ရေတွင်းထဲသို့ပြုတ်ကျသွားသော အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်ကို ထိုင်းအာဏာပိုင်များ အောင်မြင်စွာ ကယ်တင်ပေးနိုင်ခဲ့

715

Pika (NP News) - ဖေဖော်ဝါရီ ၇
ထိုင်းနိုင်ငံ ဝေးလံခေါင်သီသော ဒေသတွင် အနက်(၁၃)မီတာရှိသော ရေတွင်းထဲသို့ ကျသွားသော ကလေးငယ်ကို ကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးအေဂျင်စီများသည် တူးဖော်ရေးလုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့ ရပြီးနောက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရွှံ့နွံ့များထဲတွင် တစ်ညလုံးပိတ်မိနေခဲ့သော (၁၉)လသားအရွယ် မိန်းကလေးငယ်ကို ကယ်ဆယ်ခဲ့ပြီးနောက် ဆေးကုသမှုများ လုပ်ဆောင်ရန်အတွက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များ က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ(၆)ရက်၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ နယ်စပ်အနီးရှိ တက်ခ်ပြည်နယ်တွင် အဆိုပါမိန်းကလေးငယ်သည် ဆော့ကစားနေစဉ် အနက်(၁၃)မီတာ အကျယ်(၃ဝ)စင်တီမီတာရှိသော ရေတွင်းထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရေတွင်းထဲတွင် (၁၆)နာရီကျော်ကြာ ပိတ်မိနေခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစု၏ သမီးဖြစ်သူကို ကယ်ဆယ်နိုင်ရန်အတွက် ကယ်ဆယ်ရေးသမား (၁ဝဝ) ကျော် ပါဝင်ကူညီခဲ့ကြကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးသမားများသည် ရေတွင်းထဲသို့ ကင်မရာတစ်လုံးကို ချခဲ့ပြီး မျက်နှာပေါ်တွင် ရွှံ့များပေနေကာ ငိုနေသောကလေးငယ်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းအသက်ရှုနိုင်ရန်အတွက် လေပေါက်ဖွင့်ပေးခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် တူးဖော်ရေးလုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့ပြီး နောက် ဖေဖော်ဝါရီ(၇)ရက်၊ နံနက်(၉)နာရီခွဲ အချိန်တွင် ကလေးငယ် ရှိရာနေရာသို့ ရောက်ရှိခဲ့ကြောင်း တစ်နာရီ အကြာတွင် ၎င်းကို မြေမျက်နှာပြင်ပေါ်သို့ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များ က ပြောကြားခဲ့ သည်။
မတော်တဆမှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးသမားများသည် ဦးထုပ်များဆောင်းကာ မြေနီလျှိုကြီး၏ အောက်ခြေတွင် ခက်ခက်ခဲခဲတူးဖော်နေကြပြီး ဘေးနားတွင် လူနာတင်ယာဉ်တစ်စီး အသင့်စောင့်နေသည်ကို ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များတွင် တွေ့ခဲ့ရသည်။

Zawgyi Version;
ေရတြင္းထဲသို႔ျပဳတ္က်သြားေသာ အသက္ ၁ ႏွစ္ခြဲအ႐ြယ္ ကေလးငယ္ကို ထိုင္းအာဏာပိုင္မ်ား ေအာင္ျမင္စြာ ကယ္တင္ေပးႏိုင္ခဲ့
Pika (NP News) - ေဖေဖာ္ဝါရီ ၇
ထိုင္းႏိုင္ငံ ေဝးလံေခါင္သီေသာ ေဒသတြင္ အနက္(၁၃)မီတာရွိေသာ ေရတြင္းထဲသို႔ က်သြားေသာ ကေလးငယ္ကို ကယ္ဆယ္ရန္အတြက္ ကယ္ဆယ္ေရးေအဂ်င္စီမ်ားသည္ တူးေဖာ္ေရးလုပ္ငန္းမ်ားကို ညလုံးေပါက္ လုပ္ေဆာင္ခဲ့ ရၿပီးေနာက္ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
႐ႊံ႕ႏြံ႕မ်ားထဲတြင္ တစ္ညလုံးပိတ္မိေနခဲ့ေသာ (၁၉)လသားအ႐ြယ္ မိန္းကေလးငယ္ကို ကယ္ဆယ္ခဲ့ၿပီးေနာက္ ေဆးကုသမႈမ်ား လုပ္ေဆာင္ရန္အတြက္ ေဆး႐ုံသို႔ ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။
ေဖေဖာ္ဝါရီ(၆)ရက္၊ မြန္းလြဲပိုင္းက ျမန္မာႏိုင္ငံ နယ္စပ္အနီးရွိ တက္ခ္ျပည္နယ္တြင္ အဆိုပါမိန္းကေလးငယ္သည္ ေဆာ့ကစားေနစဥ္ အနက္(၁၃)မီတာ အက်ယ္(၃ဝ)စင္တီမီတာရွိေသာ ေရတြင္းထဲသို႔ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေရတြင္းထဲတြင္ (၁၆)နာရီေက်ာ္ၾကာ ပိတ္မိေနခဲ့ေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမိသားစု၏ သမီးျဖစ္သူကို ကယ္ဆယ္ႏိုင္ရန္အတြက္ ကယ္ဆယ္ေရးသမား (၁ဝဝ) ေက်ာ္ ပါဝင္ကူညီခဲ့ၾကေၾကာင္းလည္း သိရသည္။
ကယ္ဆယ္ေရးသမားမ်ားသည္ ေရတြင္းထဲသို႔ ကင္မရာတစ္လုံးကို ခ်ခဲ့ၿပီး မ်က္ႏွာေပၚတြင္ ႐ႊံ႕မ်ားေပေနကာ ငိုေနေသာကေလးငယ္ကို ေတြ႕ရွိခဲ့ၿပီးေနာက္ ၎အသက္ရႈႏိုင္ရန္အတြက္ ေလေပါက္ဖြင့္ေပးျခင္းမ်ား လုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။ ကယ္ဆယ္ေရးသမားမ်ားသည္ တူးေဖာ္ေရးလုပ္ငန္းမ်ားကို ညလုံးေပါက္ လုပ္ေဆာင္ခဲ့ၿပီး ေနာက္ ေဖေဖာ္ဝါရီ(၇)ရက္၊ နံနက္(၉)နာရီခြဲ အခ်ိန္တြင္ ကေလးငယ္ ရွိရာေနရာသို႔ ေရာက္ရွိခဲ့ေၾကာင္း တစ္နာရီ အၾကာတြင္ ၎ကို ေျမမ်က္ႏွာျပင္ေပၚသို႔ ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ား က ေျပာၾကားခဲ့ သည္။
မေတာ္တဆမႈျဖစ္ပြားရာေနရာတြင္ ကယ္ဆယ္ေရးသမားမ်ားသည္ ဦးထုပ္မ်ားေဆာင္းကာ ေျမနီလွ်ိဳႀကီး၏ ေအာက္ေျခတြင္ ခက္ခက္ခဲခဲတူးေဖာ္ေနၾကၿပီး ေဘးနားတြင္ လူနာတင္ယာဥ္တစ္စီး အသင့္ေစာင့္ေနသည္ကို ဆိုရွယ္မီဒီယာမ်ားေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္မ်ားတြင္ ေတြ႕ခဲ့ရသည္။