BIGBANG အဖွဲ့ဝယ် ဆောင်ဂီဟာ ကမ္ဘောဒီးယား “Prince Compound” မှာလည်း ပါဝင်မှု ရှိနေတယ်လို့ ကောလဟာလထွက်ရှိနေ

 159

ရောင်နီ (NP News) - အောက်တိုဘာ ၁၄

တောင်ကိုရီးယားအမျိုးသား K Pop အဖွဲ့ BIGBANG အဖွဲ့ဝင်ဟောင်း ဆောင်ဂီ ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ "Prince Compound" လို့ခေါ်တဲ့ လုပ်ငန်းစုမှာလည်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ(အတည်ပြုခြင်း မရှိပေမယ့်) အွန်လိုင်းအသိုင်းအဝိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဆောင်ဂီဟာ ပြည့်တန်ဆာမှု၊ လောင်းကစားမှုနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံရကာ မကြာခင်ကမှ လွတ်မြောက်လာသူ ဖြစ်ပါတယ်။
'Prince Brewing'ဆိုတဲ့စကားလုံးတွေနဲ့ Prince Holdings Group လိုဂို စတဲ့ အမှတ်အသားပါ နောက်ခံပိတ်ကားရှေ့မှာ ဆောင်ဂီက စင်မြင့်ပေါ်တက် စကားပြောနေတဲ့ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာ ထွက်ပေါ်လာပြီးနောက် ဒီလိုထင်ကြေးပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရိုက်ကူးခဲ့တယ်လို့ သတင်းရရှိထားတဲ့ အဲဒီဗီဒီယိုဟာ ကမ္ဘောဒီးယားရှိ ကိုရီးယားလူမျိုးတွေနဲ့ပတ်သက်တဲ့ပြန်ပေးဆွဲမှု၊ ချုပ်နှောင်ထားမှုတိုးလာကြောင်း သတင်းတွေနဲ့အတူ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ Prince Holdings Group (ခ) "Prince Compound” ဟာ ရာဇ၀တ်မှုဆိုင်ရာစီရင်စုမှ ရာဇ၀တ်မှုကင်းရှင်းတဲ့ ဆက်စပ်အဖွဲ့အစည်းတွေထဲက တစ်ခုအဖြစ် နိုင်ငံခြားမီဒီယာအချို့မှာ ဖော်ပြခံရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ဒီအဖွဲ့အစည်းမှာ ဆောင်ဂီ ပါဝင်လာနေသလား ဆိုပြီး အချို့က ကောက်ချက်ချနေကြတာပါ။
လက်ရှိအချိန်အထိတော့ ဆောင်ဂီနဲ့ Prince Holdings Group အကြား တိုက်ရိုက်ဆက်ဆံရေးနဲ့ ပတ်သက်ခိုင်လုံတဲ့အထောက်အထား မတွေ့ရသေးပါဘူး။ Prince Holdings Group ရဲ့တရားဝင် ချန်နယ်တွေကို အဆိုပါပွဲကို ဆောင်ဂီ နဲ့ ကျင်းပခဲ့တယ်လို့ အတည်ပြုခြင်းလည်း မရှိဘူးလို့ သိရပါတယ်။
ဆောင်ဂီ ဟာ "Burning Sun” အဖွဲ့အစည်းနဲ့အတူ လောင်းကစားမှု၊ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ အခြားတရားမဝင်လှုပ်ရှားမှုတွေ ပါ၀င်တဲ့ စွဲချက်တွေနဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လက ထောင်ဒဏ်သုံးနှစ်၊ ဒဏ်ငွေ ဝမ် ၁.၁၅ ဘီလီယံ ပစ်ဒဏ်ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။

Zawgyi Version:
BIGBANG အဖြဲ႕ဝယ္ ေဆာင္ဂီဟာ ကေမာၻဒီးယား “Prince Compound” မွာလည္း ပါဝင္မႈ ရွိေနတယ္လို႔ ေကာလဟာလထြက္ရွိေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
ေတာင္ကိုရီးယားအမ်ိဳးသား K Pop အဖြဲ႕ BIGBANG အဖြဲ႕ဝင္ေဟာင္း ေဆာင္ဂီ ဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ "Prince Compound" လို႔ေခၚတဲ့ လုပ္ငန္းစုမွာလည္း ပါဝင္ပတ္သက္ေနတယ္ဆိုတဲ့ သတင္းေတြ(အတည္ျပဳျခင္း မရွိေပမယ့္) အြန္လိုင္းအသိုင္းအဝိုင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ ေဆာင္ဂီဟာ ျပည့္တန္ဆာမႈ၊ ေလာင္းကစားမႈနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္က်ခံရကာ မၾကာခင္ကမွ လြတ္ေျမာက္လာသူ ျဖစ္ပါတယ္။
'Prince Brewing'ဆိုတဲ့စကားလုံးေတြနဲ႔ Prince Holdings Group လိုဂို စတဲ့ အမွတ္အသားပါ ေနာက္ခံပိတ္ကားေရွ႕မွာ ေဆာင္ဂီက စင္ျမင့္ေပၚတက္ စကားေျပာေနတဲ့ဗီဒီယိုဖိုင္တစ္ခု အြန္လိုင္းမွာ ထြက္ေပၚလာၿပီးေနာက္ ဒီလိုထင္ေၾကးေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က ႐ိုက္ကူးခဲ့တယ္လို႔ သတင္းရရွိထားတဲ့ အဲဒီဗီဒီယိုဟာ ကေမာၻဒီးယားရွိ ကိုရီးယားလူမ်ိဳးေတြနဲ႔ပတ္သက္တဲ့ျပန္ေပးဆြဲမႈ၊ ခ်ဳပ္ေႏွာင္ထားမႈတိုးလာေၾကာင္း သတင္းေတြနဲ႔အတူ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။ Prince Holdings Group (ခ) "Prince Compound” ဟာ ရာဇ၀တ္မႈဆိုင္ရာစီရင္စုမွ ရာဇ၀တ္မႈကင္းရွင္းတဲ့ ဆက္စပ္အဖြဲ႕အစည္းေတြထဲက တစ္ခုအျဖစ္ ႏိုင္ငံျခားမီဒီယာအခ်ိဳ႕မွာ ေဖာ္ျပခံရတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္တာေၾကာင့္ ဒီအဖြဲ႕အစည္းမွာ ေဆာင္ဂီ ပါဝင္လာေနသလား ဆိုၿပီး အခ်ိဳ႕က ေကာက္ခ်က္ခ်ေနၾကတာပါ။
လက္ရွိအခ်ိန္အထိေတာ့ ေဆာင္ဂီနဲ႔ Prince Holdings Group အၾကား တိုက္႐ိုက္ဆက္ဆံေရးနဲ႔ ပတ္သက္ခိုင္လုံတဲ့အေထာက္အထား မေတြ႕ရေသးပါဘူး။ Prince Holdings Group ရဲ႕တရားဝင္ ခ်န္နယ္ေတြကို အဆိုပါပြဲကို ေဆာင္ဂီ နဲ႔ က်င္းပခဲ့တယ္လို႔ အတည္ျပဳျခင္းလည္း မရွိဘူးလို႔ သိရပါတယ္။
ေဆာင္ဂီ ဟာ "Burning Sun” အဖြဲ႕အစည္းနဲ႔အတူ ေလာင္းကစားမႈ၊ အသက္မျပည့္ေသးတဲ့ ကေလးေတြနဲ႔ ျပည့္တန္ဆာလုပ္ငန္း၊ အျခားတရားမဝင္လႈပ္ရွားမႈေတြ ပါ၀င္တဲ့ စြဲခ်က္ေတြနဲ႔ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လက ေထာင္ဒဏ္သုံးႏွစ္၊ ဒဏ္ေငြ ဝမ္ ၁.၁၅ ဘီလီယံ ပစ္ဒဏ္ခ်မွတ္ခဲ့ရတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.