'Mercy for Non" ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ဆိုဂျီဆပ် နောက်ထပ် ဝက်တွန်းဒရာမာ 'Manager Kim' မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေ

 122

ရောင်နီ (NP News) - ဇွန် ၂၃
'Mercy for Non' ဇာတ်ကားနဲ့ လောလောလတ်လတ် အောင်မြင်မှုတွေ ရရှိထားတဲ့ တောင်ကိုရီးယားမင်းသား ဆိုဂျီဆပ်ကို နောက်ထပ် ဝဘ်တွန်းဒရာမာ "Manager Kim" မှာ လျှို့ဝှက်အေးဂျင့်အဖြစ် ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
ဇွန်လ ၂ဝ ရက်က ဆိုဂျီဆပ်ရဲ့အေဂျင်စီ 51K ရဲ့ကိုယ်စားလှယ်တစ်ဦးက "မင်းသား ဆိုဂျီဆပ်ဟာ 'Manager Kim' ဒရာမာဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက် လက်ခံရရှိထားပြီး သူ့ရဲ့ကာရိုက်တာ အတွက် သုံးသပ်နေပါတယ်" လို့ ဆိုပါတယ်။ 'Manager Kim' စီးရီးဟာ နာမည်ကြီး webtoon ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ယခုနှစ် နှောင်းပိုင်း ပြသမယ့် 'The Story of Chief Kim' ဒရာမာဇာတ်လမ်းတွဲရဲ့ သီးခြားပရောဂျက်ဖြစ်ပြီး 'Chief Kim, Who Works and Seoul in Apartment' ဝတ္ထုကို အခြေခံထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ဆိုဂျီဆပ်က ပျောက်ဆုံးနေတဲ့ သမီးလေးကို ရှာဖွေဖို့ အပူတပြင်းကြိုးစားနေတဲ့ အထူးအေးဂျင့်ဟောင်း ဖခင်တစ်ဦးဖြစ်တဲ့ Kim ဇာတ်ရုပ်ကို ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဆိုဂျီဆပ်ဟာ ညီဖြစ်သူ သေဆုံးမှုအတွက် လက်စားချေတဲ့ ဇာတ်ရုပ်နဲ့ Netflix ဇာတ်လမ်းတွဲ 'Mercy for None' မှာ ပါဝင်ထားပြီး ကမ္ဘာနဲ့တဝန်း အောင်မြင်မှုတွေ ရရှိထားပါတယ်။

Zawgyi Version:
'Mercy for Non" ဇာတ္ကားနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ဆိုဂ်ီဆပ္ ေနာက္ထပ္ ဝက္တြန္းဒရာမာ 'Manager Kim' မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေန
ေရာင္နီ (NP News) - ဇြန္ ၂၃
'Mercy for Non' ဇာတ္ကားနဲ႔ ေလာေလာလတ္လတ္ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ေတာင္ကိုရီးယားမင္းသား ဆိုဂ်ီဆပ္ကို ေနာက္ထပ္ ဝဘ္တြန္းဒရာမာ "Manager Kim" မွာ လွ်ိဳ႕ဝွက္ေအးဂ်င့္အျဖစ္ ထပ္မံျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။
ဇြန္လ ၂ဝ ရက္က ဆိုဂ်ီဆပ္ရဲ႕ေအဂ်င္စီ 51K ရဲ႕ကိုယ္စားလွယ္တစ္ဦးက "မင္းသား ဆိုဂ်ီဆပ္ဟာ 'Manager Kim' ဒရာမာဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခ်က္ လက္ခံရရွိထားၿပီး သူ႔ရဲ႕ကာ႐ိုက္တာ အတြက္ သုံးသပ္ေနပါတယ္" လို႔ ဆိုပါတယ္။ 'Manager Kim' စီးရီးဟာ နာမည္ႀကီး webtoon ဇာတ္လမ္းကို ျပန္လည္႐ိုက္ကူးမွာ ျဖစ္ပါတယ္။ ယခုႏွစ္ ေႏွာင္းပိုင္း ျပသမယ့္ 'The Story of Chief Kim' ဒရာမာဇာတ္လမ္းတြဲရဲ႕ သီးျခားပေရာဂ်က္ျဖစ္ၿပီး 'Chief Kim, Who Works and Seoul in Apartment' ဝတၳဳကို အေျခခံထားတယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားမွာ ဆိုဂ်ီဆပ္က ေပ်ာက္ဆုံးေနတဲ့ သမီးေလးကို ရွာေဖြဖို႔ အပူတျပင္းႀကိဳးစားေနတဲ့ အထူးေအးဂ်င့္ေဟာင္း ဖခင္တစ္ဦးျဖစ္တဲ့ Kim ဇာတ္႐ုပ္ကို ကမ္းလွမ္းခံထားရတာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဆိုဂ်ီဆပ္ဟာ ညီျဖစ္သူ ေသဆုံးမႈအတြက္ လက္စားေခ်တဲ့ ဇာတ္႐ုပ္နဲ႔ Netflix ဇာတ္လမ္းတြဲ 'Mercy for None' မွာ ပါဝင္ထားၿပီး ကမာၻနဲ႔တဝန္း ေအာင္ျမင္မႈေတြ ရရွိထားပါတယ္။

Related news

© 2021. All rights reserved.