ရွှေဘို-မန္တလေးကားလမ်းပေါ်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိမှု ရွှေဘိုမြို့၌ဖြစ်ပွား

689

စော (NP News) - ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏာန်းကျေးရွာအနီး ဝက်လက်-ရွှေဘို-မန္တလေးကားလမ်းပေါ်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာနေ ဦးသက်နိုင်စိုး (၄၂)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်သူရထင်ကျော် (၇)နှစ်နှင့်အတူ ဆိုင်ကယ်ဖြင့်ထွက်ခွာလာကြောင်းသိရသည်။
ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့်လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးသက်နိုင်စိုးနှင့် မောင်သူရထင်ကျော်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အမှိုက်တောင်းအတွင်း၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ဝ ရက် ၊ ည ၇နာရီခွဲအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ မြဝတီလမ်းနှင့် ကရင်ချောင်းလမ်းဆုံ၌ ယာဉ်နားနေဆောင်အနီး အမှိုက်တောင်းအတွင်းမှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦးထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေ႐ႊဘို-မႏၲေလးကားလမ္းေပၚတြင္ ေပါက္ကြဲမႈတစ္ခုေၾကာင့္ အမ်ိဳးသားႏွစ္ဦးထိခိုက္ဒဏ္ရာရရွိမႈ ေ႐ႊဘိုၿမိဳ႕၌ျဖစ္ပြား
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္၊ တဂဏာန္းေက်း႐ြာအနီး ဝက္လက္-ေ႐ႊဘို-မႏၲေလးကားလမ္းေပၚတြင္ ေပါက္ကြဲမႈတစ္ခုေၾကာင့္ အမ်ိဳးသားႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၃၁ ရက္၊ နံနက္ ၉နာရီခြဲအခ်ိန္တြင္ ဝက္လက္ၿမိဳ႕နယ္၊ လွေတာေက်း႐ြာေန ဦးသက္ႏိုင္စိုး (၄၂)ႏွစ္သည္ ၎၏သားျဖစ္သူ ေမာင္သူရထင္ေက်ာ္ (၇)ႏွစ္ႏွင့္အတူ ဆိုင္ကယ္ျဖင့္ထြက္ခြာလာေၾကာင္းသိရသည္။
ဆိုင္ကယ္ျဖင့္ထြက္ခြာလာစဥ္ အၾကမ္းဖက္အဖြဲ႕မ်ား ေထာင္ထားသည့္လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ဦးသက္ႏိုင္စိုးႏွင့္ ေမာင္သူရထင္ေက်ာ္တို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕နယ္တြင္ အမႈိက္ေတာင္းအတြင္း၌ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၃ဝ ရက္ ၊ ည ၇နာရီခြဲအခ်ိန္တြင္ အမွတ္(၃)ရပ္ကြက္၊ ျမဝတီလမ္းႏွင့္ ကရင္ေခ်ာင္းလမ္းဆုံ၌ ယာဥ္နားေနေဆာင္အနီး အမႈိက္ေတာင္းအတြင္းမွ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထိုေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦးထိခိုက္ပ်က္စီးမႈမရွိေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားမွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။