အိန္ဒိယကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ ကူညီထောက် ခံပေးသွားမယ်လို့ ရုရှားနိုင်ငံ ကတိပြု

708

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၄
ရုရှားနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကို ကုလမသဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်အောင် ကူညီထောက်ခံပေးသွားမှာဖြစ်ကြောင်း ရုရှားသံအမတ်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလီပေါဗ့်က "ရုရှားအစိုးရဟာ အိန္ဒိယကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်အောင်ကူညီပေးမယ်လို့ ကတိပေးထားပါတယ်။ အိန္ဒိယဟာ လက်ရှိအချိန်မှာ ဂျီ ၂ဝ အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂျီ ၂ဝ အဖွဲ့ ဥက္ကဋ္ဌတာဝန်ယူချိန်မှာအစားအစာပြသာနာတွေ၊ စွမ်းအင်အရေးပေါ်ကိစ္စတွေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုအကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တဲ့အတွက် ချီးကျူးပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့တောင်ပိုင်းရေးရာကိစ္စတွေမှာအကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့တယ်"လို့ပြောပါတယ်။
ရုရှားနဲ့အိန္ဒိယတို့ဟာ အတူတကွပူးပေါင်းပြီး အောင်မြင်မှုတွေ အမှန်တကယ်ရယူနိုင်အောင်ကြိုးပမ်းနေသလို တည်ငြိမ်မှုကိုထိခိုက်စေတဲ့အရာတွေ၊ မယုံကြည်မှုတွေဖြစ်စေမယ့်အရာတွေကို တုံ့ပြန်ဆောင်ရွက်သွားဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ရုရှားသံအမတ်ကြီးကပြောပါတယ်။
လက်ရှိအချိန်မှာ အိန္ဒိယနဲ့ ရုရှားတို့ ဦးဆောင်ပါဝင်နေတဲ့ BRICS အဖွဲ့ထဲကိုပါဝင်ဖို့ လိုလားနေတဲ့ နိုင်ငံအများအပြားရှိနေပြီး အဲဒီနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေသေးကြောင်း ၎င်းကပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်ခဲ့ပါတယ်။ အထူးသဖြင့် အပြန်အလှန်ကုန်သွယ်မှုတွေမှာအရင်ထက် ပိုမိုတိုးမြင့်လာခဲ့ကြောင်းသိရပါတယ်။ ရုရှားကို ပိတ်ဆို့မှုများချမှတ်ဖို့ အိန္ဒိယကို အမေရိကန်နိုင်ငံက ဖိအားပေးခဲ့ပေမယ့် အိန္ဒိယဟာ အမေရိကန်ရဲ့တောင်းဆိုချက်ကို လက်မခံဘဲ အိန္ဒိယ နဲ့ ရုရှားနိုင်ငံကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအဖွဲ့ဝင် (၁၅)နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အမြဲတမ်းအဖွဲ့ဝင် (၅)နိုင်ငံနဲ့ကိုယ်စားပြုရွေးချယ်ခံရတဲ့နိုင်ငံ (၁ဝ)နိုင်ငံတို့ပါဝင်နေကြောင်းသိရပါတယ်။ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့က ကုလသမဂ္ဂလုံခြုံ ရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။

zawgyi version
အိႏၵိယကို ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေစဖို႔ ကူညီေထာက္ ခံေပးသြားမယ္လို႔ ႐ုရွားႏိုင္ငံ ကတိျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၄
႐ုရွားႏိုင္ငံအေနနဲ႔ အိႏၵိယႏိုင္ငံကို ကုလမသဂၢလုံၿခဳံေရးေကာင္စီရဲ႕အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေအာင္ ကူညီေထာက္ခံေပးသြားမွာျဖစ္ေၾကာင္း ႐ုရွားသံအမတ္ႀကီးကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အိႏၵိယႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး အလီေပါဗ့္က "႐ုရွားအစိုးရဟာ အိႏၵိယကို ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေအာင္ကူညီေပးမယ္လို႔ ကတိေပးထားပါတယ္။ အိႏၵိယဟာ လက္ရွိအခ်ိန္မွာ ဂ်ီ ၂ဝ အဖြဲ႕ရဲ႕ အလွည့္က်ဥကၠ႒တာဝန္ယူေနတာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံဟာ ဂ်ီ ၂ဝ အဖြဲ႕ ဥကၠ႒တာဝန္ယူခ်ိန္မွာအစားအစာျပသာနာေတြ၊ စြမ္းအင္အေရးေပၚကိစၥေတြနဲ႔ပတ္သက္တဲ့ စိန္ေခၚမႈေတြကိုအေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးပါတယ္။ အိႏၵိယဟာ ကမာၻ႔ေတာင္ပိုင္းေရးရာကိစၥေတြမွာအေကာင္းဆုံးလုပ္ေဆာင္ျပႏိုင္ခဲ့တယ္"လို႔ေျပာပါတယ္။
႐ုရွားနဲ႔အိႏၵိယတို႔ဟာ အတူတကြပူးေပါင္းၿပီး ေအာင္ျမင္မႈေတြ အမွန္တကယ္ရယူႏိုင္ေအာင္ႀကိဳးပမ္းေနသလို တည္ၿငိမ္မႈကိုထိခိုက္ေစတဲ့အရာေတြ၊ မယုံၾကည္မႈေတြျဖစ္ေစမယ့္အရာေတြကို တုံ႔ျပန္ေဆာင္႐ြက္သြားဖို႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း ႐ုရွားသံအမတ္ႀကီးကေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အိႏၵိယနဲ႔ ႐ုရွားတို႔ ဦးေဆာင္ပါဝင္ေနတဲ့ BRICS အဖြဲ႕ထဲကိုပါဝင္ဖို႔ လိုလားေနတဲ့ ႏိုင္ငံအမ်ားအျပားရွိေနၿပီး အဲဒီႏိုင္ငံေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ လိုအပ္ေနေသးေၾကာင္း ၎ကေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားတို႔ၾကားစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အိႏၵိယနဲ႔ ႐ုရွားႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမင့္တက္ခဲ့ပါတယ္။ အထူးသျဖင့္ အျပန္အလွန္ကုန္သြယ္မႈေတြမွာအရင္ထက္ ပိုမိုတိုးျမင့္လာခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွားကို ပိတ္ဆို႔မႈမ်ားခ်မွတ္ဖို႔ အိႏၵိယကို အေမရိကန္ႏိုင္ငံက ဖိအားေပးခဲ့ေပမယ့္ အိႏၵိယဟာ အေမရိကန္ရဲ႕ေတာင္းဆိုခ်က္ကို လက္မခံဘဲ အိႏၵိယ နဲ႔ ႐ုရွားႏိုင္ငံၾကား စြမ္းအင္က႑ပူးေပါင္းေဆာင္႐ြက္ေရးတိုးျမႇင့္ခဲ့ပါတယ္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီကိုအဖြဲ႕ဝင္ (၁၅)ႏိုင္ငံနဲ႔ ဖြဲ႕စည္းထားၿပီး အၿမဲတမ္းအဖြဲ႕ဝင္ (၅)ႏိုင္ငံနဲ႔ကိုယ္စားျပဳေ႐ြးခ်ယ္ခံရတဲ့ႏိုင္ငံ (၁ဝ)ႏိုင္ငံတို႔ပါဝင္ေနေၾကာင္းသိရပါတယ္။ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္၊ ၿဗိတိန္၊ ျပင္သစ္ႏိုင္ငံတို႔က ကုလသမဂၢလုံၿခဳံ ေရးေကာင္စီရဲ႕အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္ပါတယ္။