အမေရိကန်အဆိုတော် Billie Eilish ဖျော်ဖြေပွဲအတွင်း ပရိသတ်လူစုလူဝေးထဲ အတင်းဆွဲခေါ်ခြင်းခံရ

 338

ရောင်နီ (NP News) - အောက်တိုဘာ ၁၄
အမေရိကန် နာမည်ကြီးအဆိုတော်-တေးရေးဆရာ Billie Eilish ဟာ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ဖျော်ဖြေနေရင်း ပရိသတ်တစ်ဦးက လူစုလူဝေးအရံအတားတွေ ချိုးဖျက်ကာ သူမကို လူစုလူဝေးထဲ အတင်းဆွဲခေါ်မှုဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၉ ရက်က အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့လယ်ရှိ ကာဆယ်ရာစင်တာမှာ ပြုလုပ်တဲ့ အသက် ၂၃ နှစ်အရွယ် ဂရမ်မီဆုရှင် Billie Eilish ရဲ့ "Hit Me Hard And Soft” ဖျော်ဖြေပွဲမှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ Billie Eilish ဟာ "Guess" အမည်ရှိ သီချင်းဆိုပြီးနောက် စင်ပေါ်မှ ခုန်ဆင်းကာ ပရိသတ်အရှေ့တန်း အတားအဆီးမှာ အားပေးနေတဲ့ ပရိသတ်မျဉ်းအတိုင်း လမ်းလျှောက်ကာ လက်ဆွဲနှုတ်ဆက်လိုက်ချိန်မှာ ပရိသတ်အတွင်း ဆွဲခေါ်ခံလိုက်ရတာဖြစ်ပါတယ်။ အမျိုးသားတစ်ဦးက သူမရဲ့လက်ကိုစောင့်ဆွဲလိုက်သလိုဖြစ်တာကြောင့် အရံအတားတွေပေါ်ကို Billie Eilish က အရှိန်ပြင်းစွာ ကျခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့ရတဲ့ဗီဒီယိုတွေအရ Billie Eilish ဟာ ရုတ်တရက် ကြောက်လန့်သွားတာမြင်တွေ့ရပါတယ်။ အဆိုပါ အမျိုးသားအပေါ် အရေးယူမှု ရှိ၊ မရှိနဲ့ နောက်ဆက်တွဲအကြောင်းအရာတွေတော့ မသိရသေးပါဘူး။
Billie Eilish အနေနဲ့ ဒီလိုအဖြစ်အပျက်မျိုးဟာ အခုမှကြုံရတာတော့ မဟုတ်ပါဘူး။ အရီဇိုးနားရှိ ဖျော်ဖြေပွဲ တစ်ခုမှာလည်း လူအုပ်ထဲက ပစ်လိုက်တဲ့လည်ဆွဲ ထိမှန်လို့ ဒဏ်ရာရခဲ့ဖူးပါတယ်။

Zawgyi Version:
အေမရိကန္အဆိုေတာ္ Billie Eilish ေဖ်ာ္ေျဖပြဲအတြင္း ပရိသတ္လူစုလူေဝးထဲ အတင္းဆြဲေခၚျခင္းခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
အေမရိကန္ နာမည္ႀကီးအဆိုေတာ္-ေတးေရးဆရာ Billie Eilish ဟာ အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္တဲ့ ေဖ်ာ္ေျဖပြဲတစ္ခုမွာ ေဖ်ာ္ေျဖေနရင္း ပရိသတ္တစ္ဦးက လူစုလူေဝးအရံအတားေတြ ခ်ိဳးဖ်က္ကာ သူမကို လူစုလူေဝးထဲ အတင္းဆြဲေခၚမႈျဖစ္ခဲ့ပါတယ္။
ေအာက္တိုဘာ ၉ ရက္က အေမရိကန္ႏိုင္ငံ၊ မိုင္ယာမီၿမိဳ႕လယ္ရွိ ကာဆယ္ရာစင္တာမွာ ျပဳလုပ္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ဂရမ္မီဆုရွင္ Billie Eilish ရဲ႕ "Hit Me Hard And Soft” ေဖ်ာ္ေျဖပြဲမွာ ဒီအျဖစ္အပ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။ Billie Eilish ဟာ "Guess" အမည္ရွိ သီခ်င္းဆိုၿပီးေနာက္ စင္ေပၚမွ ခုန္ဆင္းကာ ပရိသတ္အေရွ႕တန္း အတားအဆီးမွာ အားေပးေနတဲ့ ပရိသတ္မ်ဥ္းအတိုင္း လမ္းေလွ်ာက္ကာ လက္ဆြဲႏႈတ္ဆက္လိုက္ခ်ိန္မွာ ပရိသတ္အတြင္း ဆြဲေခၚခံလိုက္ရတာျဖစ္ပါတယ္။ အမ်ိဳးသားတစ္ဦးက သူမရဲ႕လက္ကိုေစာင့္ဆြဲလိုက္သလိုျဖစ္တာေၾကာင့္ အရံအတားေတြေပၚကို Billie Eilish က အရွိန္ျပင္းစြာ က်ခဲ့ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ ျမင္ေတြ႕ရတဲ့ဗီဒီယိုေတြအရ Billie Eilish ဟာ ႐ုတ္တရက္ ေၾကာက္လန႔္သြားတာျမင္ေတြ႕ရပါတယ္။ အဆိုပါ အမ်ိဳးသားအေပၚ အေရးယူမႈ ရွိ၊ မရွိနဲ႔ ေနာက္ဆက္တြဲအေၾကာင္းအရာေတြေတာ့ မသိရေသးပါဘူး။
Billie Eilish အေနနဲ႔ ဒီလိုအျဖစ္အပ်က္မ်ိဳးဟာ အခုမွႀကဳံရတာေတာ့ မဟုတ္ပါဘူး။ အရီဇိုးနားရွိ ေဖ်ာ္ေျဖပြဲ တစ္ခုမွာလည္း လူအုပ္ထဲက ပစ္လိုက္တဲ့လည္ဆြဲ ထိမွန္လို႔ ဒဏ္ရာရခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.