ဆော်ဒီအာရေးဗျနိုင်ငံ နှင့် ပိုမိုခိုင်မာသောဆက်ဆံရေးများ တည်ဆောက်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

631

Pika (NP News) - ဇန်နဝါရီ ၃၁
တရုတ်နိုင်ငံသည် ဆော်ဒီအာရေးဗျနိုင်ငံနှင့် ပိုမိုခိုင်မာသောဆက်ဆံရေးကိုတည်ဆောက်ပြီး တရုတ်-ပင်လယ်ကွေ့ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို အမြန်ဆုံးတည်ဆောက်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် ကွင်ဂန်း Qin Gang က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် အမေရိကန်ဆိုင်ရာတရုတ်သံအမတ်အဖြစ်မှ ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသော ကွင်ဂန်းသည် ဆော်ဒီအာရေးဗျနိုင်ငံတော်ဝင်မင်းသား Faisal bin Farhan Al Saud နှင့် ဖုန်းခေါ်ဆိုမှုအတွင်း ယင်းအကြံပြုချက်ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် တသမတ်တည်းပံ့ပိုးကူညီခဲ့သော ဆော်ဒီအာရေးဗျနိုင်ငံကို အလွန်ကျေးဇူးတင်မိကြောင်းလည်း ကွင်ဂန်းက ပြောကြားခဲ့သည်။ တရုတ် နှင့် ဆော်ဒီအာရေးဗျနိုင်ငံ နှစ်နိုင်ငံလုံးသည် စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး နှင့် အဆင့်မြင့်နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုချဲ့ထွင်သင့်ကြောင်း ကွင်ဂန်းက ပြောကြားခဲ့သည်။
ထို့အပြင် ကွင်ဂန်းသည် တရုတ်-ပင်လယ်ကွေ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုအားကောင်းလာ စေရန် နှင့် တရုတ်-ပင်လယ်ကွေ့ လွတ်လပ်သော ကုန်သွယ်မှုဇုန်ကို အမြန်ဆုံးတည်ဆောက်ရန် တိုက်တွန်းပြော ဆိုခဲ့ကြောင်းလည်း သိရသည်။ ဆော်ဒီအာရေးဗျနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို နိုင်ငံခြားဆက်ဆံရေး ၏ အရေးကြီးသော အခြေခံအုတ်မြစ်တစ်ခုအဖြစ် မြင်ကြောင်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အပြည့်အဝ လိုက်နာထောက်ခံကြောင်း တော်ဝင်မင်းသား Faisal bin Farhan Al Saud က ပြောဆိုခဲ့သည်။
အာဖရိကနိုင်ငံ အများအပြားသို့ ခရီးလှည့်လည်သွားရောက်ခဲ့သော ကွင်ဂန်းသည် နယ်သာလန်ဒုဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Wopke Hoekstra၊ အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Santiago Cafierro တို့နှင့် ဖုန်းခေါ်ဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။ မကြာသေးမီက တရုတ်သမ္မတရှီကျင့်ဖျင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် တရုတ် နှင့် ဆော်ဒီအာရေဗျနိုင်ငံကြား ဆက်ဆံရေးပိုမိုကောင်းမွန် လာခဲ့ပြီး တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံကြား ရေနံကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျော့ချပြီး တရုတ်နိုင်ငံသုံး ယွမ်ငွေဖြင့် ပေးချေမည့်ကိစ္စများကိုလည်း သဘောတူညီထားကြောင်း သတင်းများ က ဆိုသည်။

Zawgyi Version;
ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ႏွင့္ ပိုမိုခိုင္မာေသာဆက္ဆံေရးမ်ား တည္ေဆာက္လိုေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာ
Pika (NP News) - ဇန္နဝါရီ ၃၁
တ႐ုတ္ႏိုင္ငံသည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံႏွင့္ ပိုမိုခိုင္မာေသာဆက္ဆံေရးကိုတည္ေဆာက္ၿပီး တ႐ုတ္-ပင္လယ္ေကြ႕ လြတ္လပ္ေသာ ကုန္သြယ္ေရးဇုန္ကို အျမန္ဆုံးတည္ေဆာက္လိုေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ကြင္ဂန္း Qin Gang က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္လတြင္ အေမရိကန္ဆိုင္ရာတ႐ုတ္သံအမတ္အျဖစ္မွ ဝန္ႀကီးအျဖစ္ ရာထူးတိုးျမႇင့္ျခင္းခံခဲ့ရေသာ ကြင္ဂန္းသည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံေတာ္ဝင္မင္းသား Faisal bin Farhan Al Saud ႏွင့္ ဖုန္းေခၚဆိုမႈအတြင္း ယင္းအႀကံျပဳခ်က္ကို ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
တ႐ုတ္ႏိုင္ငံ၏ အက်ိဳးစီးပြားႏွင့္ပတ္သက္သည့္ ကိစၥရပ္မ်ားတြင္ တသမတ္တည္းပံ့ပိုးကူညီခဲ့ေသာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို အလြန္ေက်းဇူးတင္မိေၾကာင္းလည္း ကြင္ဂန္းက ေျပာၾကားခဲ့သည္။ တ႐ုတ္ ႏွင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ႏွစ္ႏိုင္ငံလုံးသည္ စီးပြားေရး၊ ကုန္သြယ္ေရး၊ စြမ္းအင္၊ အေျခခံအေဆာက္အအုံ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ဘ႑ာေရး ႏွင့္ အဆင့္ျမင့္နည္းပညာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုခ်ဲ႕ထြင္သင့္ေၾကာင္း ကြင္ဂန္းက ေျပာၾကားခဲ့သည္။
ထို႔အျပင္ ကြင္ဂန္းသည္ တ႐ုတ္-ပင္လယ္ေကြ႕ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးကို ပိုမိုအားေကာင္းလာ ေစရန္ ႏွင့္ တ႐ုတ္-ပင္လယ္ေကြ႕ လြတ္လပ္ေသာ ကုန္သြယ္မႈဇုန္ကို အျမန္ဆုံးတည္ေဆာက္ရန္ တိုက္တြန္းေျပာ ဆိုခဲ့ေၾကာင္းလည္း သိရသည္။ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးကို ႏိုင္ငံျခားဆက္ဆံေရး ၏ အေရးႀကီးေသာ အေျခခံအုတ္ျမစ္တစ္ခုအျဖစ္ ျမင္ေၾကာင္း တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို အျပည့္အဝ လိုက္နာေထာက္ခံေၾကာင္း ေတာ္ဝင္မင္းသား Faisal bin Farhan Al Saud က ေျပာဆိုခဲ့သည္။
အာဖရိကႏိုင္ငံ အမ်ားအျပားသို႔ ခရီးလွည့္လည္သြားေရာက္ခဲ့ေသာ ကြင္ဂန္းသည္ နယ္သာလန္ဒုဝန္ႀကီးခ်ဳပ္ ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ Wopke Hoekstra၊ အာဂ်င္တီးနားႏိုင္ငံျခားေရးဝန္ႀကီး Santiago Cafierro တို႔ႏွင့္ ဖုန္းေခၚဆိုမႈမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။ မၾကာေသးမီက တ႐ုတ္သမၼတရွီက်င့္ဖ်င့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ၿပီးေနာက္ တ႐ုတ္ ႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံၾကား ဆက္ဆံေရးပိုမိုေကာင္းမြန္ လာခဲ့ၿပီး တ႐ုတ္ႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံၾကား ေရနံကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာ အသုံးျပဳမႈကို ေလ်ာ့ခ်ၿပီး တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြျဖင့္ ေပးေခ်မည့္ကိစၥမ်ားကိုလည္း သေဘာတူညီထားေၾကာင္း သတင္းမ်ား က ဆိုသည္။