တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများကို ပညာရေးဝန်ကြီးဌာန၌ အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေ

939
ယွန်း (NP News) - မတ် ၁ဝ
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်ပြီးသူများကို ပညာရေးဌာနတွင် ဝန်ထမ်းအဖြစ်ခေါ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံနှင့် ပညာရေးဦးစီးဌာနများရှိ ရာထူးနေရာများတွင် ဝန်ထမ်းများခေါ်ယူနိုင်ရန် တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို ငွေကိုင်(၄) အပါအဝင် အငယ်တန်းစာရေးနှင့် ရုံးအကူ စသည့်နေရာများမှ စတင်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ကျင်းပခဲ့ပြီး ဖြေဆိုသူဦးရေ (၁၆၁၈၅၁)ဦး ရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာဖြေဆိုရန် စုစုပေါင်း စာရင်းပေးသွင်းသူဦးရေသည် (၁၇၉၈၄၃) ဦးရှိခဲ့ပြီး စာမေးပွဲဖြေဆိုသူဦးရေသည် ဒုတိယနေ့(မတ်လ ၉ ရက်)တွင် စုစုပေါင်း(၁၆၁၆၈၁)ဦး ရှိခဲ့ကြောင်း သိရသည်။
zawgyi version
တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုေအာင္ျမင္ၿပီးသူမ်ားကို ပညာေရးဝန္ႀကီးဌာန၌ အလုပ္ခန႔္အပ္ႏိုင္ေရး ေဆာင္႐ြက္ေန
ယြန္း (NP News) - မတ္ ၁ဝ
၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ ေျဖဆိုေအာင္ျမင္ၿပီးသူမ်ားကို ပညာေရးဌာနတြင္ ဝန္ထမ္းအျဖစ္ေခၚယူႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕မွ သိရသည္။
လက္ရွိတြင္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အေျခခံႏွင့္ ပညာေရးဦးစီးဌာနမ်ားရွိ ရာထူးေနရာမ်ားတြင္ ဝန္ထမ္းမ်ားေခၚယူႏိုင္ရန္ တင္ျပေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးသူမ်ားကို ေငြကိုင္(၄) အပါအဝင္ အငယ္တန္းစာေရးႏွင့္ ႐ုံးအကူ စသည့္ေနရာမ်ားမွ စတင္ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ မတ္လ(၈)ရက္တြင္ စနစ္ေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္က်င္းပသည့္ တကၠသိုလ္ဝင္စာေမးပြဲကို စတင္က်င္းပခဲ့ၿပီး ေျဖဆိုသူဦးေရ (၁၆၁၈၅၁)ဦး ရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ စာေျဖဆိုရန္ စုစုေပါင္း စာရင္းေပးသြင္းသူဦးေရသည္ (၁၇၉၈၄၃) ဦးရွိခဲ့ၿပီး စာေမးပြဲေျဖဆိုသူဦးေရသည္ ဒုတိယေန႔(မတ္လ ၉ ရက္)တြင္ စုစုေပါင္း(၁၆၁၆၈၁)ဦး ရွိခဲ့ေၾကာင္း သိရသည္။