မြန်မာနိုင်ငံသားတစ်ဦး ထိုင်းနိုင်ငံမှာ သေကြောင်းကြံစည်မှုဖြစ်ပွား

1675

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၇
အသက် ၅၆ နှစ်အရွယ်ရှိ ဦးစောထွန်းအောင်သိန်းအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဟာ ထိုင်းနိုင်ငံ Bang Phli ဒေသရှိ ၎င်းတို့ငှားရမ်းနေထိုင်နေသော အခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေခဲ့တယ်လို့ ထိုင်းသတင်းတွေ က ဖော်ပြထားပါတယ်။
၎င်းဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရှိ Bang Pla အရပ်ရှိ Moo 12 ရွာရှိ အထပ်မြင့်အဆောက်အဦး၏ ၂ လွှာရှိ အခန်းမှာ သမီး၊ သားမက်တို့နဲ့အတူ နေထိုင်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါမြန်မာနိုင်ငံသားဟာ ငှားရမ်းနေထိုင်နေတဲ့ အခန်းလသာဆောင်ရှိ တန်းကနေ အစိမ်းရောင်နိုင်လွန်ကြိုးကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ခြင်းဖြစ်ကြောင်း၊ လည်ပင်းမှာ အစိမ်းရောင် နိုင်လွန်ကြိုး ချည်ထားပြီး ခြေထောက်က အောက်ကြမ်းပြင်နှင့် လွတ်နေကြောင်း၊ လက်နှစ်ဖက်မှာလည်း နိုင်လွန်ကြိုးပမ်းများ ချည်နှောင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့က သေဆုံးသူကို တစ်စုံတစ်ဦး တိုက်ခိုက်ခဲ့ပုံမပေါ်ကြောင်း၊ စီစီတီဗွီမှတ်တမ်းများကို ပြန်လည် ကြည့်ချိန်မှာလည်း ၎င်းတို့အခန်းကို လာရောက်သူမတွေ့ရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ သမီးဖြစ်သူက ဖခင်ဖြစ်သူဟာ လအတန်ကြာ အလုပ်လက်မဲ့ဖြစ်နေသူဖြစ်ပြီး မြန်မာနိုင်ငံသို့ပြန်ဖို့ လိုလားနေသူဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ၎င်းရဲ့သားသမီးအားလုံးဟာ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့အတွက် မြန်မာနိုင်ငံကို ပြန်မယ့်အစီအစဉ်ကို ခွင့်မပြုခဲ့ကြောင်း သမီးဖြစ်သူ က ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က ခင်ပွန်းဖြစ်သူနဲ့အတူ နံနက်ပိုင်းကတည်းက အလုပ်သွားခဲ့ပြီး ည ၈ နာရီကျော်ချိန်မှာ အိမ်ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဖခင်ဖြစ်သူကို သေဆုံးနေခြင်းကို တွေ့ရှိခဲ့ကြောင်း ဦးစောထွန်းအောင်သိန်းရဲ့သမီးဖြစ်သူ က ပြောပါတယ်။
၎င်းရဲ့သမီးဖြစ်သူက ဖခင်ဖြစ်သူဟာ လအတန်ကြာ အလုပ်လက်မဲ့ဖြစ်နေမှုအပေါ် စိတ်ကျဝေဒနာရရှိနေပြီး သေကြောင်းကြံစည်သွားခြင်းဖြစ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ ရုပ်အလောင်းကို ဆေးရုံကို ပို့ဆောင်ပြီး ဆေးစစ်မှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Zawgyi Version;
ျမန္မာႏိုင္ငံသားတစ္ဦး ထိုင္းႏိုင္ငံမွာ ေသေၾကာင္းႀကံစည္မႈျဖစ္ပြား
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၇
အသက္ ၅၆ ႏွစ္အ႐ြယ္ရွိ ဦးေစာထြန္းေအာင္သိန္းအမည္ရွိ ျမန္မာႏိုင္ငံသားတစ္ဦးဟာ ထိုင္းႏိုင္ငံ Bang Phli ေဒသရွိ ၎တို႔ငွားရမ္းေနထိုင္ေနေသာ အခန္းအတြင္း ကိုယ့္ကိုယ္ကိုယ္ ႀကိဳးဆြဲခ်သတ္ေသခဲ့တယ္လို႔ ထိုင္းသတင္းေတြ က ေဖာ္ျပထားပါတယ္။
၎ဟာ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံရွိ Bang Pla အရပ္ရွိ Moo 12 ႐ြာရွိ အထပ္ျမင့္အေဆာက္အဦး၏ ၂ လႊာရွိ အခန္းမွာ သမီး၊ သားမက္တို႔နဲ႔အတူ ေနထိုင္ေနသူျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။
အဆိုပါျမန္မာႏိုင္ငံသားဟာ ငွားရမ္းေနထိုင္ေနတဲ့ အခန္းလသာေဆာင္ရွိ တန္းကေန အစိမ္းေရာင္ႏိုင္လြန္ႀကိဳးကို အသုံးျပဳၿပီး ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္သြားခဲ့ျခင္းျဖစ္ေၾကာင္း၊ လည္ပင္းမွာ အစိမ္းေရာင္ ႏိုင္လြန္ႀကိဳး ခ်ည္ထားၿပီး ေျခေထာက္က ေအာက္ၾကမ္းျပင္ႏွင့္ လြတ္ေနေၾကာင္း၊ လက္ႏွစ္ဖက္မွာလည္း ႏိုင္လြန္ႀကိဳးပမ္းမ်ား ခ်ည္ေႏွာင္ထားေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။
ထိုင္းရဲတပ္ဖြဲ႕က ေသဆုံးသူကို တစ္စုံတစ္ဦး တိုက္ခိုက္ခဲ့ပုံမေပၚေၾကာင္း၊ စီစီတီဗြီမွတ္တမ္းမ်ားကို ျပန္လည္ ၾကည့္ခ်ိန္မွာလည္း ၎တို႔အခန္းကို လာေရာက္သူမေတြ႕ရေၾကာင္း၊ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ သမီးျဖစ္သူက ဖခင္ျဖစ္သူဟာ လအတန္ၾကာ အလုပ္လက္မဲ့ျဖစ္ေနသူျဖစ္ၿပီး ျမန္မာႏိုင္ငံသို႔ျပန္ဖို႔ လိုလားေနသူျဖစ္တယ္လို႔ ေျပာပါတယ္။
ဒါေပမယ့္ ၎ရဲ႕သားသမီးအားလုံးဟာ ထိုင္းႏိုင္ငံမွာ လာေရာက္အလုပ္လုပ္ကိုင္ေနတဲ့အတြက္ ျမန္မာႏိုင္ငံကို ျပန္မယ့္အစီအစဥ္ကို ခြင့္မျပဳခဲ့ေၾကာင္း သမီးျဖစ္သူ က ေျပာပါတယ္။ ေဖေဖာ္ဝါရီ ၆ ရက္က ခင္ပြန္းျဖစ္သူနဲ႔အတူ နံနက္ပိုင္းကတည္းက အလုပ္သြားခဲ့ၿပီး ည ၈ နာရီေက်ာ္ခ်ိန္မွာ အိမ္ကို ျပန္လည္ေရာက္ရွိခဲ့ၿပီး ဖခင္ျဖစ္သူကို ေသဆုံးေနျခင္းကို ေတြ႕ရွိခဲ့ေၾကာင္း ဦးေစာထြန္းေအာင္သိန္းရဲ႕သမီးျဖစ္သူ က ေျပာပါတယ္။
၎ရဲ႕သမီးျဖစ္သူက ဖခင္ျဖစ္သူဟာ လအတန္ၾကာ အလုပ္လက္မဲ့ျဖစ္ေနမႈအေပၚ စိတ္က်ေဝဒနာရရွိေနၿပီး ေသေၾကာင္းႀကံစည္သြားျခင္းျဖစ္ဖြယ္ရွိတယ္လို႔ ေျပာပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ ႐ုပ္အေလာင္းကို ေဆး႐ုံကို ပို႔ေဆာင္ၿပီး ေဆးစစ္မႈေတြ ထပ္မံလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။