Costume design အတွက် အော်စကာဆုကို လူမည်းအမျိုးသမီး ဒီဇိုင်နာ ရူအီကာတာ ရရှိ၊ သူမက ပထမဆုံး အော်စကာ ၂ ဆုရ လူမည်းအမျိုးသမီးဖြစ်လာ

 642

ရောင်နီ (NP News) - မတ် ၁၃

Custome Design အတွက် အော်စကာဆုကို လူမည်းအမျိုးသမီး ဒီဇိုင်နာ ရူအီကာတာ က ရရှိခဲ့ပြီး သူမဟာ အော်စကာဆု ၂ ဆုရတဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ရူအီကာတာဟာ ၂ဝ၁၉ ခုနှစ်က Marvel ရဲ့ “Black Panther” ဇာတ်ကားအတွက် Custume design မှာ အော်စကာဆု ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ရုပ်ရှင်ရဲ့နောက်ဆက်တွဲဖြစ်တဲ့ “Wakanda Forever” မှာလည်း ဒုတိယ အကြိမ် Custume design အတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

သူမရဲ့ မိန့်ခွန်းမှာ ဒါရိုက်တာ ရိုင်ယန်ကိုဂ်လာ၊ "Black Panther" စတား ချက်ဝက်ဘိုစီမန် နဲ့ မကြာသေးမီက ကွယ်လွန်ခဲ့တဲ့ အသက် ၁ဝ၁ နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့မိခင်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို Marvel မိသားစု၊ ကယ်ဗင်ဖိုင်ဂျီ၊ ဗစ်တိုးရီးယားအလွန်ဆို၊ လူးဝစ်ဒီအက်စ်ပိုဆစ်တို ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းနေက် Wakanda နဲ့ Talokan ရုပ်ရှင်များအတွက် ဝတ်စုံများကို သရုပ်ဖော်ရာမှာ နှလုံးသားနဲ့ကူညီပေးခဲ့တဲ့ အနုပညာရှင်များစွာကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကာတာဟာ Baz Luhrmann ရဲ့ "Elvis” ဇာတ်ကားမှာလည်း BAFTA နဲ့ Costume Designers Guild Awards များကိုလည်း ရရှိခဲ့ပါတယ်။

အော်စကာ ၂ ခုရခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသားကတော့ ဒန်ဇယ်လ် ဝါရှင်တန်ဖြစ်ပြီး၊ သူဟာ ၁၉၉ဝ ခုနှစ်မှာ "Glory" အတွက်ပထမဆုံး အော်စကာ ရရှိခဲ့ပြီး "Training Day” အတွက် ဒုတိယမြောက် အော်စကာဆုကို ၂ဝဝ၂ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

Zawgyi Version;
Costume design အတြက္ ေအာ္စကာဆုကို လူမည္းအမ်ိဳးသမီး ဒီဇိုင္နာ ႐ူအီကာတာ ရရွိ၊ သူမက ပထမဆုံး ေအာ္စကာ ၂ ဆုရ လူမည္းအမ်ိဳးသမီးျဖစ္လာ
ေရာင္နီ (NP News) - မတ္ ၁၃

Custome Design အတြက္ ေအာ္စကာဆုကို လူမည္းအမ်ိဳးသမီး ဒီဇိုင္နာ ႐ူအီကာတာ က ရရွိခဲ့ၿပီး သူမဟာ ေအာ္စကာဆု ၂ ဆုရတဲ့ ပထမဆုံး လူမည္းအမ်ိဳးသမီး ျဖစ္လာခဲ့ပါတယ္။

႐ူအီကာတာဟာ ၂ဝ၁၉ ခုႏွစ္က Marvel ရဲ႕ “Black Panther” ဇာတ္ကားအတြက္ Custume design မွာ ေအာ္စကာဆု ပထမဆုံးအႀကိမ္ ရရွိခဲ့ၿပီး ႐ုပ္ရွင္ရဲ႕ေနာက္ဆက္တြဲျဖစ္တဲ့ “Wakanda Forever” မွာလည္း ဒုတိယ အႀကိမ္ Custume design အတြက္ ေအာ္စကာဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ပါတယ္။

သူမရဲ႕ မိန႔္ခြန္းမွာ ဒါ႐ိုက္တာ ႐ိုင္ယန္ကိုဂ္လာ၊ "Black Panther" စတား ခ်က္ဝက္ဘိုစီမန္ နဲ႔ မၾကာေသးမီက ကြယ္လြန္ခဲ့တဲ့ အသက္ ၁ဝ၁ ႏွစ္ရွိၿပီျဖစ္တဲ့ သူမရဲ႕မိခင္ကို ေက်းဇူးတင္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သလို Marvel မိသားစု၊ ကယ္ဗင္ဖိုင္ဂ်ီ၊ ဗစ္တိုးရီးယားအလြန္ဆို၊ လူးဝစ္ဒီအက္စ္ပိုဆစ္တို ကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယင္းေနက္ Wakanda နဲ႔ Talokan ႐ုပ္ရွင္မ်ားအတြက္ ဝတ္စုံမ်ားကို သ႐ုပ္ေဖာ္ရာမွာ ႏွလုံးသားနဲ႔ကူညီေပးခဲ့တဲ့ အႏုပညာရွင္မ်ားစြာကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ကာတာဟာ Baz Luhrmann ရဲ႕ "Elvis” ဇာတ္ကားမွာလည္း BAFTA နဲ႔ Costume Designers Guild Awards မ်ားကိုလည္း ရရွိခဲ့ပါတယ္။

ေအာ္စကာ ၂ ခုရခဲ့တဲ့ ပထမဆုံး လူမည္းအမ်ိဳးသားကေတာ့ ဒန္ဇယ္လ္ ဝါရွင္တန္ျဖစ္ၿပီး၊ သူဟာ ၁၉၉ဝ ခုႏွစ္မွာ "Glory" အတြက္ပထမဆုံး ေအာ္စကာ ရရွိခဲ့ၿပီး "Training Day” အတြက္ ဒုတိယေျမာက္ ေအာ္စကာဆုကို ၂ဝဝ၂ ခုႏွစ္မွာ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.