YBS တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ပါက တစ်ကြိမ်ကျော်တက်လျှင် ဒဏ်ငွေကျပ် (၁ဝဝဝဝ) ချမှတ်ခံရမည်ဟု YRTC အသိပေး

 571

NP News - မတ် ၁၆

YBS ယာဉ်များတစ်စီးနှင့် တစ်စီးကျော်တက်မောင်းနှင်ခြင်းမပြုရ စတစ်ကာ ကမ်ပိန်းကို မတ်လ ၁၅ ရက်ကပြုလုပ်ခဲ့ပြီး ပြစ်မှုပြစ်ဒဏ် (၁၃၈) ချက်အရ တစ်ကြိမ်ကျော်တက်လျှင် ဒဏ်ငွေကျပ် (၁ဝဝဝဝ) ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်ထားသည်။

ယနေ့ (မတ်လ ၁၆ ရက်)တွင် YRTC မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း များအား အသိပညာပေး ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

YRTC ၏ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက “YBS ယာဉ်တွေ တစ်စီးနဲ့ တစ်စီးကျော်တက်၊ လုယက်မောင်းနှင် တာတွေကြောင့် တဖက်ယာဉ်ကြောကနေ မီးစိမ်းပြီး ထွက်လာတဲ့ ယာဉ်တွေနဲ့ထိပ်တိုက်တွေ့တာ၊ အခြား လမ်းမှန်ယာဉ်တွေနဲ့တိုက်မိတာ၊ လမ်းသွားလမ်းလာတွေ ထိခိုက်သေဆုံးခြင်းစတဲ့ မဖြစ်သင့်တဲ့ ဆုံးရှုံးမှု တွေ ကြုံတွေ့ရနိုင်ပါတယ်” ဟု ပြောသည်။

မီးနီဖြတ်သန်းမောင်းနှင်ခြင်းကို YRTC က လုံးဝခွင့်လွှတ်မည်မဟုတ်သည့်အပြင် ဥပဒေတွင် မီးဝါချိန်တွင် မီးပွိုင့်ရပ်မျဉ်းကို ကျော်ပြီးပါက ဖြတ်သန်းမောင်းနှင်နိုင်မည်ဟုဆိုသော်လည်း မီးဝါသည်နှင့် အတင်းကျော်မောင်းရန် မဟုတ်ဘဲ အရှိန်လျှော့၍ ရပ်ထားရမည်ဖြစ်သည်။

ထို့ကြောင့် ခရီးသွားလုပ်သားပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှုမရှိရေး အဓိကထားသေချာကြပ်မတ် ပေးရန် YRTC က စောင့်ကြပ်အ‌ရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူပြီး အရေးယူခြင်းဖြစ်သည့်အတွက် သက်သေခိုင်လုံစွာဖြင့် အရေးယူခံရနိုင်ကြောင်းသိရသည်။ မီးနီဖြတ်ခြင်းကို (၃) ကြိမ်အထိ မှတ်သားရရှိပါက ယာဉ်လိုင်းကုမ္ပဏီများအား အရေးယူအပြစ်ပေးရန်လည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းကုမ္ပဏီများနှင့် YRTC တို့ဆွေးနွေးတိုင်ပင်ရာတွင် ထိုသို့စည်းကမ်းမဲ့မောင်းနှင်နေရခြင်း၏ အကြောင်းအရင်းသည် ယာဉ်မောင်းများက ပုတ်ပြတ် (ခေါက်ကြေး) ယူ၍ လုယက်‌မောင်းနှင်ကြခြင်း ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

zawgyi version
YBS တစ္စီးႏွင့္တစ္စီးေက်ာ္တက္ေမာင္းႏွင္ပါက တစ္ႀကိမ္ေက်ာ္တက္လွ်င္ ဒဏ္ေငြက်ပ္ (၁ဝဝဝဝ) ခ်မွတ္ခံရမည္ဟု YRTC အသိေပး
NP News - မတ္ ၁၆

YBS ယာဥ္မ်ားတစ္စီးႏွင့္ တစ္စီးေက်ာ္တက္ေမာင္းႏွင္ျခင္းမျပဳရ စတစ္ကာ ကမ္ပိန္းကို မတ္လ ၁၅ ရက္ကျပဳလုပ္ခဲ့ၿပီး ျပစ္မႈျပစ္ဒဏ္ (၁၃၈) ခ်က္အရ တစ္ႀကိမ္ေက်ာ္တက္လွ်င္ ဒဏ္ေငြက်ပ္ (၁ဝဝဝဝ) ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) က အသိေပးထုတ္ျပန္ထားသည္။

ယေန႔ (မတ္လ ၁၆ ရက္)တြင္ YRTC မွ ႀကီးမႉးက်င္းပေသာ စည္းကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္ေမာင္း မ်ားအား အသိပညာေပး ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

YRTC ၏ ဒုတိယဥကၠ႒ ဦးခ်စ္ကိုကိုက “YBS ယာဥ္ေတြ တစ္စီးနဲ႔ တစ္စီးေက်ာ္တက္၊ လုယက္ေမာင္းႏွင္ တာေတြေၾကာင့္ တဖက္ယာဥ္ေၾကာကေန မီးစိမ္းၿပီး ထြက္လာတဲ့ ယာဥ္ေတြနဲ႔ထိပ္တိုက္ေတြ႕တာ၊ အျခား လမ္းမွန္ယာဥ္ေတြနဲ႔တိုက္မိတာ၊ လမ္းသြားလမ္းလာေတြ ထိခိုက္ေသဆုံးျခင္းစတဲ့ မျဖစ္သင့္တဲ့ ဆုံးရႈံးမႈ ေတြ ႀကဳံေတြ႕ရႏိုင္ပါတယ္” ဟု ေျပာသည္။

မီးနီျဖတ္သန္းေမာင္းႏွင္ျခင္းကို YRTC က လုံးဝခြင့္လႊတ္မည္မဟုတ္သည့္အျပင္ ဥပေဒတြင္ မီးဝါခ်ိန္တြင္ မီးပြိဳင့္ရပ္မ်ဥ္းကို ေက်ာ္ၿပီးပါက ျဖတ္သန္းေမာင္းႏွင္ႏိုင္မည္ဟုဆိုေသာ္လည္း မီးဝါသည္ႏွင့္ အတင္း ေက်ာ္ေမာင္းရန္ မဟုတ္ဘဲ အရွိန္ေလွ်ာ့၍ ရပ္ထားရမည္ျဖစ္သည္။

ထို႔ေၾကာင့္ ခရီးသြားလုပ္သားျပည္သူမ်ား ထိခိုက္ ဒဏ္ရာရရွိမႈမရွိေရး အဓိကထားေသခ်ာၾကပ္မတ္ ေပးရန္ YRTC က ေစာင့္ၾကပ္အ‌ေရးယူရာတြင္ Traffic Control Center မွ နည္းပညာျမင့္ Telematics စက္မ်ား၊ CCTV record မ်ားျဖင့္ မွတ္တမ္းရယူၿပီး အေရးယူျခင္းျဖစ္သည့္အတြက္ သက္ေသခိုင္လုံစြာျဖင့္ အေရးယူခံရႏိုင္ေၾကာင္းသိရသည္။ မီးနီျဖတ္ျခင္းကို (၃) ႀကိမ္အထိ မွတ္သားရရွိပါက ယာဥ္လိုင္းကုမၸဏီမ်ားအား အေရးယူအျပစ္ေပးရန္လည္း ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

ယာဥ္လိုင္းကုမၸဏီမ်ားႏွင့္ YRTC တို႔ေဆြးေႏြးတိုင္ပင္ရာတြင္ ထိုသို႔စည္းကမ္းမဲ့ေမာင္းႏွင္ေနရျခင္း၏ အေၾကာင္းအရင္းသည္ ယာဥ္ေမာင္းမ်ားက ပုတ္ျပတ္ (ေခါက္ေၾကး) ယူ၍ လုယက္‌ေမာင္းႏွင္ၾကျခင္း ေၾကာင့္လည္း ျဖစ္ေၾကာင္း သိရသည္။

Picture

095000238

18/03/2023 07:30

တောင်ဒဂုံ သစ်ဆိုင်ကွေ့မီးပွိုင့်တွင်သာ လာဖမ်းပါလေ ဦးလှအောင်

Related news

© 2021. All rights reserved.