လီဗြောင်ဟွန်းနဲ့ ဂျွန်ဂျီဟွန်တို့ အတူတွဲ မြင်တွေ့ရနိုင်ဖွယ်ရှိတဲ့ "Koreans"

 300

ရောင်နီ (NP News) - စက်တင်ဘာ ၅

ဝါရင့်နာမည်ကြီး သရုပ်ဆောင် ဂျွန်ဂျီဟွန်ကို ထောက်လှမ်းရေးဒရာမာ “Koreans” မှာ သရုပ်ဆောင် လီဗြောင်ဟွန်းနဲ့အတူ သူလျိုလင်မယားစုံတွဲအဖြစ် တွဲဖက်မြင်တွေ့ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဂျွန်ဂျီဟွန်ဟာ စက်တင်ဘာလ ၃ ရက်
က "Koreans” ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဂျွန်ဂျီဟွန် ရဲ့အေဂျင်စီ PEACHY မှ ကိုယ်စားလှယ်တစ်ဦးက "ဂျွန်ဂျီဟွန်ဟာ 'Korean' ဇာတ်ကားအတွက် ကမ်းလှမ်းမှု လက်ခံရရှိထားပေမယ့် လက်ရှိ ပရောဂျက်ကို ပြန်လည်သုံးသပ်နေကာ သူမရဲ့ အချိန်ဇယားတွေကို ညှိနှိုင်းပြီးမှ အပြီးသတ် ဆုံးဖြတ်ချက်ချမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ လီဗြောင်ဟွန်း က ဇာတ်ဆောင်မင်းသား အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေပြီး အကယ်လို့သာ နှစ်ဦးစလုံး လက်မှတ်ရေးထိုးမယ်ဆိုရင် “Koreans” ဇာတ်ကားမှာ အတူတွဲဖက်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
"Koreans" ဟာ လူကြိုက်များတဲ့ အမေရိကန်စီးရီး "The Americans" ကို ပြန်လည်ရိုက်ကူးမယ့် remake ဇာတ်ကားဖြစ်ပြီး The Glory" ဒါရိုက်တာ အန်ဂီဟိုက ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Zawgyi Version:
လီေျဗာင္ဟြန္းနဲ႔ ဂြၽန္ဂ်ီဟြန္တို႔ အတူတြဲ ျမင္ေတြ႕ရႏိုင္ဖြယ္ရွိတဲ့ "Koreans"
ေရာင္နီ (NP News) - စက္တင္ဘာ ၅
ဝါရင့္နာမည္ႀကီး သ႐ုပ္ေဆာင္ ဂြၽန္ဂ်ီဟြန္ကို ေထာက္လွမ္းေရးဒရာမာ “Koreans” မွာ သ႐ုပ္ေဆာင္ လီေျဗာင္ဟြန္းနဲ႔အတူ သူလ်ိဳလင္မယားစုံတြဲအျဖစ္ တြဲဖက္ျမင္ေတြ႕ရႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။
ဂြၽန္ဂ်ီဟြန္ဟာ စက္တင္ဘာလ ၃ ရက္
က "Koreans” ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသမီးေနရာက ပါဝင္ဖို႔ ကမ္းလွမ္းခံခဲ့ရတယ္လို႔ သတင္းရရွိပါတယ္။ ဂြၽန္ဂ်ီဟြန္ ရဲ႕ေအဂ်င္စီ PEACHY မွ ကိုယ္စားလွယ္တစ္ဦးက "ဂြၽန္ဂ်ီဟြန္ဟာ 'Korean' ဇာတ္ကားအတြက္ ကမ္းလွမ္းမႈ လက္ခံရရွိထားေပမယ့္ လက္ရွိ ပေရာဂ်က္ကို ျပန္လည္သုံးသပ္ေနကာ သူမရဲ႕ အခ်ိန္ဇယားေတြကို ညႇိႏႈိင္းၿပီးမွ အၿပီးသတ္ ဆုံးျဖတ္ခ်က္ခ်မယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ လီေျဗာင္ဟြန္း က ဇာတ္ေဆာင္မင္းသား အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေနၿပီး အကယ္လို႔သာ ႏွစ္ဦးစလုံး လက္မွတ္ေရးထိုးမယ္ဆိုရင္ “Koreans” ဇာတ္ကားမွာ အတူတြဲဖက္ျမင္ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။
"Koreans" ဟာ လူႀကိဳက္မ်ားတဲ့ အေမရိကန္စီးရီး "The Americans" ကို ျပန္လည္႐ိုက္ကူးမယ့္ remake ဇာတ္ကားျဖစ္ၿပီး The Glory" ဒါ႐ိုက္တာ အန္ဂီဟိုက ႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.