Netflix ကာတွန်းရုပ်ရှင် 'K-Pop Demon Hunters' မှာ အဓိကဗီလိန်အဖြစ် သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်း

 78

ရောင်နီ (NP News) - ဇွန် ၂၃
တောင်ကိုရီးယား သရုပ်ဆောင် လီဗြောင်ဟွန်းဟာ Netflix ရဲ့ ကာတွန်းရုပ်ရှင် 'K-Pop Demon Hunters' မှာလည်း အဓိကဗီလိန်အဖြစ် အသံသရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
အက်ရှင်-ဂီတ ကာတွန်းရုပ်ရှင်ဖြစ်တဲ့ "K-Pop Demon Hunters" ဟာ စင်မြင့်ပေါ်မှာ စူပါစတား၊ စင်နောက်ကွယ်မှာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေရတဲ့ နှစ်ဘဝ K-pop အမျိုးသမီးအဖွဲ့ကို ဇာတ်လမ်းတည် ရိုက်ကူးထားပါတယ်။ သဘာဝလွန် တိုက်ခိုက်မှုတွေနဲ့ သဘာဝလွန်စွမ်းအားတွေ ပါဝင်တယ်လို့ သိရပါတယ်။ လီဗြောင်ဟွန်းကတော့ ဇာတ်လမ်းရဲ့ အဓိက ဗီလိန်၊ ရှေးနတ်ဆိုးဘုရင် ဂွီမာ အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဂွီမာကို လူတွေရဲ့စိတ်ဝိညာဉ်တွေကို စုပ်ယူ စားသုံးခြင်းမှ စွမ်းအားရယူပြီး ကမ္ဘာကို စိုးမိုးဖို့ ကြိုးပမ်းနေတဲ့ နတ်ဆိုး ကာရိုက်တာအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါဟာ အရင်က မြောက်အမေရိက ကာတွန်းရုပ်ရှင် Prince Charles Dickens မှာလည်း အသံသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ဖူးတဲ့ လီဗြောင်ဟွန်းအတွက် ဒုတိယမြောက် အသံသရုပ်ဆောင် အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။

Zawgyi Version:
Netflix ကာတြန္း႐ုပ္ရွင္ 'K-Pop Demon Hunters' မွာ အဓိကဗီလိန္အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ လီေျဗာင္ဟြန္း
ေရာင္နီ (NP News) - ဇြန္ ၂၃
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ လီေျဗာင္ဟြန္းဟာ Netflix ရဲ႕ ကာတြန္း႐ုပ္ရွင္ 'K-Pop Demon Hunters' မွာလည္း အဓိကဗီလိန္အျဖစ္ အသံသ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။
အက္ရွင္-ဂီတ ကာတြန္း႐ုပ္ရွင္ျဖစ္တဲ့ "K-Pop Demon Hunters" ဟာ စင္ျမင့္ေပၚမွာ စူပါစတား၊ စင္ေနာက္ကြယ္မွာ နတ္ဆိုးေတြနဲ႔ တိုက္ခိုက္ေနရတဲ့ ႏွစ္ဘဝ K-pop အမ်ိဳးသမီးအဖြဲ႕ကို ဇာတ္လမ္းတည္ ႐ိုက္ကူးထားပါတယ္။ သဘာဝလြန္ တိုက္ခိုက္မႈေတြနဲ႔ သဘာဝလြန္စြမ္းအားေတြ ပါဝင္တယ္လို႔ သိရပါတယ္။ လီေျဗာင္ဟြန္းကေတာ့ ဇာတ္လမ္းရဲ႕ အဓိက ဗီလိန္၊ ေရွးနတ္ဆိုးဘုရင္ ဂြီမာ အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဂြီမာကို လူေတြရဲ႕စိတ္ဝိညာဥ္ေတြကို စုပ္ယူ စားသုံးျခင္းမွ စြမ္းအားရယူၿပီး ကမာၻကို စိုးမိုးဖို႔ ႀကိဳးပမ္းေနတဲ့ နတ္ဆိုး ကာ႐ိုက္တာအျဖစ္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
ဒါဟာ အရင္က ေျမာက္အေမရိက ကာတြန္း႐ုပ္ရွင္ Prince Charles Dickens မွာလည္း အသံသ႐ုပ္ေဆာင္ အျဖစ္ ပါဝင္ခဲ့ဖူးတဲ့ လီေျဗာင္ဟြန္းအတြက္ ဒုတိယေျမာက္ အသံသ႐ုပ္ေဆာင္ အခန္းက႑တစ္ခုလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.