ရွှေဈေးကျရိပ်ပြသော်လည်းအမြင့်ဈေးဖြင့်ရပ်တန့်နေ

409

ပြည့်ဖြိုး(NP News) အောက်တိုဘာ ၃၀
အမေရိကန်နှင့်တရုတ်တို့ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှု အတွက် သဘောတူညီချက်များ ထွက်ပေါ်ခဲ့ကြောင်းသတင်းများထွက်နေသော်လည်း ကမ္ဘာ့ရွှေဈေးသည်ဈေးဆက်လက်ကျဆင်းခြင်းမရှိ ဘဲအမြင့်ဈေးဖြင့်ရပ်တန့်နေကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။
“ကမ္ဘာရွှေဈေးကကျမလိုလိုနဲ့ ဈေးအမြင့်ပိုင်းမှာရပ်နေတော့ ပြည်တွင်းရွှေဈေးလည်း မကျသေးဘူး။နိုင်ငံ တကာအခြေအနေတွေ အပြောင်းအလဲတွေပေါ်မှာမူတည်နေတယ်။ပြည်တွင်းရွှေဈေးကွက်ကတော့ တည်တည်ငြိမ်ငြိမ်ရှိပါတယ်” ဟု ဝါရင့်ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယခုတစ်ပါတ် ရွှေဈေးကွက်ဖွင့်ချိန်မှစတင်ကာ ရွှေဈေးများပြန်လည်ကျဆင်းလာခဲ့သော်လည်း ယခုရက်ပိုင်း အတွင်းဆက်လက်ကျဆင်းခြင်းမရှိဘဲ ရွှေတစ်အောင်စလျှင် (၃၉၅၀) ဒေါ်လာဝန်းကျင်ဖြင့်တည်ငြိမ်နေခြင်းဖြစ်သည်။
“ကမ္ဘာရွှေဈေးတန်းက လက်ရှိပေါက်ဈေးဟာ တော်တော်လေးဈေးမြင့်တဲ့အနေအထားပါ။ဆက်ပြီးဈေးကျ မကျကိုဘယ်သူမှမခန့်မှန်းနိုင်ဘူးလေ။ပြည်တွင်းရွှေဈေးကတော့ သိန်း(၈၀) အထက်မှာဘဲရှိနေဦးမယ်”ဟု ရွှေဘုံသာလမ်းမှရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
အောက်တိုဘာ (၃၀)ရက်နေ့ပြည်တွင်းရွှေပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၃)သိန်းရှစ်သောင်းဝန်းကျင်ရှိပြီး၊ အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၇၀)ကျပ် ခန့်ပေါက်ဈေးရှိကြောင်းဈေးကွက်အတွင်းမှသိရသည်။

Zawgyi Version:
ေ႐ႊေဈးက်ရိပ္ျပေသာ္လည္းအျမင့္ေဈးျဖင့္ရပ္တန႔္ေန
ျပည့္ၿဖိဳး(NP News) ေအာက္တိုဘာ ၃၀
အေမရိကန္ႏွင့္တ႐ုတ္တို႔ ႏွစ္ႏိုင္ငံကုန္သြယ္ေရးဆိုင္ရာ ေဆြးေႏြးမႈ အတြက္ သေဘာတူညီခ်က္မ်ား ထြက္ေပၚခဲ့ေၾကာင္းသတင္းမ်ားထြက္ေနေသာ္လည္း ကမာၻ႔ေ႐ႊေဈးသည္ေဈးဆက္လက္က်ဆင္းျခင္းမရွိ ဘဲအျမင့္ေဈးျဖင့္ရပ္တန႔္ေနေၾကာင္း ေ႐ႊေဈးကြက္အတြင္းမွသိရသည္။
“ကမာၻေ႐ႊေဈးကက်မလိုလိုနဲ႔ ေဈးအျမင့္ပိုင္းမွာရပ္ေနေတာ့ ျပည္တြင္းေ႐ႊေဈးလည္း မက်ေသးဘူး။ႏိုင္ငံ တကာအေျခအေနေတြ အေျပာင္းအလဲေတြေပၚမွာမူတည္ေနတယ္။ျပည္တြင္းေ႐ႊေဈးကြက္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ရွိပါတယ္” ဟု ဝါရင့္ေ႐ႊလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
ယခုတစ္ပါတ္ ေ႐ႊေဈးကြက္ဖြင့္ခ်ိန္မွစတင္ကာ ေ႐ႊေဈးမ်ားျပန္လည္က်ဆင္းလာခဲ့ေသာ္လည္း ယခုရက္ပိုင္း အတြင္းဆက္လက္က်ဆင္းျခင္းမရွိဘဲ ေ႐ႊတစ္ေအာင္စလွ်င္ (၃၉၅၀) ေဒၚလာဝန္းက်င္ျဖင့္တည္ၿငိမ္ေနျခင္းျဖစ္သည္။
“ကမာၻေ႐ႊေဈးတန္းက လက္ရွိေပါက္ေဈးဟာ ေတာ္ေတာ္ေလးေဈးျမင့္တဲ့အေနအထားပါ။ဆက္ၿပီးေဈးက် မက်ကိုဘယ္သူမွမခန႔္မွန္းႏိုင္ဘူးေလ။ျပည္တြင္းေ႐ႊေဈးကေတာ့ သိန္း(၈၀) အထက္မွာဘဲရွိေနဦးမယ္”ဟု ေ႐ႊဘုံသာလမ္းမွေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
ေအာက္တိုဘာ (၃၀)ရက္ေန႔ျပည္တြင္းေ႐ႊေပါက္ေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၃)သိန္းရွစ္ေသာင္းဝန္းက်င္ရွိၿပီး၊ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၇၀)က်ပ္ ခန႔္ေပါက္ေဈးရွိေၾကာင္းေဈးကြက္အတြင္းမွသိရသည္။