အော်စကာ ဆုပေးပွဲမှာ ကော်ဇောနီပေါ် ချော်လဲခဲ့တဲ့ ဓာတ်ပုံဆရာကို ကူညီပေးခဲ့တဲ့ လေဒီဂါဂါ

1383

ရောင်နီ (NP News) - မတ် ၁၄
ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ၂W၂၃ ခုနှစ် အော်စကာဆုပေးပွဲမှာ ကော်ဇောနီ ပေါ် ချော်လဲနေတဲ့ဓာတ်ပုံဆရာကို ကူညီပေးခဲ့ကာ သူမရဲ့ ကြင်နာတဲ့စိတ်သဘောထားကို လှစ်ဟပြသခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby Theatre မှာ ကျင်းပတဲ့ ၉၅ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အသက် ၃၆ နှစ်အရွယ် အမည်းရောင် ဂါဝန်ရှည်ကို ဖက်ရှင်ကျကျဝတ်ဆင်ထားတဲ့ လေဒီဂါဂါဟာ ကော်ဇောပေါ်မှာ ချော်လဲ နေတဲ့ဓာတ်ပုံဆရာကို အပြေးအလွှားသွားကာ ကူညီခဲ့တာကို အင်စတာဂရမ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုအရ မြင်တွေ့ရပါတယ်။
သူမဟာ Top Gun ရုပ်ရှင်ရဲ့ "Hold My Hand" တေးသီချင်းအတွက် အကောင်းဆုံး မူရင်းသီချင်းဆု ဆန်ခါတင် စာရင်းဝင်ထားသူလည်းဖြစ်ပါတယ်။ အော်စကာဆုရှင် ရုပ်ရှင်ပရိုဂျူဆာ ဂလန်ဝစ် က Oscars Creative Team ရဲ့ သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ဟာ လေဒီဂါဂါနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိကြပါတယ်။ သူမဟာ အဆိုတော်ဖြစ်ပေမယ့် ရုပ်ရှင်လုပ်ငန်းကိုလည်း ဂုဏ်ပြုပေးနေပါတယ်။ ရုပ်ရှင်တစ်ကားရိုက်ဖို့ အချိန်ကြာပါတယ်။ အပြန်ပြန်အလှန်လှန်ကူညီမှုတွေနဲ့ သူမရဲ့လုပ်ရည်ကိုင်ရည်ဟာ ကျွန်တော်တို့ကို ရင်းနှီးစေခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလကလည်း မင်းသားကြီး တွန်ခရုစ့် ဟာ Top Gun ရုပ်ရှင်မှာ ဂါဂါရဲ့ ပါဝင်အားဖြည့် လုပ်ဆောင်မှုကို ချီးကျူးခဲ့ကာ "ရုပ်ရှင်တစ်ခုလုံးဟာ အံ့သြစရာပဲ" "ခံစားချက်တွေကို ဖွင့်ဟလိုက်သလိုပါပဲ၊။ အဲဒီ အခိုက်အတန့်မှာ သူမရေးထားတဲ့ သီချင်းလေးဟာလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်ညီစွာ ထွက်ပေါ်လာခဲ့တယ်" လို့ ဖွင့်ဟခဲ့ပါတယ်။

Zawgyi Version;
ေအာ္စကာ ဆုေပးပြဲမွာ ေကာ္ေဇာနီေပၚ ေခ်ာ္လဲခဲ့တဲ့ ဓာတ္ပုံဆရာကို ကူညီေပးခဲ့တဲ့ ေလဒီဂါဂါ
ေရာင္နီ (NP News) - မတ္ ၁၄
ကမာၻေက်ာ္အဆိုေတာ္ ေလဒီဂါဂါဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက ၂W၂၃ ခုႏွစ္ ေအာ္စကာဆုေပးပြဲမွာ ေကာ္ေဇာနီ ေပၚ ေခ်ာ္လဲေနတဲ့ဓာတ္ပုံဆရာကို ကူညီေပးခဲ့ကာ သူမရဲ႕ ၾကင္နာတဲ့စိတ္သေဘာထားကို လွစ္ဟျပသခဲ့ပါတယ္။
ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ Dolby Theatre မွာ က်င္းပတဲ့ ၉၅ ႀကိမ္ေျမာက္ ေအာ္စကာ အကယ္ဒမီဆုေပးပြဲမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ အမည္းေရာင္ ဂါဝန္ရွည္ကို ဖက္ရွင္က်က်ဝတ္ဆင္ထားတဲ့ ေလဒီဂါဂါဟာ ေကာ္ေဇာေပၚမွာ ေခ်ာ္လဲ ေနတဲ့ဓာတ္ပုံဆရာကို အေျပးအလႊားသြားကာ ကူညီခဲ့တာကို အင္စတာဂရမ္မွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္တစ္ခုအရ ျမင္ေတြ႕ရပါတယ္။
သူမဟာ Top Gun ႐ုပ္ရွင္ရဲ႕ "Hold My Hand" ေတးသီခ်င္းအတြက္ အေကာင္းဆုံး မူရင္းသီခ်င္းဆု ဆန္ခါတင္ စာရင္းဝင္ထားသူလည္းျဖစ္ပါတယ္။ ေအာ္စကာဆုရွင္ ႐ုပ္ရွင္ပ႐ိုဂ်ဴဆာ ဂလန္ဝစ္ က Oscars Creative Team ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ “ကြၽန္ေတာ္တို႔ဟာ ေလဒီဂါဂါနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိၾကပါတယ္။ သူမဟာ အဆိုေတာ္ျဖစ္ေပမယ့္ ႐ုပ္ရွင္လုပ္ငန္းကိုလည္း ဂုဏ္ျပဳေပးေနပါတယ္။ ႐ုပ္ရွင္တစ္ကား႐ိုက္ဖို႔ အခ်ိန္ၾကာပါတယ္။ အျပန္ျပန္အလွန္လွန္ကူညီမႈေတြနဲ႔ သူမရဲ႕လုပ္ရည္ကိုင္ရည္ဟာ ကြၽန္ေတာ္တို႔ကို ရင္းႏွီးေစခဲ့ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေမလကလည္း မင္းသားႀကီး တြန္ခ႐ုစ့္ ဟာ Top Gun ႐ုပ္ရွင္မွာ ဂါဂါရဲ႕ ပါဝင္အားျဖည့္ လုပ္ေဆာင္မႈကို ခ်ီးက်ဴးခဲ့ကာ "႐ုပ္ရွင္တစ္ခုလုံးဟာ အံ့ၾသစရာပဲ" "ခံစားခ်က္ေတြကို ဖြင့္ဟလိုက္သလိုပါပဲ၊။ အဲဒီ အခိုက္အတန႔္မွာ သူမေရးထားတဲ့ သီခ်င္းေလးဟာလည္း ဇာတ္လမ္းနဲ႔ လိုက္ဖက္ညီစြာ ထြက္ေပၚလာခဲ့တယ္" လို႔ ဖြင့္ဟခဲ့ပါတယ္။