အုပ်ချုပ်ရေးမှူးကို ပစ်ခတ်လုပ်ကြံစဉ် အရပ်သား(၁)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိမှု သထုံမြို့နယ်၌ဖြစ်ပွား

1227

NP News - ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၀ရက်) နံနက်(၁၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထောင်မှူးကျေးရွာ အုပ်ချုပ်ရေးမှူးသည် ရုံးဘေးရှိ “ဦးရွှေမိုး”လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းမှ ဆိုသည်။
“အုပ်ချုပ်ရေးမှူးက ရုံးကိုမသွားခင် ဘေးက ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်တာပေါ့။ အဲ့အချိန်မှာ ရွာလမ်းအတိုင်း ဆိုင်ကယ်(၂)စီးနဲ့ရောက်လာတဲ့ အမျိုးသား(၄)ယောက်က ဆိုင်ရှေ့မှာ ရပ်ပြီး သေနတ်နဲ့ပစ်တာ။ အကုန်လုံး ဝိုင်းထိုင်ပြီး စကားပြောနေတဲ့အချိန် ပစ်တာဆိုတော့ အုပ်ချုပ်ရေးမှူးကိုတော့ မထိခဲ့ဘူး။ ဘေးကလူတွေကိုတော့ ထိသွားတယ်။ တစ်ယောက်ကတော့ ဆုံးသွားတာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကိုအတည်ပြု ပြောဆိုထားသည်။
ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးမှာ သေနတ်ထိမှန်ခဲ့ခြင်းမရှိသော်လည်း ၎င်းနှင့်အတူ လက်ဖက်ရည်ထိုင်သောက်နေသည့် ရာအိမ်မှူး ဦးကျော်ဇော် အပါအဝင် ဈေးရောင်းသူ ဦးရွှေဖိုး၊ ဦးသာဂိနှင့် ဦးခင်မောင်ထွန်းတို့ (၄)ဦးတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးအနက် ဦးရွှေဖိုးနှင့် ဦးသာဂိတို့တွင် သေနတ်ဒဏ်ရာများကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
ထို့ပြင် ၎င်းကဲ့သို့ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း သထုံတာယာစက်ရုံဝန်း၌ နေထိုင်သူ ဦးဝင်းလွင်ဦး ဆိုသူမှာ ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် အကြမ်းဖက်သမားများသည် ဆိုင်အတွင်းရပ်ထားသည့် မော်တော် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုထားသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးမှ ၉ မမ ကျည်ခွံ (၃၉)ခုကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version
အုပ္ခ်ဳပ္ေရးမႉးကို ပစ္ခတ္လုပ္ႀကံစဥ္ အရပ္သား(၁)ဦး ေသဆုံးခဲ့ၿပီး (၄)ဦး ဒဏ္ရာျပင္းထန္စြာရရွိမႈ သထုံၿမိဳ႕နယ္၌ျဖစ္ပြား
NP News - ေဖေဖာ္ဝါရီ ၂၀
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္တြင္ လက္ဖက္ရည္ေသာက္ေနသည့္ အုပ္ခ်ဳပ္ေရးမႉးအား ပစ္ခတ္လုပ္ႀကံမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၂၀ရက္) နံနက္(၁၀)နာရီအခ်ိန္ခန႔္တြင္ သထုံၿမိဳ႕နယ္၊ ေထာင္မႉးေက်း႐ြာ အုပ္စု၊ ေလးတိုင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။
ေထာင္မႉးေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးသည္ ႐ုံးေဘးရွိ “ဦးေ႐ႊမိုး”လက္ဖက္ရည္ဆိုင္၌ လက္ဖက္ရည္ ေသာက္ေနစဥ္ ပစ္ခတ္လုပ္ႀကံခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎မွ ဆိုသည္။
“အုပ္ခ်ဳပ္ေရးမႉးက ႐ုံးကိုမသြားခင္ ေဘးက ဆိုင္မွာ လက္ဖက္ရည္ဝင္ေသာက္တာေပါ့။ အဲ့အခ်ိန္မွာ ႐ြာလမ္းအတိုင္း ဆိုင္ကယ္(၂)စီးနဲ႔ေရာက္လာတဲ့ အမ်ိဳးသား(၄)ေယာက္က ဆိုင္ေရွ႕မွာ ရပ္ၿပီး ေသနတ္နဲ႔ပစ္တာ။ အကုန္လုံး ဝိုင္းထိုင္ၿပီး စကားေျပာေနတဲ့အခ်ိန္ ပစ္တာဆိုေတာ့ အုပ္ခ်ဳပ္ေရးမႉးကိုေတာ့ မထိခဲ့ဘူး။ ေဘးကလူေတြကိုေတာ့ ထိသြားတယ္။ တစ္ေယာက္ကေတာ့ ဆုံးသြားတာေပါ့” ဟု မြန္ျပည္နယ္အ စိုးရအဖြဲ႕မွ တာဝန္ရွိသူက NP News ကိုအတည္ျပဳ ေျပာဆိုထားသည္။
ပစ္ခတ္ခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးမွာ ေသနတ္ထိမွန္ခဲ့ျခင္းမရွိေသာ္လည္း ၎ႏွင့္အတူ လက္ဖက္ရည္ထိုင္ေသာက္ေနသည့္ ရာအိမ္မႉး ဦးေက်ာ္ေဇာ္ အပါအဝင္ ေဈးေရာင္းသူ ဦးေ႐ႊဖိုး၊ ဦးသာဂိႏွင့္ ဦးခင္ေမာင္ထြန္းတို႔ (၄)ဦးတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ထိခိုက္ဒဏ္ရာရရွိသူ (၄)ဦးအနက္ ဦးေ႐ႊဖိုးႏွင့္ ဦးသာဂိတို႔တြင္ ေသနတ္ဒဏ္ရာမ်ားေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၎ကဲ့သို႔ပစ္ခတ္ခံရမႈျဖစ္စဥ္အတြင္း သထုံတာယာစက္႐ုံဝန္း၌ ေနထိုင္သူ ဦးဝင္းလြင္ဦး ဆိုသူမွာ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္မႈျဖစ္စဥ္အၿပီးတြင္ အၾကမ္းဖက္သမားမ်ားသည္ ဆိုင္အတြင္းရပ္ထားသည့္ ေမာ္ေတာ္ ဆိုင္ကယ္တစ္စီးကိုလည္း ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း အထက္ပါတာဝန္ရွိသူက ေျပာဆိုထားသည္။
ပစ္ခတ္မႈျဖစ္ပြားရာေနရာအနီးမွ ၉ မမ က်ည္ခြံ (၃၉)ခုကိုလည္း ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။