ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား (၈ဝဝ)ကျော်ကို ခေါ်ယူမည်ဟု သံရုံးကြေညာ

 936

ယွန်း (NP News) - မတ် ၁၆

ဂျပန်နိုင်ငံရှိ စက်ရုံနှင့် ကုမ္ပဏီများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား(၈ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ မတ်လ(၁၅)ရက်၊ နံနက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်သည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန် နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိကို စာရွက်စာတမ်းအထောက်အထားများ စိစစ်နေခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် စိစစ်ပြီးတွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း မြန်မာသံရုံးမှ ဆိုထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ မတ်လ(၁)ရက်မှ (၁၅)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ သည့် အလုပ်ကမ်းလှမ်းစာ(၂ဝ၆)ခု ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာများအရ မြန်မာနိုင်ငံသား အမျိုးသား(၃၁၂)နှင့် အမျိုးသမီး(၅ဝ၉) ဦး စုစုပေါင်း (၈၂၁) ဦးတို့ကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထား သည်။

Zawgyi Version;
ယွန်း (NP News) - မတ် ၁၆








Picture

L Mone

17/03/2023 09:30

ပြည်သူလူထု တိုင်းရင်းမြေသားစစ်စစ် နယ်မြေခံ ပြည်ထောင်စုမြန်မာနိုင်ငံကြီးရဲ့ သားသမီး အစစ်တွေ မသိတဲ့ ကိစ္စ များ ကိုချပြမယ်နော်..။ ၁/မြန်မာနိုင်ငံတစ်ခုလုံးကို တရုတ်တွေက တရုတ်ပြည်မကြီးနဲ့ ထပ်တူပြုပြီး ပေါင်းဖော်လက်တွဲစေလိုကြတယ်..။ ၂/အိန္ဒိယကလည်း မြန်မာပြည်ကြီးကို တရုတ်လွှမ်းနေတာမျိုးကို မကြိုက်သလို ဗုဒ္ဓဘာသာကို လေးနက်စွာကိုးကွယ်လို့လည်း မေတ္တာ ရှိကြတယ်။အိန္နိယမူတွေကို အဓိကထားတာမျိူးတော့ လိုလားကြပါတယ်..။ ၃/ဘဂ်လားဒေ့်ကတော့ မြန်မာပြည်အကျယ်အဝန်းကို အရမ်းအားကျတယ် သဘောတွေ့တယ်မူစလင်လူမျိူး သူ့နိုင်ငံသားတွေအတွက် မြေ အပိုင်းအခြား ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ နယ်မြေတစ်ခု ရနိုင်ရင်လိုချင်သလို မြန်မာတနိုင်ငံလုံးကို မူစလင်ဘာသာဝင်တွေ တိုးပွားစေချင်သလို မြန်မာမူစလင်တွေကို အကြောက်တရာမရှိအားနာစရာမရှိ အောင် လူမိုက်စိတ်တွေ သွန်းပေးထားကြပါတယ်။ ၄/ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို လက်စားချေချင်တယ် မြန်မာပြည်ထဲက တိုင်းရင်းသားတွေ လက်ခံထားပြီး လက်နက်ကိုင်မှူ့တွေကို အားပေးအားမြှောက်အမြဲတမ်းလုပ်နေကြတယ်..။မြန်မာစစ်တပ်စစ်တိုက်လို့ စစ်ရှူံးခဲ့ရင် အချိန်မ မရွေး ခိုလုံခွင့်ပေးထားတယ်..ဖြစ်နိုင်ရင် ရှမ်းပြည်နဲ့ တနသ်ာရီတိုင်းတို့ကို့ ရရင်အရမ်းလိုချင်နေပါတယ်။ကရ်တွေ မွန်တွေ ကယားတွေကိုလည်း အမြဲတမ်းမြှောက်ပေးကြတယ်။ ၅/ဂျပန်တို့က မြန်မာပြည်ကို အရမ်းမေတ္ဆာရှိသလို မြန်မာတွေရဲ့ဘာသာတရား ကို အားကျသလို တရုတ်ရဲ့ အားသာချက် အားနည်းချက်က မြန်မာနိုင်ငံဖြစ်နေလို့ပါပဲ။မြန်မာစစ်တပ်ကို လေးစားကြတယ် ပြည်သူစစ်စစ်တွေကို မေတ္တာထားတတ်ကြတယ်။ ၆/အမေရိကန်ကတော့ မြန်မာပြည်ကို လုံးဝမေတ္တာမရှိပါဘူး အာရှနိုင်ငံ တွေကို ဖြိုခွဲဖို့နဲ့ဗိုလ်ကျစိုးမိုးဖိူ့ ဆိုတာသေချာလွန်းလှပါ၏.

Related news

© 2021. All rights reserved.