ဗိုလ်ချုပ်စျေးရှိ "Rose Jewellery" ရတနာဆိုင် ဖောက်ထွင်းခံရကာ တန်ဖိုးကြီး ပစ္စည်းအများအပြားပျောက်ဆုံး

 1926

Pearl (NP News) - မတ် ၅

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းစျေးရှိ Rose Jewellery ရတနာဆိုင် ဖောက်ထွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ Rose Jewellery ရတနာဆိုင်ဘက်မှ ယနေ့ (မတ်လ ၅ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

Rose Jewellery ရတနာဆိုင်သည် ပြီးခဲ့သည့် မတ်လ(၃)ရက်၊ ညနေ(၄)နာရီအချိန်ခန့်က ဆိုင်ပိတ်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် မတ်လ(၄)ရက်၊ နံနက် (၁ဝ)နာရီတွင် ဆိုင်နီးချင်းမိတ်ဆွေများ၏ ဖုန်းဆက်အသိပေးမှုအရ ဆိုင်ပိုင်ရှင်များက အဆိုပါဆိုင်သို့ လူကြီးစုံရာဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စစ်‌ဆေးခဲ့ရာ ဆိုင်တံခါးပိတ်ထားသည့် သော့ကွင်းအား အက်ဆစ်ဖြင့်ဖျက်ထားမှုကြောင့် တံခါးမှာဟနေပြီး ဆိုင်းခန်းတံခါးအား ဖွင့်ကြည့်သည့်အခါ ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများရှုပ်ပွနေကာ တန်ဖိုးကြီးပစ္စည်းတော်တော်အများအပြားပါသွားခဲ့ကြောင်း Rose Jewellery မှဆိုထားသည်။

zawgyi version
ဗိုလ္ခ်ဳပ္ေစ်းရွိ "Rose Jewellery" ရတနာဆိုင္ ေဖာက္ထြင္းခံရကာ တန္ဖိုးႀကီး ပစၥည္းအမ်ားအျပားေပ်ာက္ဆုံး
Pearl (NP News) - မတ္ ၅

ရန္ကုန္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေစ်းရွိ Rose Jewellery ရတနာဆိုင ဖာက္ထြင္းခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ထိုသို႔ ေဖာက္ထြင္းခံရမႈႏွင့္ပတ္သက္၍ Rose Jewellery ရတနာဆိုင္ဘက္မွ ယေန႔(မတ္လ ၅ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

Rose Jewellery ရတနာဆိုင္သည္ ၿပီးခဲ့သည့္ မတ္လ(၃)ရက္၊ ညေန(၄)နာရီအခ်ိန္ခန႔္က ဆိုင္ပိတ္ထားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မတ္လ(၄)ရက္၊ နံနက္ (၁ဝ)နာရီတြင္ ဆိုင္နီးခ်င္းမိတ္ေဆြမ်ား၏ ဖုန္းဆက္အသိေပးမႈအရ ဆိုင္ပိုင္ရွင္မ်ားက အဆိုပါဆိုင္သို႔ လူႀကီးစုံရာျဖင့္ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ထိုသို႔သြားေရာက္စစ္‌ေဆးခဲ့ရာ ဆိုင္တံခါးပိတ္ထားသည့္ ေသာ့ကြင္းအား အက္ဆစ္ျဖင့္ဖ်က္ထားမႈေၾကာင့္ တံခါးမွာဟေနၿပီး ဆိုင္းခန္းတံခါးအား ဖြင့္ၾကည့္သည့္အခါ ဆိုင္ခန္းအတြင္းရွိ ပစၥည္းမ်ားရႈပ္ပြေနကာ တန္ဖိုးႀကီးပစၥည္းေတာ္ေတာ္အမ်ားအျပားပါသြားခဲ့ေၾကာင္း Rose Jewellery မွဆိုထားသည္။

Related news

© 2021. All rights reserved.