တောင်ကိုရီးယား ဘောလုံးအကျော်အမော် ဆုန်းဟောင်မင်ရဲ့ဇိမ်ခံတိုက်ခန်းကို ဝမ် ၅.၅ ဘီလီယံ (ဒေါ်လာ ၄ သန်း) နဲ့ရောင်းချ၊ အမြတ်ငွေ ဝမ် ၃.၁ ဘီလီယံ ရရှိ

64
ရောင်နီ (NP News) - စက်တင်ဘာ ၁ဝ
တောင်ကိုရီးယားနိုင်ငံရဲ့ဘောလုံးအကျော်အမော် ဆုန်းဟောင်မင်က တောင်ကိုရီးယား၊ ဆိုးလ်မြို့၊ ဆန်းမူဒုန်ရှိ ၎င်းရဲ့ဇိမ်ခံတိုက်ခန်းကို ရောင်းချပြီး အမြတ်ငွေ ၃.၁ ဘီလီယံ (ဒေါ်လာ ၂.၂၅ သန်း) ကျော် ရရှိခဲ့ပါ တယ်။
စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ တရားဝင် အိမ်ခြံမြေ မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်းတွေအရ ဆုန်း ဟာ သူ့ရဲ့ Forest Trimage အိမ်ရာမှ ၁၄၀.၃ ㎡ ယူနစ်တိုက်ခန်းကို မတ် ၂၂ ရက်က ဝမ် ၅.၅ ဘီလီယံနဲ့ ရောင်းချခဲ့ပါတယ်။ ဩဂုတ်လ ၂၉ ရက်မှာတော့ ဝယ်သူကို ပိုင်ဆိုင်မှုလွှဲပြောင်းပေးကာ ရောင်းချမှု အပြီးသတ်ခဲ့ ပါတယ်။ ဆုန်းဟာ အဲဒီတိုက်ခန်းကို ဝမ် ၂.၄၄ ဘီလီယံ (ဒေါ်လာ ၁.၈သန်း) နဲ့ဝယ်ယူခဲ့ပြီး (၈)နှစ်ကြာ ပိုင်ဆိုင်ထား ပြီးနောက် ခန့်မှန်းခြေ ဝမ် ၃.၀၅ ဘီလီယံ(ဒေါ်လာ ၂.၂သန်း) အမြတ်ငွေနဲ့ရောင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆိုးလ်သစ်တောဧရိယာရှိ "Big Three" ဇိမ်ခံတိုက်ခန်းတွေထဲက တစ်ခုဖြစ်တဲ့ Seoul Forest Trimage အိမ်ရာဟာ အိမ်ထောင်စု ၆၈၈ ခု နေထိုင်ပြီး နေထိုင်သူတွေအတွက် မနက်စာ ဝန်ဆောင်မှုကို မိတ်ဆက်ပေးနိုင်တဲ့ ကိုရီးယားနိုင်ငံ ပထမဆုံး တိုက်ခန်းအဆောက်အအုံအဖြစ်လည်း ကျော်ကြားပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား ေဘာလုံးအေက်ာ္အေမာ္ ဆုန္းေဟာင္မင္ရဲ႕ဇိမ္ခံတိုက္ခန္းကို ဝမ္ ၅.၅ ဘီလီယံ (ေဒၚလာ ၄ သန္း) နဲ႔ေရာင္းခ်၊ အျမတ္ေငြ ဝမ္ ၃.၁ ဘီလီယံ ရရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၁ဝ
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ေဘာလုံးအေက်ာ္အေမာ္ ဆုန္းေဟာင္မင္က ေတာင္ကိုရီးယား၊ ဆိုးလ္ၿမိဳ႕၊ ဆန္းမူဒုန္ရွိ ၎ရဲ႕ဇိမ္ခံတိုက္ခန္းကို ေရာင္းခ်ၿပီး အျမတ္ေငြ ၃.၁ ဘီလီယံ (ေဒၚလာ ၂.၂၅ သန္း) ေက်ာ္ ရရွိခဲ့ပါ တယ္။
စက္တင္ဘာ ၅ ရက္က ထုတ္ျပန္တဲ့ တရားဝင္ အိမ္ၿခံေျမ မွတ္ပုံတင္ျခင္းဆိုင္ရာ စာ႐ြက္စာတမ္းေတြအရ ဆုန္း ဟာ သူ႔ရဲ႕ Forest Trimage အိမ္ရာမွ ၁၄၀.၃ ㎡ ယူနစ္တိုက္ခန္းကို မတ္ ၂၂ ရက္က ဝမ္ ၅.၅ ဘီလီယံနဲ႔ ေရာင္းခ်ခဲ့ပါတယ္။ ဩဂုတ္လ ၂၉ ရက္မွာေတာ့ ဝယ္သူကို ပိုင္ဆိုင္မႈလႊဲေျပာင္းေပးကာ ေရာင္းခ်မႈ အၿပီးသတ္ခဲ့ ပါတယ္။ ဆုန္းဟာ အဲဒီတိုက္ခန္းကို ဝမ္ ၂.၄၄ ဘီလီယံ (ေဒၚလာ ၁.၈သန္း) နဲ႔ဝယ္ယူခဲ့ၿပီး (၈)ႏွစ္ၾကာ ပိုင္ဆိုင္ထား ၿပီးေနာက္ ခန႔္မွန္းေျခ ဝမ္ ၃.၀၅ ဘီလီယံ(ေဒၚလာ ၂.၂သန္း) အျမတ္ေငြနဲ႔ေရာင္းထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဆိုးလ္သစ္ေတာဧရိယာရွိ "Big Three" ဇိမ္ခံတိုက္ခန္းေတြထဲက တစ္ခုျဖစ္တဲ့ Seoul Forest Trimage အိမ္ရာဟာ အိမ္ေထာင္စု ၆၈၈ ခု ေနထိုင္ၿပီး ေနထိုင္သူေတြအတြက္ မနက္စာ ဝန္ေဆာင္မႈကို မိတ္ဆက္ေပးႏိုင္တဲ့ ကိုရီးယားႏိုင္ငံ ပထမဆုံး တိုက္ခန္းအေဆာက္အအုံအျဖစ္လည္း ေက်ာ္ၾကားပါတယ္။