လက်နက်ကိုင်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကာ ကျေးရွာနှင့်လူနေရပ်ကွက်များကို ရှောင်ရှားပြီး တိုက်ပွဲဖော်ရန် NMSP တိုက်တွန်း

 899

မျိုးကြီး (NP News) - ဇန်နဝါရီ ၃ဝ

လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကာ ကျေးရွာနှင့်လူနေရပ်ကွက်များကို ရှောင်ရှားပြီး တိုက်ပွဲဖော်ကြရန် မွန်ပြည်သစ်ပါတီ(NMSP)က တိုက်တွန်းထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီ၊ သထုံခရိုင်အလုပ်အမှုဆောင်ကော်မတီက ဇန်နဝါရီလ ၂၉ ရက်တွင် မွန်လူမျိုးအများစုနေထိုင်သည့် ကျေးရွာများ မီးရှို့ခံခဲ့ရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်လူမျိုးအများစုနေထိုင်သည့် ကမ်းနီနှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ဇန်နဝါရီလ ၂၄ ရက်က ဗိုလ်စောအယ်စေးဝါး ဦးစီးသည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းနှင့် တပ်မ တော်လုံခြုံရေးအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း NMSP ကဆိုထား သည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်များအတွင်း နေအိမ်များ မီးရှို့ခံခဲ့ရသည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီဘက်က ထုတ်ဖော်ပြောဆိုထားသည်။

၎င်းဖြစ်စဉ်များအတွင်း ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ကမ်းနီကျေးရွာရှိ အိမ်ခြေ(၂၁)လုံး၊ တိုက်ပွဲဖြစ်စဉ်ကြောင့် ညောင်ရိပ်ကျေးရွာရှိ အိမ်ခြေ(၁၈)လုံး မီးလောင်ပျက်စီးခဲ့ရ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်လုံခြုံရေးအဖွဲ့မှပစ်ခတ်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကမ်းနီကျေးရွာရှိ နေအိမ်(၃)လုံး၊ ညောင်ရိပ်ကျေးရွာရှိ နေအိမ်(၁)လုံး၊ သရက်တောကျေးရွာရှိ နေအိမ်(၇)လုံးမှာလည်း အသီးသီးထိမှန် ပျက်စီးခဲ့ရကြောင်း NMSP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တိုက်ပွဲဖြစ်စဉ်များကြောင့် ကျေးရွာသားနှစ်ဦးမှာလည်း အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီဘက်က ဆိုထားသည်။

ထို့ကြောင့် လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များအား လေးစားလိုက်နာကာ အများပြည်သူနေထိုင်သည့် ကျေးရွာများ၊ လူနေရပ်ကွက်များအားရှောင်ရှားပြီး လှုပ်ရှားတိုက်ပွဲဖော်ကြရန် မွန်ပြည်သစ်ပါတီ(NMSP)က တိုက် တွန်းထားသည်။

၎င်းကဲ့သို့ အခြေအနေများ ထပ်မံပေါ်ပေါက်ခဲ့ပါက ဒေသတွင်းရှိ မွန်ပြည်သူလူထုအနေဖြင့် လုံခြုံရေးအစီအမံများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန်လည်း အသိပေးထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးရေးအဖွဲ့တို့နှင့်လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်သည်။

zawgyi version
လက္နက္ကိုင္မ်ားအေနျဖင့္ စစ္ဘက္ဆိုင္ရာက်င့္ဝတ္မ်ားကို လိုက္နာကာ ေက်း႐ြာႏွင့္လူေနရပ္ကြက္မ်ားကို ေရွာင္ရွားၿပီး တိုက္ပြဲေဖာ္ရန္ NMSP တိုက္တြန္း
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၃ဝ

လက္နက္ကိုင္တပ္မ်ားအေနျဖင့္ စစ္ဘက္ဆိုင္ရာက်င့္ဝတ္မ်ားကို လိုက္နာကာ ေက်း႐ြာႏွင့္လူေနရပ္ကြက္မ်ားကို ေရွာင္ရွားၿပီး တိုက္ပြဲေဖာ္ၾကရန္ မြန္ျပည္သစ္ပါတီ(NMSP)က တိုက္တြန္းထုတ္ျပန္ထားသည္။

မြန္ျပည္သစ္ပါတီ၊ သထုံခ႐ိုင္အလုပ္အမႈေဆာင္ေကာ္မတီက ဇန္နဝါရီလ ၂၉ ရက္တြင္ မြန္လူမ်ိဳးအမ်ားစုေနထိုင္သည့္ ေက်း႐ြာမ်ား မီးရႈိ႕ခံခဲ့ရမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ မြန္လူမ်ိဳးအမ်ားစုေနထိုင္သည့္ ကမ္းနီႏွင့္အနီးတစ္ဝိုက္ရွိ ေက်း႐ြာမ်ားတြင္ ဇန္နဝါရီလ ၂၄ ရက္က ဗိုလ္ေစာအယ္ေစးဝါး ဦးစီးသည့္ Lion Battalion Commando ပူးေပါင္းစစ္ေၾကာင္းႏွင့္ တပ္မ ေတာ္လုံၿခဳံေရးအဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း NMSP ကဆိုထား သည္။

အဆိုပါတိုက္ပြဲျဖစ္စဥ္မ်ားအတြင္း ေနအိမ္မ်ား မီးရႈိ႕ခံခဲ့ရသည့္ျဖစ္စဥ္မ်ားလည္း ေပၚေပါက္ခဲ့ေၾကာင္း မြန္ျပည္သစ္ပါတီဘက္က ထုတ္ေဖာ္ေျပာဆိုထားသည္။

၎ျဖစ္စဥ္မ်ားအတြင္း ဗိုလ္ေစာအယ္ေစးဝါး ဦးေဆာင္သည့္ ပူးေပါင္းစစ္ေၾကာင္းတပ္ဖြဲ႕မွ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္အတြက္ ကမ္းနီေက်း႐ြာရွိ အိမ္ေျခ(၂၁)လုံး၊ တိုက္ပြဲျဖစ္စဥ္ေၾကာင့္ ေညာင္ရိပ္ေက်း႐ြာရွိ အိမ္ေျခ(၁၈)လုံး မီးေလာင္ပ်က္စီးခဲ့ရ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မွပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ေပါက္ကြဲမႈေၾကာင့္ ကမ္းနီေက်း႐ြာရွိ ေနအိမ္(၃)လုံး၊ ေညာင္ရိပ္ေက်း႐ြာရွိ ေနအိမ္(၁)လုံး၊ သရက္ေတာေက်း႐ြာရွိ ေနအိမ္(၇)လုံးမွာလည္း အသီးသီးထိမွန္ ပ်က္စီးခဲ့ရေၾကာင္း NMSP ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ တိုက္ပြဲျဖစ္စဥ္မ်ားေၾကာင့္ ေက်း႐ြာသားႏွစ္ဦးမွာလည္း အနည္းငယ္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မြန္ျပည္သစ္ပါတီဘက္က ဆိုထားသည္။

ထို႔ေၾကာင့္ လက္နက္ကိုင္တပ္မ်ားအေနျဖင့္ စစ္ဘက္ဆိုင္ရာက်င့္ဝတ္မ်ားအား ေလးစားလိုက္နာကာ အမ်ားျပည္သူေနထိုင္သည့္ ေက်း႐ြာမ်ား၊ လူေနရပ္ကြက္မ်ားအားေရွာင္ရွားၿပီး လႈပ္ရွားတိုက္ပြဲေဖာ္ၾကရန္ မြန္ျပည္သစ္ပါတီ(NMSP)က တိုက္ တြန္းထားသည္။

၎ကဲ့သို႔ အေျခအေနမ်ား ထပ္မံေပၚေပါက္ခဲ့ပါက ေဒသတြင္းရွိ မြန္ျပည္သူလူထုအေနျဖင့္ လုံၿခဳံေရးအစီအမံမ်ား ႀကိဳတင္ျပင္ဆင္ထားႏိုင္ရန္အတြက္ မြန္ျပည္သစ္ပါတီႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ရန္လည္း အသိေပးထုတ္ျပန္ထားသည္။

မြန္ျပည္သစ္ပါတီ(NMSP)သည္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္၏ၿငိမ္းခ်မ္းေရးေဆြးေရးအဖြဲ႕တို႔ႏွင့္လည္း ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ေသာ အဖြဲ႕အစည္းတစ္ရပ္လည္း ျဖစ္သည္။

Related news

© 2021. All rights reserved.