Export Earning ပြနိုင်သည့် EV ကုမ္ပဏီ(၂၅)ခုကို တစ်ပတ်လျှင်ဒေါ်လာနှစ်သိန်းနှုန်းဖြင့် အလှည့်ကျတင်သွင်းခွင့်ပေးနေ

 1055

ယွန်း (NP News) - အောက်တိုဘာ ၃ဝ

Export Earning ပြနိုင်သည့် EV ကုမ္ပဏီ(၂၅)ခုကို တစ်ပတ်လျှင် ကုမ္ပဏီ(၅)ခုနှုန်းဖြင့် အလှည့်ကျ တင်သွင်းခွင့်ပေးနေကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း EV တင်သွင်းခွင့် ပါမစ်များကို သက်ဆိုင်ရာက ဆိုင်းငံ့ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် စာချုပ်ပါ ကားအရေအတွက်ကို ပြည့်မီအောင်တင်သွင်းနိုင်ခြင်းမရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ဆုံးရှုံးနစ်နာမှုများရှိခဲ့ကြောင်းသိရသည်။

သို့သော် လက်ရှိတွင် EV ကားတင်သွင်းခွင့်များကို အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုပေးနေပြီး ကုမ္ပဏီတစ်ခုလျှင် ဒေါ်လာ(၂)သိန်းဖိုး တင်သွင်းခွင့်ရထားကြောင်း သိရသည်။ "အခုကတော့ အဆင်ပြေသွားပါပြီ။ အများကြီးတော့မပေးတော့ဘူး။ တစ်ပတ်ကို EV ကုမ္ပဏီ(၅)ခုလောက်တော့ချပေးတယ်။ အများကြီးတော့ ချမပေးဘူး။ ဒေါ်လာ(၂) သိန်းဖိုးလောက်ပဲ ချပေးတယ်။ အရင်တုန်းက ကုမ္ပဏီတစ်ခုကို တစ်သန်းလောက်ချပေးတယ်။ အခုက အားလုံးမျှမျှတတဖြစ်သွားအောင် လုပ်လိုက်တာပေါ့။ ကိုယ့်အလှည့်လည်းမြန်မြန်ရောက်တယ်လေ။ ဒီစနစ်ကိုတော့ ကြိုက်ပါတယ်။ တစ်ခါတည်းတော့ အများကြီး မရဘူး နည်းနည်းစီနဲ့ ခဏခဏရမှာပေါ့"ဟု ဝါရင့်ကားလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကိုပြောသည်။ ဈေးကွက်အတွင်း၌ EV ကားတင်သွင်းခွင့် ပါမစ်ရရှိထားသော ကုမ္ပဏီပေါင်း (၈၀)ကျော်ရှိထားသော်လည်း အမှန်တကယ်လုပ်ကိုင်နေသည်မှာ (၅၀)ထက်မပိုကြောင်း သိရသည်။

၎င်းတို့အနက်မှ Export Earning ရှိသည့် EV ကားကုမ္ပဏီများအပါအဝင် EV ဆိုင်ကယ်များ တင် သွင်းသည့် ကုမ္ပဏီ(၂၅)ခုကို အထက်ပါစနစ်အတိုင်း တင်သွင်းခွင့်ပေးထားကြောင်း အထက်ပါ ကား လုပ် ငန်းရှင်က ဆက်လက်ပြောသည်။ "တစ်ခါတည်းတော့ အများကြီးတော့မရဘူး နည်းနည်းစီနဲ့ ခဏခဏရမှာ ပေါ့။ အခုကတော့ အများကြီးမရပေမယ့် လုံးဝမရတာ ထက်စာရင် အဆင်ပြေတာပေါ့။ ရပ်တည်ဖို့အတွက် လည်း အဆင်ပြေတယ်။ ကုမ္ပဏီက (၈၀)လောက်ရှိတယ်။ တကယ်တမ်း Active ဖြစ်တာကတော့ (၅၀) လောက်ပဲရှိတယ်။ ကျန်တဲ့ဟာတွေကတော့ လုပ်နေဆဲကာလပဲရှိသေးတာ။ Export Earning ရှိတဲ့လူတွေကိုတော့ အဲဒီစနစ်နဲ့ပေးတာပေါ့။ အခု က(၃)ပတ်လောက်တော့ရှိပြီ။ အဲဒီစနစ်ကျင့်သုံး‌နေ တာ။ အရင်ကတော့ နိုင်ငံခြားငွေကိစ္စတွေနဲ့ လုံးဝရပ် ထားတာ။ အခုကတော့ မရတာထက်စာရင် အသက်ရှူတော့ချောင်သွားတာပေါ့။ လက်ရှိကတော့ Export Earning ပြနိုင်တဲ့ကုမ္ပဏီက EV ကား အပါအဝင် ဆိုင်ကယ်ရောဆိုရင်(၂၅)လောက်တော့ရှိမယ်။ ကျန်တာကတော့ လုပ်ဆောင်နေဆဲပဲ။ အဲဒီ ကုမ္ပဏီ(၂၅)ခုထဲကနေ တစ်လှည့်စီပေးသွားမှာပေါ့"ဟု ၎င်းက ပြောသည်။

EV ကားများ စတင်တင်သွင်းခွင့်ပြုသည့် အချိန်မှစ၍ (၂၀၂၄ )ခုနှစ် မေလကုန်အထိ ကားစီးရေ (၄၃၀ဝ)ကျော်ရှိနေပြီး လက်ရှိတင်သွင်းထားသော ကားအမျိုးအစားများထဲတွင်လည်း တိုယိုတာ ( ၉၆၁) စီး၊ BYD (၆၇၁) စီးနှင့် MG (၅၄၂) စီး ပါဝင်ကြောင်း သိရသည်။

zawgyi version
Export Earning ျပႏိုင္သည့္ EV ကုမၸဏီ(၂၅)ခုကို တစ္ပတ္လွ်င္ေဒၚလာႏွစ္သိန္းႏႈန္းျဖင့္ အလွည့္က်တင္သြင္းခြင့္ေပးေန
ယြန္း (NP News) - ေအာက္တိုဘာ ၃ဝ

Export Earning ျပႏိုင္သည့္ EV ကုမၸဏီ(၂၅)ခုကို တစ္ပတ္လွ်င္ ကုမၸဏီ(၅)ခုႏႈန္းျဖင့္ အလွည့္က် တင္သြင္းခြင့္ေပးေနေၾကာင္း ကားလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။

ၿပီးခဲ့သည့္ လပိုင္းအတြင္း EV တင္သြင္းခြင့္ ပါမစ္မ်ားကို သက္ဆိုင္ရာက ဆိုင္းငံ့ခဲ့ျခင္းေၾကာင့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ စာခ်ဳပ္ပါ ကားအေရအတြက္ကို ျပည့္မီေအာင္တင္သြင္းႏိုင္ျခင္းမရွိသည့္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအပါအဝင္ ဆုံးရႈံးနစ္နာမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။

သို႔ေသာ္ လက္ရွိတြင္ EV ကားတင္သြင္းခြင့္မ်ားကို အကန႔္အသတ္ျဖင့္ ျပန္လည္ခြင့္ျပဳေပးေနၿပီး ကုမၸဏီတစ္ခုလွ်င္ ေဒၚလာ(၂)သိန္းဖိုး တင္သြင္းခြင့္ရထားေၾကာင္း သိရသည္။ "အခုကေတာ့ အဆင္ေျပသြားပါၿပီ။ အမ်ားႀကီးေတာ့မေပးေတာ့ဘူး။ တစ္ပတ္ကို EV ကုမၸဏီ(၅)ခုေလာက္ေတာ့ခ်ေပးတယ္။ အမ်ားႀကီးေတာ့ ခ်မေပးဘူး။ ေဒၚလာ(၂) သိန္းဖိုးေလာက္ပဲ ခ်ေပးတယ္။ အရင္တုန္းက ကုမၸဏီတစ္ခုကို တစ္သန္းေလာက္ခ်ေပးတယ္။ အခုက အားလုံးမွ်မွ်တတျဖစ္သြားေအာင္ လုပ္လိုက္တာေပါ့။ ကိုယ့္အလွည့္လည္းျမန္ျမန္ေရာက္တယ္ေလ။ ဒီစနစ္ကိုေတာ့ ႀကိဳက္ပါတယ္။ တစ္ခါတည္းေတာ့ အမ်ားႀကီး မရဘူး နည္းနည္းစီနဲ႔ ခဏခဏရမွာေပါ့"ဟု ဝါရင့္ကားလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကိုေျပာသည္။ ေဈးကြက္အတြင္း၌ EV ကားတင္သြင္းခြင့္ ပါမစ္ရရွိထားေသာ ကုမၸဏီေပါင္း (၈၀)ေက်ာ္ရွိထားေသာ္လည္း အမွန္တကယ္လုပ္ကိုင္ေနသည္မွာ (၅၀)ထက္မပိုေၾကာင္း သိရသည္။

၎တို႔အနက္မွ Export Earning ရွိသည့္ EV ကားကုမၸဏီမ်ားအပါအဝင္ EV ဆိုင္ကယ္မ်ား တင္ သြင္းသည့္ ကုမၸဏီ(၂၅)ခုကို အထက္ပါစနစ္အတိုင္း တင္သြင္းခြင့္ေပးထားေၾကာင္း အထက္ပါ ကား လုပ္ ငန္းရွင္က ဆက္လက္ေျပာသည္။ "တစ္ခါတည္းေတာ့ အမ်ားႀကီးေတာ့မရဘူး နည္းနည္းစီနဲ႔ ခဏခဏရမွာ ေပါ့။ အခုကေတာ့ အမ်ားႀကီးမရေပမယ့္ လုံးဝမရတာ ထက္စာရင္ အဆင္ေျပတာေပါ့။ ရပ္တည္ဖို႔အတြက္ လည္း အဆင္ေျပတယ္။ ကုမၸဏီက (၈၀)ေလာက္ရွိတယ္။ တကယ္တမ္း Active ျဖစ္တာကေတာ့ (၅၀) ေလာက္ပဲရွိတယ္။ က်န္တဲ့ဟာေတြကေတာ့ လုပ္ေနဆဲကာလပဲရွိေသးတာ။ Export Earning ရွိတဲ့လူေတြကိုေတာ့ အဲဒီစနစ္နဲ႔ေပးတာေပါ့။ အခု က(၃)ပတ္ေလာက္ေတာ့ရွိၿပီ။ အဲဒီစနစ္က်င့္သုံး‌ေန တာ။ အရင္ကေတာ့ ႏိုင္ငံျခားေငြကိစၥေတြနဲ႔ လုံးဝရပ္ ထားတာ။ အခုကေတာ့ မရတာထက္စာရင္ အသက္ရႉေတာ့ေခ်ာင္သြားတာေပါ့။ လက္ရွိကေတာ့ Export Earning ျပႏိုင္တဲ့ကုမၸဏီက EV ကား အပါအဝင္ ဆိုင္ကယ္ေရာဆိုရင္(၂၅)ေလာက္ေတာ့ရွိမယ္။ က်န္တာကေတာ့ လုပ္ေဆာင္ေနဆဲပဲ။ အဲဒီ ကုမၸဏီ(၂၅)ခုထဲကေန တစ္လွည့္စီေပးသြားမွာေပါ့"ဟု ၎က ေျပာသည္။

EV ကားမ်ား စတင္တင္သြင္းခြင့္ျပဳသည့္ အခ်ိန္မွစ၍ (၂၀၂၄ )ခုႏွစ္ ေမလကုန္အထိ ကားစီးေရ (၄၃၀ဝ)ေက်ာ္ရွိေနၿပီး လက္ရွိတင္သြင္းထားေသာ ကားအမ်ိဳးအစားမ်ားထဲတြင္လည္း တိုယိုတာ ( ၉၆၁) စီး၊ BYD (၆၇၁) စီးႏွင့္ MG (၅၄၂) စီး ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.