ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် ဂျာမနီနိုင်ငံသား သောင်းချီ ဆန္ဒပြ

988

Pika (NP News) - ဖေဖော်ဝါရီ ၂၆
ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများ ရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် သောင်းနှင့်ချီသော ဂျာမန်နိုင်ငံသားများက ဖေဖော်ဝါရီ(၂၅)ရက်က ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ချီတက်ဆန္ဒပြပွဲများကို Die Linke လက်ဝဲပါတီနိုင်ငံရေးသမား Sahra Wagenknecht နှင့် စာရေးဆရာ Alice Schwarzer တို့က ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဆန္ဒပြသူများသည် သမိုင်းဝင် Brandenburg ဂိတ်တွင် စုဝေးကာ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် နှင့် ယူကရိန်း သို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုရပ်တန့်ရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။
Die Linke လက်ဝဲပါတီနိုင်ငံရေးသမား Sahra Wagenknecht က ရုရှားကို ဖျက်ဆီးရန် ကြိုးပမ်းမှုများအတွက် ဂျာမနီအစိုးရကို ပြစ်တင်ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ဖို့ ရုရှားကိုကမ်းလှမ်းမှုများပြုလုပ်ရန် ခေါင်းဆောင်များကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ဆန္ဒပြပွဲသည် ဂျာမနီနိုင်ငံသားများ၏ ခိုင်မာသောငြိမ်းချမ်းရေးလှုပ်ရှားမှုအသစ်များ စတင်ခြင်းကို ကိုယ်စားပြု ကြောင်း Sahra Wagenknecht က ပြောဆိုခဲ့သည်။ အဆိုပါဆန္ဒပြပွဲကို နိုင်ငံရေးအသိုင်းအဝိုင်းမှ ကြိုဆိုလက်ခံခဲ့ သလို ငြိမ်းချမ်းရေးလိုချင်သောသူတိုင်းကို အမြဲလက်ခံကြောင်း Sahra Wagenknecht က ပြောဆိုခဲ့သည်။
ဆန္ဒပြသူများမှာ (၁၃ဝဝဝ)ခန့်သာရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ပွဲစီစဥ်သူများက ဆန္ဒပြသူများမှာ (၅ဝဝဝဝ)ခန့်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုလအစောပိုင်းတွင် Sahra Wagenknecht နှင့် Alice Schwarzer တို့သည် ငြိမ်းချမ်းရေးအတွက် စာစောင် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုကို ရပ်ဆိုင်းရန် ဂျာမနီအဓိပတိ အိုလက်ဖ်ရှိုးလ်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ပဋိပက္ခစတင်ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ဧပြီလနောက်ပိုင်းမှ လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ဂ်ာမနီႏိုင္ငံသား ေသာင္းခ်ီ ဆႏၵျပ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆
ယူကရိန္းသို႔ လက္နက္ေထာက္ပံ့မႈမ်ား ရပ္ဆိုင္းရန္ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္အတြက္ ေသာင္းႏွင့္ခ်ီေသာ ဂ်ာမန္ႏိုင္ငံသားမ်ားက ေဖေဖာ္ဝါရီ(၂၅)ရက္က ခ်ီတက္ဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။
ခ်ီတက္ဆႏၵျပပြဲမ်ားကို Die Linke လက္ဝဲပါတီႏိုင္ငံေရးသမား Sahra Wagenknecht ႏွင့္ စာေရးဆရာ Alice Schwarzer တို႔က ဦးေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ဆႏၵျပသူမ်ားသည္ သမိုင္းဝင္ Brandenburg ဂိတ္တြင္ စုေဝးကာ ယူကရိန္းပဋိပကၡကို အဆုံးသတ္ရန္၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ႏွင့္ ယူကရိန္း သို႔ စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့မႈရပ္တန႔္ရန္ ေတာင္းဆိုခဲ့ၾကေၾကာင္းလည္း သိရသည္။
Die Linke လက္ဝဲပါတီႏိုင္ငံေရးသမား Sahra Wagenknecht က ႐ုရွားကို ဖ်က္ဆီးရန္ ႀကိဳးပမ္းမႈမ်ားအတြက္ ဂ်ာမနီအစိုးရကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားစတင္ဖို႔ ႐ုရွားကိုကမ္းလွမ္းမႈမ်ားျပဳလုပ္ရန္ ေခါင္းေဆာင္မ်ားကို တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
ဆႏၵျပပြဲသည္ ဂ်ာမနီႏိုင္ငံသားမ်ား၏ ခိုင္မာေသာၿငိမ္းခ်မ္းေရးလႈပ္ရွားမႈအသစ္မ်ား စတင္ျခင္းကို ကိုယ္စားျပဳ ေၾကာင္း Sahra Wagenknecht က ေျပာဆိုခဲ့သည္။ အဆိုပါဆႏၵျပပြဲကို ႏိုင္ငံေရးအသိုင္းအဝိုင္းမွ ႀကိဳဆိုလက္ခံခဲ့ သလို ၿငိမ္းခ်မ္းေရးလိုခ်င္ေသာသူတိုင္းကို အၿမဲလက္ခံေၾကာင္း Sahra Wagenknecht က ေျပာဆိုခဲ့သည္။
ဆႏၵျပသူမ်ားမွာ (၁၃ဝဝဝ)ခန႔္သာရွိေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ေသာ္လည္း ပြဲစီစဥ္သူမ်ားက ဆႏၵျပသူမ်ားမွာ (၅ဝဝဝဝ)ခန႔္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ယခုလအေစာပိုင္းတြင္ Sahra Wagenknecht ႏွင့္ Alice Schwarzer တို႔သည္ ၿငိမ္းခ်မ္းေရးအတြက္ စာေစာင္ တစ္ေစာင္ကို ထုတ္ျပန္ခဲ့ၿပီး ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့မႈကို ရပ္ဆိုင္းရန္ ဂ်ာမနီအဓိပတိ အိုလက္ဖ္ရႈိးလ္ကို တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ ပဋိပကၡစတင္ကတည္းက ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ အႀကိမ္ႀကိမ္ႀကိဳးပမ္းခဲ့ေသာ္လည္း ဧၿပီလေနာက္ပိုင္းမွ လက္ရွိအခ်ိန္ထိ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။