မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံကို ဒူးရင်းတင်ပို့မှု (၇)နှစ်အတွင်း ဒေါ်လာ ၁.၈၅ ဘီလီယံအထိ ရှိ

 117

ရောင်နီ (NP News) - အောက်တိုဘာ ၁ဝ
မလေးရှားနိုင်ငံဟာ တရုတ်နိုင်ငံကို ဒူးရင်းတင်ပို့မှုမှ (၇)နှစ်တာ ကာလအတွင်း ရင်းဂစ် ၆ ဘီလီယံ (ဒေါ်လာ ၁.၈၅ ဘီလီယံ) ကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် မလေးရှားအစိုးရက ထိုင်ဝမ်နဲ့ ပီရူး စျေးကွက်သစ်တွေကို လည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မလေးရှား လယ်ယာစိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ တရုတ်နိုင်ငံကို ဒူးရင်းတင်ပို့မှု ပမာဏဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှု တန်ချိန် ၁၁၅၃၅၉ တန် (သို့) ငွေသားနဲ့ဆိုရင် ရင်းနှီးမြှုပ်နှံမှု ၆ ဒသမ ၃၇ ဘီလီယံရှိတယ်လို့ ဇီဝဗေဒဆိုင်ရာ လက်မှတ်ထုတ်ပေးမှုအပေါ်အခြေခံတဲ့ ကိန်းဂဏန်း တွေအရ သိရပါတယ်။ ဒီလိုရလဒ်ကြောင့် မလေးရှားဝန်ကြီးဌာနက စိုက်ပျိုးရေးဌာနကနေ တစ်ဆင့် အခွင့်အလမ်း သစ်တွေကို ရှာဖွေနေပြီး ထိုင်ဝမ်နဲ့ ပီရူးမှာလည်း စျေးကွက်ချဲ့ထွင်ဖို့ ကတိကဝတ်ပြုထားတယ်လို့ သိရပါတယ်။
ဒါအပြင် လာမယ့် ၂ဝ၃ဝ ပြည့်နှစ်မှာ ပို့ကုန်တန်ဖိုးရင်းဂစ် ၁.၈ ဘီလီယံထိ ရောက်ရှိနိုင်ဖို့ ခန့်မှန်းထားပြီး ဒူးရင်းသီးတန်ချိန် ၆၉,၀၀၀ အထိ တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံမွ တ႐ုတ္ႏိုင္ငံကို ဒူးရင္းတင္ပို႔မႈ (၇)ႏွစ္အတြင္း ေဒၚလာ ၁.၈၅ ဘီလီယံအထိ ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁ဝ
မေလးရွားႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံကို ဒူးရင္းတင္ပို႔မႈမွ (၇)ႏွစ္တာ ကာလအတြင္း ရင္းဂစ္ ၆ ဘီလီယံ (ေဒၚလာ ၁.၈၅ ဘီလီယံ) ေက်ာ္ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါအျပင္ မေလးရွားအစိုးရက ထိုင္ဝမ္နဲ႔ ပီ႐ူး ေစ်းကြက္သစ္ေတြကို လည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
မေလးရွား လယ္ယာစိုက္ပ်ိဳးေရးနဲ႔ စားနပ္ရိကၡာဖူလုံေရးဝန္ႀကီးဌာနမွ တ႐ုတ္ႏိုင္ငံကို ဒူးရင္းတင္ပို႔မႈ ပမာဏဟာ ၂၀၁၈ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္ ဇြန္လအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ခ်ိန္ ၁၁၅၃၅၉ တန္ (သို႔) ေငြသားနဲ႔ဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ၆ ဒသမ ၃၇ ဘီလီယံရွိတယ္လို႔ ဇီဝေဗဒဆိုင္ရာ လက္မွတ္ထုတ္ေပးမႈအေပၚအေျခခံတဲ့ ကိန္းဂဏန္း ေတြအရ သိရပါတယ္။ ဒီလိုရလဒ္ေၾကာင့္ မေလးရွားဝန္ႀကီးဌာနက စိုက္ပ်ိဳးေရးဌာနကေန တစ္ဆင့္ အခြင့္အလမ္း သစ္ေတြကို ရွာေဖြေနၿပီး ထိုင္ဝမ္နဲ႔ ပီ႐ူးမွာလည္း ေစ်းကြက္ခ်ဲ႕ထြင္ဖို႔ ကတိကဝတ္ျပဳထားတယ္လို႔ သိရပါတယ္။
ဒါအျပင္ လာမယ့္ ၂ဝ၃ဝ ျပည့္ႏွစ္မွာ ပို႔ကုန္တန္ဖိုးရင္းဂစ္ ၁.၈ ဘီလီယံထိ ေရာက္ရွိႏိုင္ဖို႔ ခန႔္မွန္းထားၿပီး ဒူးရင္းသီးတန္ခ်ိန္ ၆၉,၀၀၀ အထိ တင္ပို႔ႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.