ဘုတ်ပြင်း၌ ခရီးသည်တင်ကားကို အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ဆေးကုပေးသော် လည်း (၉)နှစ်အရွယ် ကျောင်းသားနှင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့

 1235

NP News - ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ ခရီးသည်တင်ကားအား အကြမ်းဖက်အဖွဲ့မှ ပစ် ခတ်ခဲ့ပြီးနောက် ပြန်လည်ဆေးကုသပေးမှုရှိခဲ့သော်လည်း (၉)နှစ်အရွယ် ကျောင်းသားနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ရွှေညီအစ်ကိုခရီးသည်တင်ယာဉ်သည် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ၊ အမကကျောင်းအနီးရောက်ရှိစဉ်အချိန်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

ရွှေညီအစ်ကိုခရီးသည်တင်ကားသည် ယာဉ်မောင်းနှင့်အတူ စုစုပေါင်းခရီးသည်(၁ဝ)ဦးဖြင့် ကော့သောင်းမြို့မှ မြိတ်မြို့ဘက်သို့ နံနက် ၁ဝ နာရီအချိန်ခန့်တွင် စတင်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်ခွာလာစဉ်အချိန် ညနေ ၄ နာရီအချိန်ခန့်တွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခင်းဖြစ်ပွားရာနေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

၎င်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ရွှေညီအစ်ကိုခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် အသက်(၉)နှစ်အရွယ် Grade-2 ကျောင်းသားဖြစ်သူ မောင်ပြည့်ဖြိုးအောင်နှင့် အသက်(၂၁)နှစ်အရွယ်ရှိ အလှပြင်အလုပ်လုပ်ကိုင်သူ မပြည့်ဝါဆိုတို့ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“လက်နက်ကိုင်အဖွဲ့က ခရီးသည်တင်ကားကို တားစီးတယ်။ ဒါပေမယ့် ကားက အရှိန်များနေတော့ သူတို့ကို ကျော်သွားတာပေါ့။ အဲဒီမှာ နောက်ကနေ သေနတ်နဲ့ ပစ်တော့တာပဲ။ နောက်ဆုံးခုံတန်းမှာထိုင်နေတဲ့ ကျောင်းသားတစ်ဦးနဲ့ မိန်းကလေးတစ်ဦးမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရသွားတယ်။ အဲဒီအချိန်မှာ ကားက ရပ်ပြီးသွားပြီ” ဟု ရွှေညီအစ်ကိုခရီးသည် တင်ကားနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

ထို့နောက် ခရီးသည်တင်ကားရပ်တန့်သွားစဉ်အချိန်တွင် အကြမ်းဖက်အဖွဲ့မှ ကားအနီးရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို ၎င်းတို့၏ စခန်းတစ်ခုသို့ ခေါ်ဆောင်သွားကာ ဆေးကုသပေးမှုများပြုလုပ်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“အဲဒီမှာ သူတို့က ခရီးသည်တင်ကားနဲ့ ခရီးသည်တွေကို ခေါ်ဆောင်သွားတာပေါ့။ ဒဏ်ရာရတဲ့သူနှစ်ဦးကိုလည်း ဆေးကုသပေးမယ်ပြောပြီးတော့ သယ်သွားတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ဘူး ဒဏ်ရာရတဲ့သူနှစ်ဦးမှာ ဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုပြီး ပြန်သယ်လာတယ်ပေါ့။ အဲဒီအတွက်ကို စိတ်မကောင်းပါဘူးပြောဆိုပြီးတော့ ခရီးသည်တင်ကားကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ရွှေညီအစ်ကိုခရီးသည်တင်ကားနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

လက်ရှိတွင် ကျည်ဒဏ်ရာဖြင့် သေဆုံးခဲ့သော ကျောင်းသားနှင့် မိန်းကလေးတစ်ဦး၏ အလောင်းတို့အား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း၌ ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း ကားတစ်စီး ပစ်ခတ်ခံခဲ့ရကာ သံဃာတစ်ပါးနှင့် လူတစ်ဦးထိခိုက်သေဆုံးခဲ့ပြီး အရပ်သားများမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

zawgyi version
ဘုတ္ျပင္း၌ ခရီးသည္တင္ကားကို အၾကမ္းဖက္အဖြဲ႕မွ ပစ္ခတ္ခဲ့ၿပီးေနာက္ ျပန္လည္ေဆးကုေပးေသာ္ လည္း (၉)ႏွစ္အ႐ြယ္ ေက်ာင္းသားႏွင့္ မိန္းကေလးတစ္ဦး ေသဆုံးခဲ့
NP News - ေဖေဖာ္ဝါရီ ၁၈

တနသၤာရီတိုင္း၊ ဘုတ္ျပင္းၿမိဳ႕နယ္၌ ခရီးသည္တင္ကားအား အၾကမ္းဖက္အဖြဲ႕မွ ပစ္ ခတ္ခဲ့ၿပီးေနာက္ ျပန္လည္ေဆးကုသေပးမႈရွိခဲ့ေသာ္လည္း (၉)ႏွစ္အ႐ြယ္ ေက်ာင္းသားႏွင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၁၇ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ေ႐ႊညီအစ္ကိုခရီးသည္တင္ယာဥ္သည္ ဘုတ္ျပင္းၿမိဳ႕နယ္၊ ျပည္ႀကီးမ႑ိဳင္ၿမိဳ႕၊ မႏိုး႐ုံးေက်း႐ြာအုပ္စု၊ ခဲေခ်ာင္းေက်း႐ြာ၊ အမကေက်ာင္းအနီးေရာက္ရွိစဥ္အခ်ိန္၌ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ေ႐ႊညီအစ္ကိုခရီးသည္တင္ကားသည္ ယာဥ္ေမာင္းႏွင့္အတူ စုစုေပါင္းခရီးသည္(၁ဝ)ဦးျဖင့္ ေကာ့ေသာင္းၿမိဳ႕မွ ၿမိတ္ၿမိဳ႕ဘက္သို႔ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ စတင္ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ထြက္ခြာလာစဥ္အခ်ိန္ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ဘုတ္ျပင္းၿမိဳ႕နယ္အတြင္းရွိ အခင္းျဖစ္ပြားရာေနရာအေရာက္၌ အၾကမ္းဖက္အဖြဲ႕မွ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူက ဆိုသည္။

၎ကဲ့သို႔ ပစ္ခတ္ခံရမႈေၾကာင့္ ေ႐ႊညီအစ္ကိုခရီးသည္တင္ကားေပၚတြင္ လိုက္ပါလာသည့္ အသက္(၉)ႏွစ္အ႐ြယ္ Grade-2 ေက်ာင္းသားျဖစ္သူ ေမာင္ျပည့္ၿဖိဳးေအာင္ႏွင့္ အသက္(၂၁)ႏွစ္အ႐ြယ္ရွိ အလွျပင္အလုပ္လုပ္ကိုင္သူ မျပည့္ဝါဆိုတို႔ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“လက္နက္ကိုင္အဖြဲ႕က ခရီးသည္တင္ကားကို တားစီးတယ္။ ဒါေပမယ့္ ကားက အရွိန္မ်ားေနေတာ့ သူတို႔ကို ေက်ာ္သြားတာေပါ့။ အဲဒီမွာ ေနာက္ကေန ေသနတ္နဲ႔ ပစ္ေတာ့တာပဲ။ ေနာက္ဆုံးခုံတန္းမွာထိုင္ေနတဲ့ ေက်ာင္းသားတစ္ဦးနဲ႔ မိန္းကေလးတစ္ဦးမွာ က်ည္ေဖာက္ဝင္ဒဏ္ရာေတြ ရသြားတယ္။ အဲဒီအခ်ိန္မွာ ကားက ရပ္ၿပီးသြားၿပီ” ဟု ေ႐ႊညီအစ္ကိုခရီးသည္ တင္ကားႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ထို႔ေနာက္ ခရီးသည္တင္ကားရပ္တန႔္သြားစဥ္အခ်ိန္တြင္ အၾကမ္းဖက္အဖြဲ႕မွ ကားအနီးေရာက္ရွိလာကာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး ေသနတ္ဒဏ္ရာရရွိခဲ့သူႏွစ္ဦးကို ၎တို႔၏ စခန္းတစ္ခုသို႔ ေခၚေဆာင္သြားကာ ေဆးကုသေပးမႈမ်ားျပဳလုပ္ေပးခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

“အဲဒီမွာ သူတို႔က ခရီးသည္တင္ကားနဲ႔ ခရီးသည္ေတြကို ေခၚေဆာင္သြားတာေပါ့။ ဒဏ္ရာရတဲ့သူႏွစ္ဦးကိုလည္း ေဆးကုသေပးမယ္ေျပာၿပီးေတာ့ သယ္သြားတယ္။ ဒါေပမယ့္ သိပ္မၾကာလိုက္ဘူး ဒဏ္ရာရတဲ့သူႏွစ္ဦးမွာ ဆုံးသြားၿပီျဖစ္ေၾကာင္း ေျပာဆိုၿပီး ျပန္သယ္လာတယ္ေပါ့။ အဲဒီအတြက္ကို စိတ္မေကာင္းပါဘူးေျပာဆိုၿပီးေတာ့ ခရီးသည္တင္ကားကို ျပန္လႊတ္ေပးလိုက္တယ္” ဟု ေ႐ႊညီအစ္ကိုခရီးသည္တင္ကားႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

လက္ရွိတြင္ က်ည္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေသာ ေက်ာင္းသားႏွင့္ မိန္းကေလးတစ္ဦး၏ အေလာင္းတို႔အား တနသၤာရီၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

တနသၤာရီတိုင္း၌ ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းကလည္း ကားတစ္စီး ပစ္ခတ္ခံခဲ့ရကာ သံဃာတစ္ပါးႏွင့္ လူတစ္ဦးထိခိုက္ေသဆုံးခဲ့ၿပီး အရပ္သားမ်ားမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

Picture

Htun Aung Kyaw

18/02/2023 14:28

😑😑😑

Related news

© 2021. All rights reserved.