ရှားပါး အရေပြားရောဂါနဲ့ အနှစ် ၂၀ ကြာ ရုန်းကန်ခဲ့ရတဲ့အကြောင်း ဖွင့်ဟပြောလာတဲ့ FT Island အဖွဲ့ဝင် ဟောင်ကီ

 251

ရောင်နီ (NP News) - ဇွန် ၁၈
တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ FT Island ရဲ့အဖွဲ့ဝင် ဟောင်ကီက Hidradenitis suppurativa လို့ခေါ်တဲ့ ရှားပါးအရေပြားရောဂါကို ဆယ်စုနှစ် နှစ်ခုနီးပါး ခံစားခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
“ငယ်ငယ်ကတည်းက ဒီဒဏ်ရာတွေကို ခံစားခဲ့ရပြီး ခွဲစိတ်မှု ရှစ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်” “ခွဲစိတ်ထားတဲ့ အမာရွတ်တွေကြောင့် အများသူငှာ ရေချိုးခန်းတွေကိုတောင် ရှောင်ဖြစ်တယ်" လို့ ဟောင်ကီက ရင်ဖွင့်ခဲ့ပါတယ်။ ဟောင်ကီဟာ "You're Beautiful" "A korean odyssey" "Modern Farmer" "My Girlfriend is Gumiho" စတဲ့ နာမည်ကျော် တောင်ကိုရီးယား ဒရာမာဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် လူသိများပါတယ်။
Hidradenitis suppurativa ရောဂါဟာ ရှားပါး နာတာရှည်ရောဂါ တစ်မျိုးဖြစ်ပြီး လက်မောင်းနဲ့ တင်ပါး ချွေးဂလင်း ရှိတဲ့နေရာတွေ နာကျင်ပြီး အဖုအလုံးတွေ ပေါက်စေပါတယ်။ ရောဂါဟာ မကြာခဏ အဆီပြန်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး အခြေအနေဆိုးလာရင်တော့ ပြည်တည်နာတွေဖြစ်ကာ ပေါက်ပြဲသွားတတ်ပါ တယ်။
ဟောင်ဂီကတော့ ဒီရောဂါဟာ အရက်နဲ့ အီးစီးကရက်များ, အဆီများတဲ့အစားအသောက်များ စားသုံးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

Zawgyi Version:
ရွားပါး အေရျပားေရာဂါနဲ႔ အႏွစ္ ၂၀ ၾကာ ႐ုန္းကန္ခဲ့ရတဲ့အေၾကာင္း ဖြင့္ဟေျပာလာတဲ့ FT Island အဖြဲ႕ဝင္ ေဟာင္ကီ
ေရာင္နီ (NP News) - ဇြန္ ၁၈
ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ FT Island ရဲ႕အဖြဲ႕ဝင္ ေဟာင္ကီက Hidradenitis suppurativa လို႔ေခၚတဲ့ ရွားပါးအေရျပားေရာဂါကို ဆယ္စုႏွစ္ ႏွစ္ခုနီးပါး ခံစားခဲ့ရတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ထုတ္ေဖာ္ ေျပာၾကားလာခဲ့ပါတယ္။
“ငယ္ငယ္ကတည္းက ဒီဒဏ္ရာေတြကို ခံစားခဲ့ရၿပီး ခြဲစိတ္မႈ ရွစ္ႀကိမ္ ျပဳလုပ္ခဲ့ရပါတယ္” “ခြဲစိတ္ထားတဲ့ အမာ႐ြတ္ေတြေၾကာင့္ အမ်ားသူငွာ ေရခ်ိဳးခန္းေတြကိုေတာင္ ေရွာင္ျဖစ္တယ္" လို႔ ေဟာင္ကီက ရင္ဖြင့္ခဲ့ပါတယ္။ ေဟာင္ကီဟာ "You're Beautiful" "A korean odyssey" "Modern Farmer" "My Girlfriend is Gumiho" စတဲ့ နာမည္ေက်ာ္ ေတာင္ကိုရီးယား ဒရာမာဇာတ္ကားေတြမွာ ပါဝင္ခဲ့ဖူးတာေၾကာင့္ လူသိမ်ားပါတယ္။
Hidradenitis suppurativa ေရာဂါဟာ ရွားပါး နာတာရွည္ေရာဂါ တစ္မ်ိဳးျဖစ္ၿပီး လက္ေမာင္းနဲ႔ တင္ပါး ေခြၽးဂလင္း ရွိတဲ့ေနရာေတြ နာက်င္ၿပီး အဖုအလုံးေတြ ေပါက္ေစပါတယ္။ ေရာဂါဟာ မၾကာခဏ အဆီျပန္ျခင္း၊ ေရာင္ရမ္းျခင္းတို႔ကို ျဖစ္ေပၚေစၿပီး အေျခအေနဆိုးလာရင္ေတာ့ ျပည္တည္နာေတြျဖစ္ကာ ေပါက္ၿပဲသြားတတ္ပါ တယ္။
ေဟာင္ဂီကေတာ့ ဒီေရာဂါဟာ အရက္နဲ႔ အီးစီးကရက္မ်ား, အဆီမ်ားတဲ့အစားအေသာက္မ်ား စားသုံးမႈေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.