လက်စတာစီးတီးအသင်းနှင့်ပွဲတွင် ဂိုးများပိုမိုသွင်းယူနိုင်ခဲ့သင့်ကြောင်း အာဆင်နယ်နည်းပြဝန်ခံပြောဆို

 394

Pika (NP News) - ဖေဖော်ဝါရီ ၂၆

ဖေဖော်ဝါရီ(၂၅)ရက်၊ ညက လက်စတာစီးတီးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် (၁)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီတာ က အသင်းကစားသမားများသည် အခွင့်အရေးများ ဖန်တီးကာ ဂိုးများ ပိုမိုသွင်းနိုင်ခဲ့ သင့်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၄၆)မိနစ်တွင် တိုက်စစ် ကစားသမားမာတီနယ်လီက သွင်းယူပေးနိုင်မှုကြောင့် အနိုင်ရရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး တွင် ဆက်လက်ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ကစားပွဲတစ်ခုလုံးတွင် ဘောလုံးပိုင်ဆိုင် အသာစီးရခဲ့သော်လည်း တစ်ဂိုးသာ သွင်းယူနိုင် ခဲ့ခြင်းဖြစ်သည်။ နည်းပြအာတီတာ က "ကစားပွဲတစ်ခုလုံးမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုတွေ ဖိအားပေး ကစားနိုင်မှုတွေ ရှိခဲ့ပါတယ်၊၊ ဒီထပ်ပိုပြီး အခွင့်အရေးတွေ အများကြီးဖန်တီးပြီး ဂိုးတွေအများကြီး သွင်းယူနိုင်ခဲ့သင့် တာပါ။ လက်စတာစီးတီးအသင်း ခံစစ်က တကယ်ကို ကောင်းမွန်ပါတယ်။ လက်စတာစီးတီးအသင်း အိမ်ကွင်းမှာ အနိုင်ရရှိဖို့က တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီးတော့ အနိုင်ရရှိခဲ့ပါ တယ်။ ပြောရမယ်ဆိုရင် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ပုံစံက တကယ်ကိုကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဒီနေ့ပွဲမှာတော့ ဂိုးတွေ အများကြီး မသွင်းယူ နိုင်ခဲ့ပေမယ့် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရှေ့မှာ ဆက်ကစားရမယ့်ကစားပွဲတွေကိုပဲ အာရုံစိုက်သွားမှာပါ၊၊ ပရီးမီးယားလိဂ်ပြိုင်ပွဲက တကယ်ကိုခက်ခဲပြီး ပြင်းထန် လာပါပြီ။ လာမယ့်ပွဲမှာ ကျွန်တော်တို့ အဲဗာတန်အသင်းနဲ့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားရမှာပါ။ အဲဗာတန် အသင်းကို အနိုင်ရရှိဖို့အတွက် အကောင်းဆုံးပြင်ဆင်ပြီး ကစားသွားမှာပါ" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;



Related news

© 2021. All rights reserved.