ဗိုလ်တစ်ထောင်မြို့နယ်တွင် အုတ်ခုံပေါ်၌ သေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်းတွေ့ရှိ

 1432

Pearl (NP News) - မတ် ၁၃

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် အုတ်ခုံပေါ်၌ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း လင်းလက်လူမှုကူညီရေး အသင်းထံမှ သတင်းရရှိသည်။

အဆိုပါ ရုပ်အလောင်းကို ယနေ့ (မတ်လ ၁၃ရက်နေ့) ၊ နံနက် (၉)နာရီခွဲ‌အချိန်ခန့်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အုတ်ခုံပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အဲဒီနေရာကို ရောက်သွားတာတော့ (၉)ခွဲလောက်ပါ။ သက်ဆိုင်ရာတွေကို အကြောင်း ကြားပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲဌာနကို ပို့ပေးထားပါတယ်။ မိသားစုတွေနဲ့ အဆက်အသွယ် မရသေးပါဘူး၊ ရုပ်အလောင်းမှာ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိပါဘူး။ ကျွန်တော်တို့ အတွေ့အကြုံအရဆို ဦးနှောက်သွေးကြောပြတ်တာဖြစ်နိုင်တယ်” ဟု လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ NP News ကို အတည်ပြုပြောဆိုထားသည်။

လက်ရှိတွင် ရုပ်အလောင်းအား လင်းလက် လူမှုကူညီရေး အသင်းကားဖြင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းမှာ အသက် (၅ဝ)နှစ် ဝန်းကျင်ခန့်ရှိပြီး အမျိုးသားတစ်ဦး ဖြစ်ကြောင်း လင်းလက် လူမှုကူညီရေး အသင်းထံမှ သိရသည်။

zawgyi version
ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္တြင္ အုတ္ခုံေပၚ၌ ေသဆုံးေနသည့္ အမည္မသိ အမ်ိဳးသားအေလာင္းေတြ႕ရွိ

Pearl (NP News) - မတ္ ၁၃

ရန္ကုန္တိုင္း၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္တြင္ အုတ္ခုံေပၚ၌ ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းအားေတြ႕ရွိခဲ့ေၾကာင္း လင္းလက္လူမႈကူညီေရး အသင္းထံမွ သတင္းရရွိသည္။

အဆိုပါ ႐ုပ္အေလာင္းကို ယေန႔ (မတ္လ ၁၃ရက္ေန႔) ၊ နံနက္ (၉)နာရီခြဲ‌အခ်ိန္ခန႔္တြင္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ သိမ္ျဖဴလမ္းႏွင့္ ကမ္းနားလမ္းေထာင့္ရွိ အုတ္ခုံေပၚ၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ အဲဒီေနရာကို ေရာက္သြားတာေတာ့ (၉)ခြဲေလာက္ပါ။ သက္ဆိုင္ရာေတြကို အေၾကာင္း ၾကားၿပီး ရန္ကုန္ေဆး႐ုံႀကီး ရင္ခြဲဌာနကို ပို႔ေပးထားပါတယ္။ မိသားစုေတြနဲ႔ အဆက္အသြယ္ မရေသးပါဘူး၊ ႐ုပ္အေလာင္းမွာ ဘာဒဏ္ရာ ဒဏ္ခ်က္မွ မရွိပါဘူး။ ကြၽန္ေတာ္တို႔ အေတြ႕အႀကဳံအရဆို ဦးေႏွာက္ေသြးေၾကာျပတ္တာျဖစ္ႏိုင္တယ္” ဟု လင္းလက္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး၏ NP News ကို အတည္ျပဳေျပာဆိုထားသည္။

လက္ရွိတြင္ ႐ုပ္အေလာင္းအား လင္းလက္ လူမႈကူညီေရး အသင္းကားျဖင့္ ရန္ကုန္ေဆး႐ုံႀကီး ရင္ခြဲ႐ုံဌာနသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ႐ုပ္အေလာင္းမွာ အသက္ (၅ဝ)ႏွစ္ ဝန္းက်င္ခန႔္ရွိၿပီး အမ်ိဳးသားတစ္ဦး ျဖစ္ေၾကာင္း လင္းလက္ လူမႈကူညီေရး အသင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.