အခြေခံရည်ညွန်းစပါးဈေး ဆယ့်တစ်သိန်းငါးသောင်း သတ်မှတ်

373

NP News - နိုဝင်ဘာ ၁
စပါးတင်းတစ်ရာလျှင် ဆယ့်တစ်သိန်းတစ်သောင်း အခြေခံစပါးပေါက်ဈေး အဖြစ်သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်လိုက် ကြောင်း သိရသည်။
ယင်းစပါးဈေးမှာအစိုဓါတ် ၁၄ ရာခိုင်နှုန်းရှိသည့် အလေးချိန် ၄၆ ပေါင် ခဲ၊သလဲ၊အမှိုက်ကင်းစင်သော စံချိန်စံညွှန်း ပြည့်မှီသည့် စပါးများဖြစ်ရမည်ဖြစ်ပြီး တောင်သူလယ်သမားများအတွက် တွက်ချေကိုက်မည့် အခြေခံဈေးနှုန်းဖြစ် ကြောင်း သိရသည်။
ဈေးကွက်ပေါက်ဈေးသည် အခြေခံစပါးဈေးအထက်တွင် ရှိပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး အခြေခံစပါးဈေးအောက်တွင်ရောက်ရှိနေပါက အခြေခံစပါးဈေးအတိုင်းသာ ဝယ်ယူရမည်ဟု သိရသည်။
ယခုသတ်မှတ်သည် အခြေခံစပါးပေါက်ဈေးသည် ၂၀၂၅ ခုနှစ် မိုးစပါး နှင့် ၂၀၂၆ ခုနှစ် နွေစပါးအတွက် ရည်ညွန်း သတ်မှတ်ဈေးဖြစ်ကြောင်း သိရသည်။
လက်ရှိသတ်မှတ်သော အခြေခံစပါးဈေးအတိုင်း ရောင်းချရန်အခက်အခဲရှိပါက တောင်သူလယ်သမားများသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မြို့နယ် ကိုယ်စားလှယ်များနှင့် ဆန်စပါးအသင်းချုပ်တို့ထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မိုးစပါးပေါ်ချိန်ဖြစ်သော်လည်း စပါးဈေးများ ကျဆင်းနေခြင်းကြောင့် တောင်သူလယ်သမားများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ အခြေခံရည်ညွန်ဈေးပေါ်တွက်လာခြင်း ကြောင့် တောင်သူလယ်သမားများအတွက် အကျိုးအမြတ် ရရှိလာနိုင်သည်။

Zawgyi Version:
အေျခခံရည္ၫြန္းစပါးေဈး ဆယ့္တစ္သိန္းငါးေသာင္း သတ္မွတ္
NP News - ႏိုဝင္ဘာ ၁
စပါးတင္းတစ္ရာလွ်င္ ဆယ့္တစ္သိန္းတစ္ေသာင္း အေျခခံစပါးေပါက္ေဈး အျဖစ္သတ္မွတ္လိုက္ေၾကာင္း ေတာင္သူလယ္သမားအခြင့္အေရး ကာကြယ္ေရး ႏွင့္ အက်ိဳးစီးပြားျမႇင္တင္ေရး ဦးေဆာင္အဖြဲ႕က ထုတ္ျပန္လိုက္ ေၾကာင္း သိရသည္။
ယင္းစပါးေဈးမွာအစိုဓါတ္ ၁၄ ရာခိုင္ႏႈန္းရွိသည့္ အေလးခ်ိန္ ၄၆ ေပါင္ ခဲ၊သလဲ၊အမႈိက္ကင္းစင္ေသာ စံခ်ိန္စံၫႊန္း ျပည့္မွီသည့္ စပါးမ်ားျဖစ္ရမည္ျဖစ္ၿပီး ေတာင္သူလယ္သမားမ်ားအတြက္ တြက္ေခ်ကိုက္မည့္ အေျခခံေဈးႏႈန္းျဖစ္ ေၾကာင္း သိရသည္။
ေဈးကြက္ေပါက္ေဈးသည္ အေျခခံစပါးေဈးအထက္တြင္ ရွိပါက ေဈးကြက္ေပါက္ေဈးအတိုင္း ဝယ္ယူရမည္ျဖစ္ၿပီး အေျခခံစပါးေဈးေအာက္တြင္ေရာက္ရွိေနပါက အေျခခံစပါးေဈးအတိုင္းသာ ဝယ္ယူရမည္ဟု သိရသည္။
ယခုသတ္မွတ္သည္ အေျခခံစပါးေပါက္ေဈးသည္ ၂၀၂၅ ခုႏွစ္ မိုးစပါး ႏွင့္ ၂၀၂၆ ခုႏွစ္ ေႏြစပါးအတြက္ ရည္ၫြန္း သတ္မွတ္ေဈးျဖစ္ေၾကာင္း သိရသည္။
လက္ရွိသတ္မွတ္ေသာ အေျခခံစပါးေဈးအတိုင္း ေရာင္းခ်ရန္အခက္အခဲရွိပါက ေတာင္သူလယ္သမားမ်ားသည္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ၿမိဳ႕နယ္ ကိုယ္စားလွယ္မ်ားႏွင့္ ဆန္စပါးအသင္းခ်ဳပ္တို႔ထံ ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။ လက္ရွိတြင္ မိုးစပါးေပၚခ်ိန္ျဖစ္ေသာ္လည္း စပါးေဈးမ်ား က်ဆင္းေနျခင္းေၾကာင့္ ေတာင္သူလယ္သမားမ်ား အခက္အခဲျဖစ္ေပၚေနေၾကာင္း သိရသည္။ အေျခခံရည္ၫြန္ေဈးေပၚတြက္လာျခင္း ေၾကာင့္ ေတာင္သူလယ္သမားမ်ားအတြက္ အက်ိဳးအျမတ္ ရရွိလာႏိုင္သည္။