၂ဝ၂၃ ခုနှစ်အတွင်း တရုတ်က ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ဘီလျံ ၃ဝဝ ကျော် သုံးစွဲမယ်

 479

ဂျန်ဇက် (NP News) - မတ် ၅

တရုတ်နိုင်ငံရဲ့ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ဟာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာနေရာ ၂ဝ၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၃ဝ၂ ဘီလျံအထိ အသုံးပြုသွားမှာဖြစ်ကြောင်း တရုတ် အမျိုးသားလွှတ်တော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါကာကွယ်ရေးအသုံးစရိတ်ဟာ ၂ဝ၂၂ ခုနှစ် နဲ့ နှိုင်းယှဉ်ရင် ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။ တရုတ်စစ်တပ်အနေနဲ့ ပြည်သူတွေနဲ့ တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့ယုံကြည်မှုတွေ ပိုမိုရရှိစေဖို့အတွက် စစ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေဖို့၊ တိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအား ကောင်းစေဖို့ နဲ့ စစ်ဆင်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခကျန်း က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တရုတ်စစ်ဘက်အနေနဲ့ ၂ဝ၂၇ ခုနှစ်မှာပြည့်မယ့် တရုတ်စစ်တပ်တည်ထောင်မှု နှစ် ၁ဝဝ ပြည့်မှာ စစ်ရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်များရရှိအောင်လုပ်ဆောင်ဖို့ ပစ်မှတ်ထားရမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် က ပြောပါတယ်။

တရုတ်လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ Wang Chao က ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ခဲ့ခြင်းဟာ နိုင်ငံရဲ့ခက်ခဲ ရှုပ်ထွေးတဲ့ လုံခြုံရေးစိန်ခေါ်မှုများအတွက်သာမက နိုင်ငံ ကာကွယ်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် တာဝန်ယူလုပ်ဆောင်ဖို့ဖြစ်ကြောင်း ပြောပါတယ်။

၎င်းက "တရုတ်စစ်တပ်ကို ခေတ်မီအောင်လုပ်ဆောင်ခြင်းတွေဟာ အခြားနိုင်ငံကို ခြိမ်းခြောက်ဖို့မဟုတ်ဘူး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဒေသအတွင်း တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းဖို့ဖြစ်တယ်" လို့ ပြောပါတယ်။ စစ်သင်္ဘောအုပ်စုများ တိုးချဲ့တည်ဆောက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ နဲ့ ၂ဝ၂၃ ခုနှစ်အတွင်း ရရှိတဲ့ကာကွယ်ရေးအသုံးစရိတ်ကို J-20 အမျိုးစား ကိုယ်ပျောက် တိုက်လေယာဉ်များဖန်တီးလုပ်ဆောင်မှုတွေအပြင် နျူကလီးယား ဒုံးကျည်တပ်ဖွဲ့တွေ၊ ပုံမှန်တပ်ဖွဲ့တွေရဲ့ စွမ်းရည်ပိုင်းပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း တရုတ်စစ်တပ် က ပြောပါတယ်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္အတြင္း တ႐ုတ္က ကာကြယ္ေရးအသုံးစရိတ္အျဖစ္ အေမရိကန္ေဒၚလာ ဘီလ်ံ ၃ဝဝ ေက်ာ္ သုံးစြဲမယ္
ဂ်န္ဇက္ (NP News) - မတ္ ၅

တ႐ုတ္ႏိုင္ငံရဲ႕ ႏွစ္စဥ္ကာကြယ္ေရးအသုံးစရိတ္ဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ျမင့္တက္လာေနရာ ၂ဝ၂၃ ခုႏွစ္အတြက္ ကာကြယ္ေရးအသုံးစရိတ္အျဖစ္ အေမရိကန္ေဒၚလာ ၃ဝ၂ ဘီလ်ံအထိ အသုံးျပဳသြားမွာျဖစ္ေၾကာင္း တ႐ုတ္ အမ်ိဳးသားလႊတ္ေတာ္က သတင္းထုတ္ျပန္လိုက္ပါတယ္။

အဆိုပါကာကြယ္ေရးအသုံးစရိတ္ဟာ ၂ဝ၂၂ ခုႏွစ္ နဲ႔ ႏႈိင္းယွဥ္ရင္ ၇ ဒသမ ၁ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ျခင္းျဖစ္ ေၾကာင္း သိရပါတယ္။ တ႐ုတ္စစ္တပ္အေနနဲ႔ ျပည္သူေတြနဲ႔ တ႐ုတ္အာဏာရကြန္ျမဴနစ္ပါတီရဲ႕ယုံၾကည္မႈေတြ ပိုမိုရရွိေစဖို႔အတြက္ စစ္ေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစဖို႔၊ တိုက္ပြဲမ်ားအတြက္ ႀကိဳတင္ျပင္ဆင္မႈအား ေကာင္းေစဖို႔ နဲ႔ စစ္ဆင္ေရးလုပ္ငန္းမ်ား ပိုမိုလုပ္ေဆာင္ရမွာျဖစ္ေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခက်န္း က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

တ႐ုတ္စစ္ဘက္အေနနဲ႔ ၂ဝ၂၇ ခုႏွစ္မွာျပည့္မယ့္ တ႐ုတ္စစ္တပ္တည္ေထာင္မႈ ႏွစ္ ၁ဝဝ ျပည့္မွာ စစ္ေရးနဲ႔ ပတ္သက္တဲ့ ရည္မွန္းခ်က္မ်ားရရွိေအာင္လုပ္ေဆာင္ဖို႔ ပစ္မွတ္ထားရမွာျဖစ္ေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္ က ေျပာပါတယ္။

တ႐ုတ္လႊတ္ေတာ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Wang Chao က ကာကြယ္ေရးအသုံးစရိတ္တိုးျမင့္ခဲ့ျခင္းဟာ ႏိုင္ငံရဲ႕ခက္ခဲ ရႈပ္ေထြးတဲ့ လုံၿခဳံေရးစိန္ေခၚမႈမ်ားအတြက္သာမက ႏိုင္ငံ ကာကြယ္ေရးအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္ တာဝန္ယူလုပ္ေဆာင္ဖို႔ျဖစ္ေၾကာင္း ေျပာပါတယ္။

၎က "တ႐ုတ္စစ္တပ္ကို ေခတ္မီေအာင္လုပ္ေဆာင္ျခင္းေတြဟာ အျခားႏိုင္ငံကို ၿခိမ္းေျခာက္ဖို႔မဟုတ္ဘူး၊ ကမာၻ႔ ၿငိမ္းခ်မ္းေရးနဲ႔ ေဒသအတြင္း တည္ၿငိမ္ေရးတို႔ကို ထိန္းသိမ္းဖို႔ျဖစ္တယ္" လို႔ ေျပာပါတယ္။ စစ္သေဘၤာအုပ္စုမ်ား တိုးခ်ဲ႕တည္ေဆာက္မႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔ နဲ႔ ၂ဝ၂၃ ခုႏွစ္အတြင္း ရရွိတဲ့ကာကြယ္ေရးအသုံးစရိတ္ကို J-20 အမ်ိဳးစား ကိုယ္ေပ်ာက္ တိုက္ေလယာဥ္မ်ားဖန္တီးလုပ္ေဆာင္မႈေတြအျပင္ န်ဴကလီးယား ဒုံးက်ည္တပ္ဖြဲ႕ေတြ၊ ပုံမွန္တပ္ဖြဲ႕ေတြရဲ႕ စြမ္းရည္ပိုင္းပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း တ႐ုတ္စစ္တပ္ က ေျပာပါတယ္။

Related news

© 2021. All rights reserved.