႏႈန္းထိ တိုးလာခဲ့ၿပီး ၿပီးခဲ့သည့္ မတ္လအစက တေအာင္စလွ်င္ ေဒၚလာ ၃၀၀၀ ေက်ာ္မွ စက္တင္ဘာလတြင္ တေအာင္စလွ်င္ ၃၈၀၀ အထိ ေရာက္ရွိခဲ့ေၾကာင္း၊ ယခု ေအာက္တိုဘာဒုတိယပတ္၌ ၄၀၀၀ ေက်ာ္အထိ ျမင့္တက္လာေၾကာင္း သိရသည္။
ေ႐ႊေဈးႏႈန္းသည္ ႏွစ္ကုန္တြင္ တေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၄၂၀၀ ရွိလာႏိုင္ေၾကာင္း UBS (Union Bank of Switzerland) မွ ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားၿပီး အျခားေသာ အဖိုးတန္သတၱဳ တန္ဖိုးမ်ားလည္း လိုက္၍ တက္လာႏိုင္ေၾကာင္းသိရသည္။