မွေးနေ့မှာ ကျန်းမာရေးစင်တာတွေကို ဒေါ်လာ ၇၂,၀၀၀ လှူဒါန်းခဲ့တဲ့ BTS အဖွဲ့ဝင် RM

39
ရောင်နီ (NP News) - စက်တင်ဘာ ၁၃
BTS ရဲ့ အဖွဲ့ခေါင်းဆောင် RM (အမည်ရင်း ကင်နမ်ဂျွန်) ဟာ သူ့ရဲ့ ၃၁ နှစ်ပြည့် မွေးနေ့မှာ Asan Medical Center နဲ့ Korea University Medical Center ကို ဝမ် သန်း ၁၀၀(ဒေါ်လာ ၇၂,၀၀၀ ခန့်) လှူဒါန်းကာ မွေးနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၁၂ ရက်က ဖော်ပြတဲ့ ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းရဲ့ အဆိုအရ Asan Medical Center ကို လှူဒါန်းတဲ့ RM ရဲ့ မွေးနေ့အလှူငွေဟာ ငွေကြေး မတတ်နိုင်တဲ့ လူနာတွေအတွက် ကုသမှုနဲ့ ခွဲစိတ်မှုကုန်ကျ စရိတ်တွေကို ကာမိစေနိုင်မှာဖြစ်ပြီး Korea University Medical Center ကို လှူဒါန်းတဲ့ ရန်ပုံငွေကတော့ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေမြှင့်တင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုတွေ တိုးချဲ့ရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။
အဖွဲ့အစည်းနှစ်ခုစလုံးက RM ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ကြပါတယ်။
Zawgyi Version:
ေမြးေန႔မွာ က်န္းမာေရးစင္တာေတြကို ေဒၚလာ ၇၂,၀၀၀ လႉဒါန္းခဲ့တဲ့ BTS အဖြဲ႕ဝင္ RM
ေရာင္နီ (NP News) - စက္တင္ဘာ ၁၃
BTS ရဲ႕ အဖြဲ႕ေခါင္းေဆာင္ RM (အမည္ရင္း ကင္နမ္ဂြၽန္) ဟာ သူ႔ရဲ႕ ၃၁ ႏွစ္ျပည့္ ေမြးေန႔မွာ Asan Medical Center နဲ႔ Korea University Medical Center ကို ဝမ္ သန္း ၁၀၀(ေဒၚလာ ၇၂,၀၀၀ ခန႔္) လႉဒါန္းကာ ေမြးေန႔ အထိမ္းအမွတ္ျပဳလုပ္ခဲ့ပါတယ္။
စက္တင္ဘာလ ၁၂ ရက္က ေဖာ္ျပတဲ့ ေဆးဘက္ဆိုင္ရာအသိုင္းအဝိုင္းရဲ႕ အဆိုအရ Asan Medical Center ကို လႉဒါန္းတဲ့ RM ရဲ႕ ေမြးေန႔အလႉေငြဟာ ေငြေၾကး မတတ္ႏိုင္တဲ့ လူနာေတြအတြက္ ကုသမႈနဲ႔ ခြဲစိတ္မႈကုန္က် စရိတ္ေတြကို ကာမိေစႏိုင္မွာျဖစ္ၿပီး Korea University Medical Center ကို လႉဒါန္းတဲ့ ရန္ပုံေငြကေတာ့ ေဆးဘက္ဆိုင္ရာအေဆာက္အအုံေတြျမႇင့္တင္ဖို႔နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈဝန္ေဆာင္မႈေတြ တိုးခ်ဲ႕ရာမွာ အသုံးျပဳမယ္လို႔ သိရပါတယ္။
အဖြဲ႕အစည္းႏွစ္ခုစလုံးက RM ရဲ႕ ရက္ေရာမႈအတြက္ ေက်းဇူးတင္ရွိေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။