MAMAMOO ရဲ့အဖွဲ့ဝင် ဆိုလာ စစ်မှုထမ်း ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာ

385
ရောင်နီ (NP News) - အောက်တိုဘာ ၁၄
တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ MAMAMOO ရဲ့ အဖွဲ့ဝင် ဆိုလာ ဟာ စစ်မှုထမ်းဝင်ရောက်မယ်လို့ ဆိုပါတယ်။ ဒီသတင်းဟာ ပရိသတ်တွေအတွက် မမျှော်လင့်ထားတဲ့အရာဖြစ်တာကြောင့် အံ့အားသင့်စေခဲ့ပါတယ်။
အောက်တိုဘာလ ၁၀ ရက်မှာ ဆိုလာ က သူမရဲ့တရားဝင် Fromm အကောင့်မှာ အောက်တိုဘာ ၃၁ ရက်က စစ်မှုထမ်း ဆင့်ခေါ်စာ ရရှိလာတာကြောင့် အနုပညာအလုပ်တွေ ခေတ္တဆိုင်းငံ့ထားကြောင်း စာတစ်စောင်နဲ့အတူ အသိပေးခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယားမှာ အသက်ပြည့်ပြီးတဲ့ အမျိုးသားတွေဟာ စစ်မှုထမ်း လေ့ကျင့်ရေး မဖြစ်မနေဝင်ရပေမယ့် အမျိုးသမီးတွေကတော့ မဖြစ်မနေ ဝင်ရောက်စရာ မလိုပါဘူး။ တကယ်လို့ စိတ်အားထက်သန်စွာ စစ်မှုထမ်းဝင်ချင်တယ်ဆိုရင်တော့ ဝင်ရောက်ခွင့်ပေးပါတယ်။ အခု Mamamoo အဖွဲ့ဝင် ဆိုလာ ကတော့ စစ်မှုထမ်းလေ့ကျင့်ရေး ဝင်ရောက်မယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဆုံးဖြတ် ခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။
ဆိုလာရဲ့အေဂျင်စီ RBW Entertainment ကတော့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Zawgyi Version:
MAMAMOO ရဲ႕အဖြဲ႕ဝင္ ဆိုလာ စစ္မႈထမ္း ဝင္ေရာက္မည္ျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ MAMAMOO ရဲ႕ အဖြဲ႕ဝင္ ဆိုလာ ဟာ စစ္မႈထမ္းဝင္ေရာက္မယ္လို႔ ဆိုပါတယ္။ ဒီသတင္းဟာ ပရိသတ္ေတြအတြက္ မေမွ်ာ္လင့္ထားတဲ့အရာျဖစ္တာေၾကာင့္ အံ့အားသင့္ေစခဲ့ပါတယ္။
ေအာက္တိုဘာလ ၁၀ ရက္မွာ ဆိုလာ က သူမရဲ႕တရားဝင္ Fromm အေကာင့္မွာ ေအာက္တိုဘာ ၃၁ ရက္က စစ္မႈထမ္း ဆင့္ေခၚစာ ရရွိလာတာေၾကာင့္ အႏုပညာအလုပ္ေတြ ေခတၱဆိုင္းငံ့ထားေၾကာင္း စာတစ္ေစာင္နဲ႔အတူ အသိေပးခဲ့တာ ျဖစ္ပါတယ္။ေတာင္ကိုရီးယားမွာ အသက္ျပည့္ၿပီးတဲ့ အမ်ိဳးသားေတြဟာ စစ္မႈထမ္း ေလ့က်င့္ေရး မျဖစ္မေနဝင္ရေပမယ့္ အမ်ိဳးသမီးေတြကေတာ့ မျဖစ္မေန ဝင္ေရာက္စရာ မလိုပါဘူး။ တကယ္လို႔ စိတ္အားထက္သန္စြာ စစ္မႈထမ္းဝင္ခ်င္တယ္ဆိုရင္ေတာ့ ဝင္ေရာက္ခြင့္ေပးပါတယ္။ အခု Mamamoo အဖြဲ႕ဝင္ ဆိုလာ ကေတာ့ စစ္မႈထမ္းေလ့က်င့္ေရး ဝင္ေရာက္မယ္လို႔ ေျပာလာခဲ့တာျဖစ္ပါတယ္။ ဘာေၾကာင့္ ဒီလိုဆုံးျဖတ္ ခဲ့သလဲဆိုတာေတာ့ မသိရေသးပါဘူး။
ဆိုလာရဲ႕ေအဂ်င္စီ RBW Entertainment ကေတာ့ အေျခအေနနဲ႔ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။