AIသုံး၍ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် စီမံကိန်းအတွက် မြန်မာ - ရုရှား နှစ်နိုင်ငံကြား လက်မှတ်ရေးထိုး

 183

Pearl (NP News ) - အောက်တိုဘာ ၁၉
AIသုံး၍ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် စီမံကိန်းအတွက် မြန်မာ - ရုရှား နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ရုရှားနိုင်ငံ မော်စကိုမြို့၌ (၈) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့ တက်ရောက်နေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ (၁၈)ရက်က ရုရှားဖက်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Sergey Tsivilyov နှင့် တွေ့ဆုံရာ တွေ့ဆုံဆွေးနွေးပွဲသို့ ရုရှားနိုင်ငံပိုင် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော INTER RAO Export နှင့် JSC RosGeo အဖွဲ့အစည်းများ၏ အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဘူမိရူပဗေဒနှင့် ရေနံအင်ဂျင်နီယာဘာသာရပ်နယ်ပယ်များတွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် လုပ်ငန်းခွင်လက်တွေ့သင်တန်းများ လက်ခံသင်ကြားပေးမည့်ကိစ္စများ၊ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းကိစ္စများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ သဘာဝဓာတ်ငွေ့သုံး Gas Turbine များ စွမ်းအားမြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု၍ ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ထုတ်ယူရရှိရေး ရှေ့ပြေးစီမံကိန်း (Pilot Project to Extract Natural Gas From Thin Sands Using Artificial Intelligence Technology) အဖြစ် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ တွင်း ၅ တွင်းတွင် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီတို့အကြား လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းကို နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများရှေ့မှောက်တွင် လက်မှတ်ရေးထိုးသည်။
ထိုသို့ ချုပ်ဆိုခဲ့သည့် စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြု၍ ပထမဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်ရန် အလားအလာကောင်းများရှိသည့် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီ မှ CEO ဖြစ်သူ Mr. Sergey Ratkov ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာ AI နည်းပညာအသုံးပြုပြီး GeoAudit Technology ဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်သည့်အတွက် အကျိုးဖြစ်ထွန်းလျက်ရှိနေသည့် ရေနံမြေများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အပါအဝင် မြေအောက်သယံဇာတများအား ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများအား စနစ်ကျစွာ စီမံခန့်ခွဲနိုင်ရန်နှင့် Potential ဧရိယာများ ဖော်ထုတ်နိုင်ရန်အတွက် ခေတ်မီနည်းပညာဖြင့် ဘူမိမြေပုံ များရေးဆွဲသည့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ရေနံ အထွက်တိုးရှာဖွေခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် လုပ်ငန်းခွင်လက်တွေ့သင်တန်းများ စေလွှတ်နိုင်ရေးဆိုင်ရာကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးပြီး ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား နိုင်ငံပိုင် Gaztroprom International Limited မှ General Director ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ၍ ထားဝယ်ရေနက် ဆိပ်ကမ်းတွင် ရေနံချက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ လိုအပ်သည့် ရေနံစိမ်းများရရှိရေးနှင့် ထွက်ရှိလာသည့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်းတွင်သာမက ဒေသတွင်းနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချပေးမည့် အလားအလာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး သက်ဆိုင်ရာပညာရှင်များပါဝင်သည့် ဖြစ်နိုင်စွမ်း ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် စေလွှတ်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
AIသုံး၍ ေရနံႏွင့္သဘာဝဓာတ္ေငြ႕အထြက္တိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည့္ စီမံကိန္းအတြက္ ျမန္မာ - ႐ုရွား ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုး
Pearl (NP News ) - ေအာက္တိုဘာ ၁၉
AIသုံး၍ ေရနံႏွင့္သဘာဝဓာတ္ေငြ႕အထြက္တိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည့္ စီမံကိန္းအတြက္ ျမန္မာ - ႐ုရွား ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕၌ (၈) ႀကိမ္ေျမာက္ ႐ုရွားစြမ္းအင္ရက္သတၱပတ္ အျပည္ျပည္ဆိုင္ရာဖိုရမ္ (REW) သို႔ တက္ေရာက္ေနသည့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္ ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၁၈)ရက္က ႐ုရွားဖက္ႏိုင္ငံ စြမ္းအင္ဝန္ႀကီး Mr. Sergey Tsivilyov ႏွင့္ ေတြ႕ဆုံရာ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႐ုရွားႏိုင္ငံပိုင္ စြမ္းအင္ဆိုင္ရာအဖြဲ႕အစည္းမ်ားျဖစ္ေသာ INTER RAO Export ႏွင့္ JSC RosGeo အဖြဲ႕အစည္းမ်ား၏ အႀကီးအကဲမ်ား ပါဝင္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ေတြ႕ဆုံစဥ္ စြမ္းအင္က႑ဆိုင္ရာလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံ ႏွစ္ႏိုင္ငံ စြမ္းအင္က႑ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ား၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ဆိုင္ရာ နည္းပညာမ်ားႏွင့္ပတ္သက္၍ ပူးေပါင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ား၊ ဘူမိ႐ူပေဗဒႏွင့္ ေရနံအင္ဂ်င္နီယာဘာသာရပ္နယ္ပယ္မ်ားတြင္ လူ႔စြမ္းအားအရင္းအျမစ္မ်ား ေမြးထုတ္ႏိုင္ရန္အတြက္ လုပ္ငန္းခြင္လက္ေတြ႕သင္တန္းမ်ား လက္ခံသင္ၾကားေပးမည့္ကိစၥမ်ား၊ ေက်ာက္မီးေသြးမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးဆိုင္ရာလုပ္ငန္းကိစၥမ်ား၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ တိုးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ား၊ သဘာဝဓာတ္ေငြ႕သုံး Gas Turbine မ်ား စြမ္းအားျမႇင့္တင္ေရးကိစၥရပ္မ်ားကို အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ဉာဏ္ရည္တုနည္းပညာ (AI) အသုံးျပဳ၍ ပါးလႊာသဲေၾကာမ်ားမွ သဘာဝဓာတ္ေငြ႕ထုတ္ယူရရွိေရး ေရွ႕ေျပးစီမံကိန္း (Pilot Project to Extract Natural Gas From Thin Sands Using Artificial Intelligence Technology) အျဖစ္ အေဖ်ာက္သဘာဝဓာတ္ေငြ႕ေျမရွိ တြင္း ၅ တြင္းတြင္ ေဆာင္႐ြက္ႏိုင္ရန္ ျမန္မာႏိုင္ငံစြမ္းအင္ဝန္ႀကီးဌာနႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံပိုင္ JSC RosGeo ကုမၸဏီတို႔အၾကား လုပ္ငန္းသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို ႏွစ္ႏိုင္ငံစြမ္းအင္ဝန္ႀကီးမ်ားေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးသည္။
ထိုသို႔ ခ်ဳပ္ဆိုခဲ့သည့္ စီမံကိန္းသည္ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ ဉာဏ္ရည္တုနည္းပညာ (AI) ကို အသုံးျပဳ၍ ပထမဆုံး ေရနံႏွင့္သဘာဝဓာတ္ေငြ႕အထြက္တိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သည့္ စီမံကိန္းတစ္ခုျဖစ္ၿပီး သဘာဝဓာတ္ေငြ႕ထုတ္ယူႏိုင္ရန္ အလားအလာေကာင္းမ်ားရွိသည့္ အေဖ်ာက္သဘာဝဓာတ္ေငြ႕ေျမတြင္ စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားႏိုင္ငံပိုင္ JSC RosGeo ကုမၸဏီ မွ CEO ျဖစ္သူ Mr. Sergey Ratkov ဦးေဆာင္သည့္အဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးရာ AI နည္းပညာအသုံးျပဳၿပီး GeoAudit Technology ျဖင့္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ထုတ္ယူႏိုင္သည့္အတြက္ အက်ိဳးျဖစ္ထြန္းလ်က္ရွိေနသည့္ ေရနံေျမမ်ား၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕အပါအဝင္ ေျမေအာက္သယံဇာတမ်ားအား ရွာေဖြ၊ တူးေဖာ္၊ ထုတ္လုပ္ေရးလုပ္ငန္းမ်ားအား စနစ္က်စြာ စီမံခန္႔ခြဲႏိုင္ရန္ႏွင့္ Potential ဧရိယာမ်ား ေဖာ္ထုတ္ႏိုင္ရန္အတြက္ ေခတ္မီနည္းပညာျဖင့္ ဘူမိေျမပုံ မ်ားေရးဆြဲသည့္ နည္းပညာဆိုင္ရာကိစၥရပ္မ်ား၊ ေရနံ အထြက္တိုးရွာေဖြျခင္းလုပ္ငန္းမ်ားႏွင့္ပတ္သက္သည့္ကိစၥရပ္မ်ား၊ ဘူမိေဗဒႏွင့္ ဘူမိ႐ူပေဗဒနယ္ပယ္တြင္ လူ႔စြမ္းအားအရင္းအျမစ္မ်ား ေမြးထုတ္ႏိုင္ရန္အတြက္ လုပ္ငန္းခြင္လက္ေတြ႕သင္တန္းမ်ား ေစလႊတ္ႏိုင္ေရးဆိုင္ရာကိစၥမ်ားကို အျမင္ခ်င္းဖလွယ္ ေဆြးေႏြးၿပီး ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွား ႏိုင္ငံပိုင္ Gaztroprom International Limited မွ General Director ဦးေဆာင္သည့္အဖြဲ႕ႏွင့္ေတြ႕ဆုံ၍ ထားဝယ္ေရနက္ ဆိပ္ကမ္းတြင္ ေရနံခ်က္စက္႐ုံ တည္ေဆာက္ႏိုင္ေရးအတြက္ အင္ဂ်င္နီယာလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ား၊ လိုအပ္သည့္ ေရနံစိမ္းမ်ားရရွိေရးႏွင့္ ထြက္ရွိလာသည့္ ေရနံထြက္ပစၥည္းမ်ားကို ျပည္တြင္းတြင္သာမက ေဒသတြင္းႏိုင္ငံမ်ားသို႔ ျဖန႔္ျဖဴးေရာင္းခ်ေပးမည့္ အလားအလာမ်ားႏွင့္စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ား၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား အဆင့္ျမႇင့္တင္ျခင္းဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးၿပီး သက္ဆိုင္ရာပညာရွင္မ်ားပါဝင္သည့္ ျဖစ္ႏိုင္စြမ္း ဆန္းစစ္ျခင္းလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေစလႊတ္မည့္ကိစၥမ်ားကို ေဆြးေႏြးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.