ကူဝိတ်နိုင်ငံတွင် ဖိလစ်ပိုင်အိမ်အကူအမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံသားအများစု ကူဝိတ်နိုင်ငံမှ ပြန်လာ

1036

Pika (NP News) - ဖေဖော်ဝါရီ ၇
ကူဝိတ်နိုင်ငံတွင် ပြီးခဲ့သည့်လက Jullebee Ranara အမည်ရှိ အိမ်အကူအမျိုးသမီးတစ်ဦး အသတ်ခံရပြီးနောက် လေးရက်အတွင်း ဖိလစ်ပိုင်နိုင်ငံသား အိမ်အကူ(၁၁၄)ဦး နိုင်ငံအတွင်းက ထွက်ခွာသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
Jullebee Ranara အမည်ရှိ အသက်(၃၅)နှစ်အရွယ် အိမ်အကူအမျိုးသမီးသည် အသက်(၁၇)နှစ်အရွယ် ကောင်လေးတစ်ဦး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပြီး မီးရှို့သတ်ခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်လ အစောပိုင်းက အိမ်အကူအမျိုးသမီးက ၎င်းသည် အလုပ်ရှင်၏သားဖြစ်သူကို ကြောက်ရွံ့ကြောင်း ၎င်း၏မိသားစုနှင့် စကားပြောဆိုချိန်အတွင်း ပြောဆိုခဲ့သည်။
ယင်းကဲ့သို့ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အိမ်အကူအမျိုးသမီးကို သဲကန္တာရလမ်းဘေးတွင် ဦးခေါင်းခွံ ကွဲအက်ပြီး ခန္ဓာကိုယ်မီးလောင်ထားသည့်အခြေအနေဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။ ကူဝိတ်နိုင်ငံ အတွင်း ဖိလစ်ပိုင်အလုပ်သမားများအား အဓမ္မပြုကျင့်ခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်းများကို တားဆီးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဝန်ကြီးဌာနသည် ကူဝိတ်နိုင်ငံ၏ အလုပ်သမားစုဆောင်းရေးရုံးများကို အမည်ပျက်စာရင်းသွင်းခဲ့ပြီး ကူဝိတ်နိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ဖိလစ်ပိုင်အလုပ်သမားများ စေလွှတ်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။
အိမ်အကူအမျိုးသမီး၏ ဆေးစစ်ချက်များကို လက်ခံရရှိပြီးနောက် ကူဝိတ်ပြည်ထဲရေးဝန်ကြီးဌာနသည် (၂၄)နာရီ အတွင်း အမှုကို ချက်ချင်းဖြေရှင်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကူဝိတ်နိုင်ငံမှ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦး သည် အိမ်အကူအမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်းလည်း သိရသည်။
ကူဝိတ်နိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံသား (၂၆၈ဝဝဝ) အပါအဝင် အခြားအိမ်အကူများစွာ အလုပ်လုပ်ကိုင်နေကြ ကြောင်းလည်း သိရသည်။ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ သား သန်း(၁၁ဝ) ၏ (၁ဝ) ရာခိုင်နှုန်းသည် အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ပြီး အလုပ်လုပ်ကိုင်ခဲ့ကြကြောင်း လည်း သိရသည်။
အဆိုပါ (၁ဝ)ရာခိုင်နှုန်းသည် နိုင်ငံပေါင်း(၂ဝဝ)ကျော်တွင် အလုပ်လုပ်ကိုင်ခြင်း (သို့မဟုတ်) နေထိုင်ကြပြီး ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကို ထိန်းထားရန်အတွက် ၎င်းတို့၏ငွေလွှဲမှုများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းလည်း သိရသည်။

Zawgyi Version;
ကူဝိတ္ႏိုင္ငံတြင္ ဖိလစ္ပိုင္အိမ္အကူအမ်ိဳးသမီး အဓမၼျပဳက်င့္သတ္ျဖတ္ခံရၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံသားအမ်ားစု ကူဝိတ္ႏိုင္ငံမွ ျပန္လာ
Pika (NP News) - ေဖေဖာ္ဝါရီ ၇
ကူဝိတ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္လက Jullebee Ranara အမည္ရွိ အိမ္အကူအမ်ိဳးသမီးတစ္ဦး အသတ္ခံရၿပီးေနာက္ ေလးရက္အတြင္း ဖိလစ္ပိုင္ႏိုင္ငံသား အိမ္အကူ(၁၁၄)ဦး ႏိုင္ငံအတြင္းက ထြက္ခြာသြားခဲ့ေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
Jullebee Ranara အမည္ရွိ အသက္(၃၅)ႏွစ္အ႐ြယ္ အိမ္အကူအမ်ိဳးသမီးသည္ အသက္(၁၇)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦး၏ အဓမၼျပဳက်င့္မႈကို ခံခဲ့ရၿပီး မီးရႈိ႕သတ္ခံရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္လ အေစာပိုင္းက အိမ္အကူအမ်ိဳးသမီးက ၎သည္ အလုပ္ရွင္၏သားျဖစ္သူကို ေၾကာက္႐ြံ႕ေၾကာင္း ၎၏မိသားစုႏွင့္ စကားေျပာဆိုခ်ိန္အတြင္း ေျပာဆိုခဲ့သည္။
ယင္းကဲ့သို႔ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ အိမ္အကူအမ်ိဳးသမီးကို သဲကႏၲာရလမ္းေဘးတြင္ ဦးေခါင္းခြံ ကြဲအက္ၿပီး ခႏၶာကိုယ္မီးေလာင္ထားသည့္အေျခအေနျဖင့္ ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ကူဝိတ္ႏိုင္ငံ အတြင္း ဖိလစ္ပိုင္အလုပ္သမားမ်ားအား အဓမၼျပဳက်င့္ျခင္းႏွင့္ ႏွိပ္စက္ညႇင္းပန္းျခင္းမ်ားကို တားဆီးရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္အစိုးရက ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဖိလစ္ပိုင္ႏိုင္ငံရွိ ေ႐ႊ႕ေျပာင္းအလုပ္သမားဝန္ႀကီးဌာနသည္ ကူဝိတ္ႏိုင္ငံ၏ အလုပ္သမားစုေဆာင္းေရး႐ုံးမ်ားကို အမည္ပ်က္စာရင္းသြင္းခဲ့ၿပီး ကူဝိတ္ႏိုင္ငံတြင္ အလုပ္လုပ္ရန္အတြက္ ဖိလစ္ပိုင္အလုပ္သမားမ်ား ေစလႊတ္ျခင္းကို တားျမစ္ထားေၾကာင္း သိရသည္။
အိမ္အကူအမ်ိဳးသမီး၏ ေဆးစစ္ခ်က္မ်ားကို လက္ခံရရွိၿပီးေနာက္ ကူဝိတ္ျပည္ထဲေရးဝန္ႀကီးဌာနသည္ (၂၄)နာရီ အတြင္း အမႈကို ခ်က္ခ်င္းေျဖရွင္းခဲ့ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ကူဝိတ္ႏိုင္ငံမွ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးတစ္ဦး သည္ အိမ္အကူအမ်ိဳးသမီးကို အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့သည္ဟု စြပ္စြဲခံထားရေၾကာင္းလည္း သိရသည္။
ကူဝိတ္ႏိုင္ငံတြင္ ဖိလစ္ပိုင္ႏိုင္ငံသား (၂၆၈ဝဝဝ) အပါအဝင္ အျခားအိမ္အကူမ်ားစြာ အလုပ္လုပ္ကိုင္ေနၾက ေၾကာင္းလည္း သိရသည္။ ဆင္းရဲမြဲေတမႈႏွင့္ အလုပ္လက္မဲ့ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာျခင္းေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံ သား သန္း(၁၁ဝ) ၏ (၁ဝ) ရာခိုင္ႏႈန္းသည္ အျခားႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ၿပီး အလုပ္လုပ္ကိုင္ခဲ့ၾကေၾကာင္း လည္း သိရသည္။
အဆိုပါ (၁ဝ)ရာခိုင္ႏႈန္းသည္ ႏိုင္ငံေပါင္း(၂ဝဝ)ေက်ာ္တြင္ အလုပ္လုပ္ကိုင္ျခင္း (သို႔မဟုတ္) ေနထိုင္ၾကၿပီး ဖိလစ္ပိုင္ႏိုင္ငံ၏ စီးပြားေရးကို ထိန္းထားရန္အတြက္ ၎တို႔၏ေငြလႊဲမႈမ်ားသည္ အေရးႀကီးေသာ အခန္းက႑မွ ပါဝင္ေၾကာင္းလည္း သိရသည္။