MPT ရုံးမီးလောင်မှုဖြစ်ပွားပြီးနောက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုဖြစ်ပွား

 2115

NP News - ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက်(၁ဝ)နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ MPT Exchange ရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဥ်များနှင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်များမှ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက်(၁ဝ)နာရီ (၄၅)မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် MPT ဖုန်းလိုင်းများအပါအဝင် MPT WiFi များ ပြတ်တောက်နေမည်ဖြစ်ကြောင်း MPT ဆက်သွယ်ရေးရုံးမှ အသိပေးအကြောင်း ကြားစာ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မီးလောင်မှုနှင့် ပတ်သက်၍ အတိအကျမသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
MPT ႐ုံးမီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္မႈျဖစ္ပြား
NP News - ေဖေဖာ္ဝါရီ ၇

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ MPT Exchange ႐ုံးမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၇ ရက္)၊ နံနက္(၁ဝ)နာရီခြဲအခ်ိန္ခန႔္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္၊ ကမာၻေအးဘုရားလမ္းရွိ MPT Exchange ႐ုံးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ မီးသတ္ယာဥ္မ်ားႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ားမွ ထြက္ခြာျငႇိမ္းသတ္ခဲ့ၿပီး နံနက္(၁ဝ)နာရီ (၄၅)မိနစ္ အခ်ိန္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ MPT ဖုန္းလိုင္းမ်ားအပါအဝင္ MPT WiFi မ်ား ျပတ္ေတာက္ေနမည္ျဖစ္ေၾကာင္း MPT ဆက္သြယ္ေရး႐ုံးမွ အသိေပးအေၾကာင္း ၾကားစာ ထုတ္ျပန္ထားသည္။

လက္ရွိတြင္ မီးေလာင္မႈႏွင့္ ပတ္သက္၍ အတိအက်မသိရွိရေသးဘဲ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.