မြောက်ကိုရီးယားက ရုရှားရဲ့အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ဆို
809
Pika (NP News) - အောက်တိုဘာ ၂၉
မြောက်ကိုရီးယားအစိုးရဟာ ရုရှားနိုင်ငံက နည်းပညာအကူအညီတွေနဲ့အတူ နောက်ထပ်စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Yonhap သတင်းအေဂျင်စီက အောက်တိုဘာလ(၂၉)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
Yonhap သတင်းအေဂျင်စီဟာ တောင်ကိုရီးယားစပိုင်အေဂျင်စီရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ယခုလိုဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ရုရှားကို အလုပ်သမား(၄၀၀၀)ခန့် စေလွှတ်ခဲ့တယ်လို့ Yonhap က ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက် ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက ၎င်းရဲ့စစ်သားတွေကို စေလွှတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာထွက်ပေါ်လာခဲ့ပါတယ်။
ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားဘက်ကနေပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက စစ်သားတွေစေလွှတ်တာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ဂျပန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ မြောက်ကိုရီးယား စစ်သား(၃)ထောင်ခန့်ဟာ ရုရှားမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးခဲ့မယ်ဆိုရင် ယူကရိန်းရဲ့တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့လည်း အမေရိကန်အစိုးရက သတိပေးပြောဆိုထားပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြောက်ကိုရီးယားနဲ့ရုရှားတို့ဟာ နှစ်နိုင်ငံကြားပုံမှန်ဆက်ဆံရေးတွေအပြင် စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေကိုလည်း ပိုမိုတိုးမြှင့်လာခဲ့တယ်လို့ သိရပါတယ်။
zawgyi version
ေျမာက္ကိုရီးယားက ႐ုရွားရဲ႕အကူအညီေတြနဲ႔ စစ္ဘက္ဆိုင္ရာၿဂိဳဟ္တုတစ္လုံးလႊတ္တင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီဟု ဆို
Pika (NP News) - ေအာက္တိုဘာ ၂၉
ေျမာက္ကိုရီးယားအစိုးရဟာ ႐ုရွားႏိုင္ငံက နည္းပညာအကူအညီေတြနဲ႔အတူ ေနာက္ထပ္စစ္ဘက္ဆိုင္ရာ ၿဂိဳဟ္တုတစ္လုံးကို လႊတ္တင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ Yonhap သတင္းေအဂ်င္စီက ေအာက္တိုဘာလ(၂၉)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
Yonhap သတင္းေအဂ်င္စီဟာ ေတာင္ကိုရီးယားစပိုင္ေအဂ်င္စီရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး ယခုလိုေဖာ္ျပခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားဟာ ယခုႏွစ္အတြင္း ႐ုရွားကို အလုပ္သမား(၄၀၀၀)ခန႔္ ေစလႊတ္ခဲ့တယ္လို႔ Yonhap က ထပ္မံေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းစစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားက ၎ရဲ႕စစ္သားေတြကို ေစလႊတ္ေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြလည္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာထြက္ေပၚလာခဲ့ပါတယ္။
ယူကရိန္းနဲ႔စစ္ပြဲမွာ ႐ုရွားဘက္ကေနပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားက စစ္သားေတြေစလႊတ္တာနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔လည္း ဂ်ပန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ဖူးပါတယ္။ ၿပီးေတာ့ ေျမာက္ကိုရီးယား စစ္သား(၃)ေထာင္ခန႔္ဟာ ႐ုရွားမွာ စစ္ေရးေလ့က်င့္မႈေတြလုပ္ေဆာင္ေနတယ္လို႔ အေမရိကန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးခဲ့မယ္ဆိုရင္ ယူကရိန္းရဲ႕တရားဝင္ပစ္မွတ္ေတြ ျဖစ္လာလိမ့္မယ္လို႔လည္း အေမရိကန္အစိုးရက သတိေပးေျပာဆိုထားပါတယ္။ ယူကရိန္းစစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္း ေျမာက္ကိုရီးယားနဲ႔႐ုရွားတို႔ဟာ ႏွစ္ႏိုင္ငံၾကားပုံမွန္ဆက္ဆံေရးေတြအျပင္ စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြကိုလည္း ပိုမိုတိုးျမႇင့္လာခဲ့တယ္လို႔ သိရပါတယ္။