လက်လုပ် မိုင်းနှင့်အသံဗုံးများ ပေါက်ကွဲမှုများကြောင့် တစ်ဦးသေဆုံးပြီး လူ(၄)ဦးထိခိုက်ဒဏ်ရာရရှိမှု မန္တလေး၌ဖြစ်ပွား

 866

စော (NP News) - ဇန်နဝါရီ ၃ဝ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့၊ ဥပုသ်တော်ရပ်ကွက်၊ ၇၃(C) လမ်း၌ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ရက်၊ နံနက် ၉နာရီဝန်းကျင်အချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမားအမျိုးသားနှစ်ဦးက လက်လုပ်အသံဗုံးတစ်လုံး ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် နေအိမ်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အုတ်ခဲစများလွင့်စင်၍ ဒေါ်မျိုးမျိုးခိုင် (၅၂)နှစ်နှင့် ဒေါ်စန်းအေး (၅၆)နှစ်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အလားတူ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက် ၊ ညနေ ၅နာရီဝန်းကျင်အချိန်တွင် သဲဖြူချောင်းကျေးရွာနေ ဦးကျော်ထက်(၃၅)နှစ်သည် ပုလင်းခွံများဝယ်ယူပြီး ဦးခင်မောင်မြင့် (၅၇)၏နေအိမ်၌ စုံပုံနေစဉ် ပုလင်းခွံအတွင်းမှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် ဦးကျော်ထက်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားပြီး ဦးခင်မောင်မြင့်နှင့် ဦးအေးမင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ထားကြောင်းသိရသည်။

ထို့ပြင် အဆိုပါနေ့ ညနေ ၆ နာရီခွဲအချိန်တွင် အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာ ၊ ထန်းတောရပ်ရှိ ရတနာပုံတက္ကသိုလ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက လက်လုပ်အသံဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းအုတ်တံတိုင်းကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲထံမှ ထုတ်ပြန်ထားသည်။

zawgyi version
လက္လုပ္ မိုင္းႏွင့္အသံဗုံးမ်ား ေပါက္ကြဲမႈမ်ားေၾကာင့္ တစ္ဦးေသဆုံးၿပီး လူ(၄)ဦးထိခိုက္ဒဏ္ရာရရွိမႈ မႏၲေလး၌ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၃ဝ

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕၊ ဥပုသ္ေတာ္ရပ္ကြက္၊ ၇၃(C) လမ္း၌ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွသတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၈ရက္၊ နံနက္ ၉နာရီဝန္းက်င္အခ်ိန္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္သမားအမ်ိဳးသားႏွစ္ဦးက လက္လုပ္အသံဗုံးတစ္လုံး ပစ္ေပါက္ထြက္ေျပးခဲ့သျဖင့္ ေနအိမ္ၾကားသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ အုတ္ခဲစမ်ားလြင့္စင္၍ ေဒၚမ်ိဳးမ်ိဳးခိုင္ (၅၂)ႏွစ္ႏွင့္ ေဒၚစန္းေအး (၅၆)ႏွစ္တို႔တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

အလားတူ မႏၲေလးတိုင္း ၊ မတၱရာၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးကာ အမ်ိဳးသားႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၈ ရက္ ၊ ညေန ၅နာရီဝန္းက်င္အခ်ိန္တြင္ သဲျဖဴေခ်ာင္းေက်း႐ြာေန ဦးေက်ာ္ထက္(၃၅)ႏွစ္သည္ ပုလင္းခြံမ်ားဝယ္ယူၿပီး ဦးခင္ေမာင္ျမင့္ (၅၇)၏ေနအိမ္၌ စုံပုံေနစဥ္ ပုလင္းခြံအတြင္းမွ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ေပါက္ကြဲမႈေၾကာင့္ ဦးေက်ာ္ထက္တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားၿပီး ဦးခင္ေမာင္ျမင့္ႏွင့္ ဦးေအးမင္းတို႔တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သျဖင့္ မတၱရာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပိုေဆာင္ထားေၾကာင္းသိရသည္။

ထို႔ျပင္ အဆိုပါေန႔ ညေန ၆ နာရီခြဲအခ်ိန္တြင္ အမရပူရၿမိဳ႕နယ္၊ ေတာင္သမန္ေက်း႐ြာ ၊ ထန္းေတာရပ္ရွိ ရတနာပုံတကၠသိုလ္၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးက လက္လုပ္အသံဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးသြားခဲ့သျဖင့္ ေက်ာင္းအုတ္တံတိုင္းၾကားသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦး ထိခိုက္ပ်က္စီးမႈမရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲထံမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.