ဆီးရီးယားပြည်တွင်းစစ်က တိုင်းပြည်ကို ကွဲထွက်စေခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီးတို့ ကိုယ်စားပြု စစ်ခင်းတဲ့ ၁၂ နှစ်နီးပါးအကြာပဋိပက္ခအပြီး နိုင်ငံပြိုလဲသွားခဲ့

1414

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၅
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် တူရကီနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ဆီးရီးယားမှာ သေဆုံးသူ အရေ အတွက် ၅၇ဝဝ ကျော် ဖြစ်လာပေမယ့် ထိခိုက်မှုအများဆုံး ဒေသများထံ အကူအညီများ ရောက်ရှိဖို့ နှေးကွေးနေခဲ့ ပါတယ်။ နိုင်ငံကို ကွဲထွက်စေခဲ့ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ အပိုင်းအခြားနဲ့ (ကိုယ်စားပြု) တိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ်ကြောင့် ကယ်ဆယ်ရေးကြိုးပမ်းမှုများအပေါ် အဟန့်အတားဖြစ်စေခဲ့ရတယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။
အကျိုးဆက်အနေနဲ့ ၁၂ နှစ်နီးပါးကြာ ပဋိပက္ခများအပြီးမှာ ဆီးရီးယားနိုင်ငံဟာ ပြိုလဲပျက်စီးသွားခဲ့ရပါတယ်။ ရုရှားနဲ့ အီရန်တို့ကို ကျောထောက်နောက်ခံပြုထားတဲ့ သမ္မတ ဘာရှာအယ်လ်အာဆတ်ဟာ နိုင်ငံရဲ့ နယ်မြေ အစိတ်အပိုင်းအများအပြားကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သဘောထားတင်းမာတဲ့ (အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်များ၊ ဒေသတွင်း ဆွန်နီအုပ်စုထောက်ပံ့ခံ) အတိုက်အခံအုပ်စုများနဲ့ တူရကီကျော ထောက်နောက်ခံပြုတိုက်ခိုက်ရေးသမားများတို့ရှိရာ ဆီးရီးယားအနောက်မြောက်ပိုင်းမှာလူပေါင်း ၄ သန်းခန့် အတွက် အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
သူပုန်များ ထိန်းချုပ်ထားတဲ့ အနောက်မြောက်ပိုင်းဟာ ရစ်ခ်ျတာစကေး ၇.၈ အင်အားရှိ ငလျင်လှုပ်ခတ်စဉ် ဆီးရီးယားမှာ အပြင်းထန်ဆုံးနယ်မြေဖြစ်ပြီး၊ အနီးနားရှိ အစိုးရထိန်းချုပ်ထားတဲ့ ဒေသများမှာလည်း သေကြေ ပျက်စီးမှုများပျံ့နှံ့နေကြောင်း သိရှိရပါတယ်။
ဆီးရီးယား အရှေ့မြောက်ဘက် ပိုမိုကြီးမားတဲ့ ဧရိယာကို အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်ဦးဆောင် တပ်များက ထိန်းချုပ်ထားပြီး အဲဒီဒေသက ငလျင်ဒဏ်ကို ခံရတာနည်းပါတယ်။ ပြည်ပနိုင်ငံများအနေနဲ့ ဆီးရီးယားရဲ့အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်ပြီး နိုင်ငံရဲ့ဘယ်အစိတ်အပိုင်းအတွက် အကူအညီများ မဆို အစိုးရထိန်းချုပ်ထားတဲ့နယ်မြေမှတစ်ဆင့် ဝင်ရောက်သင့်တယ်လို့ အာဆတ်အစိုးရက ပြောပါတယ်။
လက်တွေ့မှာတော့ သူပုန်များထိန်းချုပ်ထားတဲ့ အနောက်မြောက်ပိုင်းဒေသအတွက် အကူအညီတွေဟာ အိမ်နီးချင်းတူရကီထံမှ နယ်စပ်ဖြတ်ကျော်ပြီး ပို့ဆောင်ပေးနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခြောက်လတစ်ကြိမ် ခွင့်ပြုချက်လိုအပ်ပါတယ်။
ဆီးရီးယားအစိုးရအပေါ်ထောက်ခံတဲ့ လုံခြုံကောင်စီအဖွဲ့ဝင် ဗီတိုအာဏာပိုင်ရှင် ရုရှားနိုင်ငံက တူရကီမှ အနောက် မြောက်ဘက်နယ်စပ်ကို ဖြတ်ကျော်တဲ့ တစ်ခုတည်းသောဖြတ်ကျော်မှုကို ထောက်ခံထားပေမယ့် ကုလသမဂ္ဂရဲ့ အကူအညီတွေဟာ ဒမတ်စကတ်မှတစ်ဆင့် ရှေ့တန်းကို ဖြတ်ကျော်ပြီး ပို့ဆောင်သင့်တယ်လို့ ပြောပါတယ်။
တနင်္လာနေ့မှာ ဆီးရီးယားကို အလည်အပတ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ မာတင်ဂရစ်ဖစ်ကတော့ ငလျင်ကယ်ဆယ်ရေးအတွက် တူရကီကနေ နောက်ထပ်ဖြတ်လမ်းတွေဖွင့်ပေးဖို့ ကုလသမဂ္ဂကို စည်းရုံးနေပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ဆီးရီးယားပြည်တွင်း ရှေ့တန်းစစ်မျက်နှာကို ဖြတ်သန်းပြီး လူသားချင်းစာနာမှု အကူအညီများပေးပို့ဖို့ ကြိုးစားမှု အနည်းငယ်သာရှိခြင်းဟာ အဲ့ဒီလို ထောက်ပံ့ဖို့အတွက် ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းကြောင်းကို ပြသနေသလိုရှိပါတယ်။
ကာ့ဒ်တွေ ဦးဆောင်တဲ့ ဆီးရီးယားအရှေ့မြောက်မှ ယာဉ်တန်းဟာ တူရကီကျောထောက်နောက်ခံပြု သူပုန်များ စောင်မမှုနဲ့ အနောက်မြောက်ဘက်ရှိ နယ်မြေတစ်ခုသို့ ဦးတည်သွားနေကြပါတယ်။ ပြည်တွင်းစစ်အတွင်း ပဋိပက္ခ များစွာတို့မှာ ထိပ်တိုက်ဆက်နွှဲခဲ့ကြဖူးသူ ရန်ဘက်တွေဟာ ကြာသပတေးနေ့မှာ ပြန်လှည့်လာကြပြန်ပါတယ်။ ယာဉ်တန်း မဖြတ်ကူးရခြင်းအတွက် နှစ်ဖက်စလုံးမှ သတင်းရင်းမြစ်များက အပြစ်တင်ကြပြီး နိုင်ငံရေးအရ အကူအညီပေးဖို့ ကြိုးပမ်းနေတယ်လို့ တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲကြနေကြပါတယ်။
အစိုးရထိန်းချုပ်ထားတဲ့ ဆီးရီးယားနယ်မြေမှ အကူအညီများကို များသောအားဖြင့် သဘောထားတင်းမာသူ အစ္စလာမ်မစ်အများစု ထိန်းချုပ်ထားတဲ့ ဧရိယာထံ ထောက်ပံ့ပေးဖို့ကိစ္စတွေဟာ "သဘောတူညီချက်"တွေနဲ့ အဟန့်အတားဖြစ်နေတယ်လို့ ကုလသမဂ္ဂက မှတ်ချက်ပေးပါတယ်။
ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေတဲ့ ဆွန်နီအစ္စလာမ်မစ် လက်နက်ကိုင်အုပ်စုရဲ့သတင်းရင်းမြစ် တစ်ခုဖြစ်တဲ့ “ဟေရတ် တာဟား အယ်လ်ရှမ်“ အုပ်စုကတော့ သူတို့အနေနဲ့ အစိုးရထိန်းချုပ်နယ်မြေများမှ တင်ပို့မှုကို ခွင့်မပြုကြောင်း ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားပြီးကတည်းက အနောက်နိုင်ငံတွေဟာ အာဆတ်ကို အထီးကျန်ဖို့ ကြိုးပမ်းခဲ့ကြပြီး ၂ဝ၁၁ ခုနှစ် ဖြစ်ပွားပျံ့နှံ့ဆန္ဒပြပွဲတွေမှာ သူ့ရဲ့အပြင်းအထန်ဖြိုခွင်းမှုအပေါ် အပြစ်တင်ခဲ့ကြပါတယ်။ ဒမတ်စကတ်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားပြီး တိုက်ရိုက်အကူအညီအနည်းငယ်သာပေးခဲ့တယ်လို့ ဆိုပေမယ့် အရေးယူမှု တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို ပစ်မှတ်ထားခြင်း မရှိဘူးလို့တော့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အာရပ်နဲ့ အာရှနိုင်ငံတွေက လေယာဉ်အစင်းရေ ၅ဝ ကျော် အကူအညီတွေဟာ အစိုးရထိန်းချုပ်ထားတဲ့ ဧရိယာရှိ လေဆိပ်တွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်မီဒီယာက သတင်း ထုတ်ပြန်ပါတယ်။ အစိုးရဇုန်များထံ ဥရောပရဲ့ပထမဆုံးထောက်ပံ့မှုအဖြစ် အီတလီဆေးဘက်ဆိုင်ရာ အကူအညီ တွေဟာ တနင်္ဂနွေနေ့မှာ ဒမတ်စကတ်ကို ရောက်ရှိလာပါတယ်။
သဘောထားတင်းမာသူ အုပ်စုများရဲ့ ပါဝါတက်လာမှုနဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အနောက်မြောက်ဘက်ခြမ်းကို အနောက်နိုင်ငံများရဲ့နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ပို့ဆောင်မှုများဟာ သုံးရက်ကြာ ရပ်တန့်ခဲ့ရပါတယ်။
ကြသပတေးနေ့မှာ ပေးပို့မှုများကို ပြန်လည်စတင်နိုင်ခဲ့ပေမဲ့ အစားအသောက်၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနဲ့ အမိုးအကာများသာ ပါဝင်နေပါတယ်။ အနောက်မြောက်ဘက်မှာ ကယ်ဆယ်ရေးအတွက် အသည်းအသန်လိုအပ် ကြောင်း ပြောဆိုနေကြတဲ့ မြေတူး မြေကော်စက်များနဲ့ အခြားစက်ပစ္စည်းများ မဟုတ်ပါဘူး
#တူရကီ-ဆီးရီးယားငလျင် #ဆီးရီးယားပြည်တွင်းစစ်
(Reuters., 13 February 2023,” Explainer: How Syria's war has hindered earthquake relief” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဆီးရီးယားျပည္တြင္းစစ္က တိုင္းျပည္ကို ကြဲထြက္ေစခဲ့ၿပီး ေဒသတြင္းႏွင့္ ကမာၻ႔အင္အားႀကီးတို႔ ကိုယ္စားျပဳ စစ္ခင္းတဲ့ ၁၂ ႏွစ္နီးပါးအၾကာပဋိပကၡအၿပီး ႏိုင္ငံၿပိဳလဲသြားခဲ့
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၅
လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၆ ရက္ တူရကီနယ္စပ္မွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ႀကီးေၾကာင့္ ဆီးရီးယားမွာ ေသဆုံးသူ အေရ အတြက္ ၅၇ဝဝ ေက်ာ္ ျဖစ္လာေပမယ့္ ထိခိုက္မႈအမ်ားဆုံး ေဒသမ်ားထံ အကူအညီမ်ား ေရာက္ရွိဖို႔ ေႏွးေကြးေနခဲ့ ပါတယ္။ ႏိုင္ငံကို ကြဲထြက္ေစခဲ့ၿပီး ေဒသတြင္းနဲ႔ ကမာၻ႔အင္အားႀကီးႏိုင္ငံတို႔ အပိုင္းအျခားနဲ႔ (ကိုယ္စားျပဳ) တိုက္ခိုက္ေနၾကတဲ့ ျပည္တြင္းစစ္ေၾကာင့္ ကယ္ဆယ္ေရးႀကိဳးပမ္းမႈမ်ားအေပၚ အဟန႔္အတားျဖစ္ေစခဲ့ရတယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။
အက်ိဳးဆက္အေနနဲ႔ ၁၂ ႏွစ္နီးပါးၾကာ ပဋိပကၡမ်ားအၿပီးမွာ ဆီးရီးယားႏိုင္ငံဟာ ၿပိဳလဲပ်က္စီးသြားခဲ့ရပါတယ္။ ႐ုရွားနဲ႔ အီရန္တို႔ကို ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ သမၼတ ဘာရွာအယ္လ္အာဆတ္ဟာ ႏိုင္ငံရဲ႕ နယ္ေျမ အစိတ္အပိုင္းအမ်ားအျပားကို ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သေဘာထားတင္းမာတဲ့ (အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳ ကာ့ဒ္မ်ား၊ ေဒသတြင္း ဆြန္နီအုပ္စုေထာက္ပံ့ခံ) အတိုက္အခံအုပ္စုမ်ားနဲ႔ တူရကီေက်ာ ေထာက္ေနာက္ခံျပဳတိုက္ခိုက္ေရးသမားမ်ားတို႔ရွိရာ ဆီးရီးယားအေနာက္ေျမာက္ပိုင္းမွာလူေပါင္း ၄ သန္းခန႔္ အတြက္ အကူအညီ လိုအပ္ေနတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
သူပုန္မ်ား ထိန္းခ်ဳပ္ထားတဲ့ အေနာက္ေျမာက္ပိုင္းဟာ ရစ္ခ္်တာစေကး ၇.၈ အင္အားရွိ ငလ်င္လႈပ္ခတ္စဥ္ ဆီးရီးယားမွာ အျပင္းထန္ဆုံးနယ္ေျမျဖစ္ၿပီး၊ အနီးနားရွိ အစိုးရထိန္းခ်ဳပ္ထားတဲ့ ေဒသမ်ားမွာလည္း ေသေၾက ပ်က္စီးမႈမ်ားပ်ံ႕ႏွံ႔ေနေၾကာင္း သိရွိရပါတယ္။
ဆီးရီးယား အေရွ႕ေျမာက္ဘက္ ပိုမိုႀကီးမားတဲ့ ဧရိယာကို အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳ ကာ့ဒ္ဦးေဆာင္ တပ္မ်ားက ထိန္းခ်ဳပ္ထားၿပီး အဲဒီေဒသက ငလ်င္ဒဏ္ကို ခံရတာနည္းပါတယ္။ ျပည္ပႏိုင္ငံမ်ားအေနနဲ႔ ဆီးရီးယားရဲ႕အခ်ဳပ္အျခာနယ္ေျမပိုင္ဆိုင္မႈကိုေလးစားသင့္ၿပီး ႏိုင္ငံရဲ႕ဘယ္အစိတ္အပိုင္းအတြက္ အကူအညီမ်ား မဆို အစိုးရထိန္းခ်ဳပ္ထားတဲ့နယ္ေျမမွတစ္ဆင့္ ဝင္ေရာက္သင့္တယ္လို႔ အာဆတ္အစိုးရက ေျပာပါတယ္။
လက္ေတြ႕မွာေတာ့ သူပုန္မ်ားထိန္းခ်ဳပ္ထားတဲ့ အေနာက္ေျမာက္ပိုင္းေဒသအတြက္ အကူအညီေတြဟာ အိမ္နီးခ်င္းတူရကီထံမွ နယ္စပ္ျဖတ္ေက်ာ္ၿပီး ပို႔ေဆာင္ေပးေနခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။ ဒါေပမဲ့ အဲဒီ လုပ္ငန္းစဥ္ကလည္း ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ေျခာက္လတစ္ႀကိမ္ ခြင့္ျပဳခ်က္လိုအပ္ပါတယ္။
ဆီးရီးယားအစိုးရအေပၚေထာက္ခံတဲ့ လုံၿခဳံေကာင္စီအဖြဲ႕ဝင္ ဗီတိုအာဏာပိုင္ရွင္ ႐ုရွားႏိုင္ငံက တူရကီမွ အေနာက္ ေျမာက္ဘက္နယ္စပ္ကို ျဖတ္ေက်ာ္တဲ့ တစ္ခုတည္းေသာျဖတ္ေက်ာ္မႈကို ေထာက္ခံထားေပမယ့္ ကုလသမဂၢရဲ႕ အကူအညီေတြဟာ ဒမတ္စကတ္မွတစ္ဆင့္ ေရွ႕တန္းကို ျဖတ္ေက်ာ္ၿပီး ပို႔ေဆာင္သင့္တယ္လို႔ ေျပာပါတယ္။
တနလၤာေန႔မွာ ဆီးရီးယားကို အလည္အပတ္ေရာက္ရွိေနတဲ့ ကုလသမဂၢအကူအညီေပးေရးအႀကီးအကဲ မာတင္ဂရစ္ဖစ္ကေတာ့ ငလ်င္ကယ္ဆယ္ေရးအတြက္ တူရကီကေန ေနာက္ထပ္ျဖတ္လမ္းေတြဖြင့္ေပးဖို႔ ကုလသမဂၢကို စည္း႐ုံးေနပါတယ္။
ငလ်င္လႈပ္ခတ္ၿပီးေနာက္ ဆီးရီးယားျပည္တြင္း ေရွ႕တန္းစစ္မ်က္ႏွာကို ျဖတ္သန္းၿပီး လူသားခ်င္းစာနာမႈ အကူအညီမ်ားေပးပို႔ဖို႔ ႀကိဳးစားမႈ အနည္းငယ္သာရွိျခင္းဟာ အဲ့ဒီလို ေထာက္ပံ့ဖို႔အတြက္ ဘယ္ေလာက္အထိ ခက္ခဲၾကမ္းတမ္းေၾကာင္းကို ျပသေနသလိုရွိပါတယ္။
ကာ့ဒ္ေတြ ဦးေဆာင္တဲ့ ဆီးရီးယားအေရွ႕ေျမာက္မွ ယာဥ္တန္းဟာ တူရကီေက်ာေထာက္ေနာက္ခံျပဳ သူပုန္မ်ား ေစာင္မမႈနဲ႔ အေနာက္ေျမာက္ဘက္ရွိ နယ္ေျမတစ္ခုသို႔ ဦးတည္သြားေနၾကပါတယ္။ ျပည္တြင္းစစ္အတြင္း ပဋိပကၡ မ်ားစြာတို႔မွာ ထိပ္တိုက္ဆက္ႏႊဲခဲ့ၾကဖူးသူ ရန္ဘက္ေတြဟာ ၾကာသပေတးေန႔မွာ ျပန္လွည့္လာၾကျပန္ပါတယ္။ ယာဥ္တန္း မျဖတ္ကူးရျခင္းအတြက္ ႏွစ္ဖက္စလုံးမွ သတင္းရင္းျမစ္မ်ားက အျပစ္တင္ၾကၿပီး ႏိုင္ငံေရးအရ အကူအညီေပးဖို႔ ႀကိဳးပမ္းေနတယ္လို႔ တစ္ဖက္ႏွင့္တစ္ဖက္ စြပ္စြဲၾကေနၾကပါတယ္။
အစိုးရထိန္းခ်ဳပ္ထားတဲ့ ဆီးရီးယားနယ္ေျမမွ အကူအညီမ်ားကို မ်ားေသာအားျဖင့္ သေဘာထားတင္းမာသူ အစၥလာမ္မစ္အမ်ားစု ထိန္းခ်ဳပ္ထားတဲ့ ဧရိယာထံ ေထာက္ပံ့ေပးဖို႔ကိစၥေတြဟာ "သေဘာတူညီခ်က္"ေတြနဲ႔ အဟန႔္အတားျဖစ္ေနတယ္လို႔ ကုလသမဂၢက မွတ္ခ်က္ေပးပါတယ္။
ဆီးရီးယားျပည္တြင္းစစ္မွာ ပါဝင္တိုက္ခိုက္ေနတဲ့ ဆြန္နီအစၥလာမ္မစ္ လက္နက္ကိုင္အုပ္စုရဲ႕သတင္းရင္းျမစ္ တစ္ခုျဖစ္တဲ့ “ေဟရတ္ တာဟား အယ္လ္ရွမ္“ အုပ္စုကေတာ့ သူတို႔အေနနဲ႔ အစိုးရထိန္းခ်ဳပ္နယ္ေျမမ်ားမွ တင္ပို႔မႈကို ခြင့္မျပဳေၾကာင္း ေျပာပါတယ္။
ပဋိပကၡျဖစ္ပြားၿပီးကတည္းက အေနာက္ႏိုင္ငံေတြဟာ အာဆတ္ကို အထီးက်န္ဖို႔ ႀကိဳးပမ္းခဲ့ၾကၿပီး ၂ဝ၁၁ ခုႏွစ္ ျဖစ္ပြားပ်ံ႕ႏွံ႔ဆႏၵျပပြဲေတြမွာ သူ႔ရဲ႕အျပင္းအထန္ၿဖိဳခြင္းမႈအေပၚ အျပစ္တင္ခဲ့ၾကပါတယ္။ ဒမတ္စကတ္အေပၚ စီးပြားေရးပိတ္ဆို႔မႈမ်ား ခ်မွတ္ထားၿပီး တိုက္႐ိုက္အကူအညီအနည္းငယ္သာေပးခဲ့တယ္လို႔ ဆိုေပမယ့္ အေရးယူမႈ ေတြမွာ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ပစ္မွတ္ထားျခင္း မရွိဘူးလို႔ေတာ့ ဆိုပါတယ္။
ငလ်င္လႈပ္ခတ္ၿပီးေနာက္ပိုင္း အာရပ္နဲ႔ အာရွႏိုင္ငံေတြက ေလယာဥ္အစင္းေရ ၅ဝ ေက်ာ္ အကူအညီေတြဟာ အစိုးရထိန္းခ်ဳပ္ထားတဲ့ ဧရိယာရွိ ေလဆိပ္ေတြဆီ ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆီးရီးယားႏိုင္ငံပိုင္မီဒီယာက သတင္း ထုတ္ျပန္ပါတယ္။ အစိုးရဇုန္မ်ားထံ ဥေရာပရဲ႕ပထမဆုံးေထာက္ပံ့မႈအျဖစ္ အီတလီေဆးဘက္ဆိုင္ရာ အကူအညီ ေတြဟာ တနဂၤေႏြေန႔မွာ ဒမတ္စကတ္ကို ေရာက္ရွိလာပါတယ္။
သေဘာထားတင္းမာသူ အုပ္စုမ်ားရဲ႕ ပါဝါတက္လာမႈနဲ႔ ငလ်င္လႈပ္ခတ္မႈေၾကာင့္ အေနာက္ေျမာက္ဘက္ျခမ္းကို အေနာက္ႏိုင္ငံမ်ားရဲ႕နယ္စပ္ျဖတ္ေက်ာ္ တိုက္႐ိုက္ပို႔ေဆာင္မႈမ်ားဟာ သုံးရက္ၾကာ ရပ္တန႔္ခဲ့ရပါတယ္။
ၾကသပေတးေန႔မွာ ေပးပို႔မႈမ်ားကို ျပန္လည္စတင္ႏိုင္ခဲ့ေပမဲ့ အစားအေသာက္၊ ေဆးဘက္ဆိုင္ရာပစၥည္းမ်ားနဲ႔ အမိုးအကာမ်ားသာ ပါဝင္ေနပါတယ္။ အေနာက္ေျမာက္ဘက္မွာ ကယ္ဆယ္ေရးအတြက္ အသည္းအသန္လိုအပ္ ေၾကာင္း ေျပာဆိုေနၾကတဲ့ ေျမတူး ေျမေကာ္စက္မ်ားနဲ႔ အျခားစက္ပစၥည္းမ်ား မဟုတ္ပါဘူး
#တူရကီ-ဆီးရီးယားငလ်င္ #ဆီးရီးယားျပည္တြင္းစစ္
(Reuters., 13 February 2023,” Explainer: How Syria's war has hindered earthquake relief” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)