အေသင်မြို့ တိရစ္ဆာန်ရုံမှ အမှိုက်ပုံးအတွင်း တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုရဲ့ သားကောင်ဖြစ်တယ်လို့ ယူဆရတဲ့ ကျားဖြူသားပေါက်တစ်ကောင် တွေ့ရှိ

 598

ရောင်နီ (NP News) - မတ် ၁၈

တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုရဲ့ သားကောင်ဖြစ်ခဲ့တယ်လို့ ယူဆရတဲ့ ကျားဖြူ တစ်ကောင်ကို အေသင်မြို့၊ တိရစ္ဆာန်ရုံရဲ့ အမှိုက်ပုံးထဲမှာ စွန့်ပစ်ထားတာတွေ့ရပြီး တိရစ္ဆာန် ဆေးကုဆရာဝန်များ က ကယ်တင်ဖို့အတွက် ကြိုးစားနေကြပါတယ်။

သုံးလသားအရွယ် ကျားဖြူကို အာတီကာ တိရစ္ဆာန်ဥယျာဉ်ရဲ့ကားရပ်နားရာ နေရာရှိ အမှိုက်ပုံးအောက်မှာ ဖေဖော်ဝါရီ ၂၈ ရက်က သန့်ရှင်းရေးသမားတစ်ဦးမှ တွေ့ရှိခဲ့ကာ တိရစ္ဆာန်ရုံပိုင်ရှင်ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

“တိရစ္ဆာန်ရုံအပြင်မှာ ဒီလိုတိရစ္ဆာန်မျိုး စွန့်ပစ်ထားတာ တွေ့ရတာ ဒါပထမဆုံးအကြိမ်ပါပဲ” လို့ တိရစ္ဆာန်ရုံ တည်ထောင်သူ ဂျင်းဂျက်ကွာလက်ဆူရာက ပြောကြားခဲ့ပါတယ်။ တိရစ္ဆာန်ရုံရဲ့ လုံခြုံရေးကင်မရာဗီဒီယိုမှာ ဖေဖော်ဝါရီ ၂၈ ရက် သန်းခေါင်မတိုင်မီက အမှိုက်ပုံးများဆီကို မော်တော်ကားတစ်စီး မောင်းနှင်လာတာ မြင်တွေ့ရ ပါတယ်။

အာဏာပိုင်များက အဆိုပါမော်တော်ကားရဲ့လိုင်စင်နံပါတ်ပြားများကို ခြေရာခံဖို့ ကြိုးပမ်းနေတယ်လို့ သိရပါ တယ်။ ကျားဖြူကြီးဟာ ပိန်ပြီး ရေဓာတ်ခန်းခြောက်နေပုံရကာ ပြင်းထန်တဲ့အခြေအနေမှာ ရှိနေပါတယ်။ "သားပေါက်လေးကို ပထမဆုံးမြင်လိုက်ရတုန်းက ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်ခဲ့တယ်" လို့ တိရစ္ဆာန်ရုံ တိရစ္ဆာန် ဆေးကုဆရာဝန် နွိုင်ပက်ဆာရော့ဒါကီ က ပြောပါတယ်။

“သူမကို မသင့်တော်တဲ့အစားအသောက်နဲ့ ကျွေးထားတာဖြစ်နိုင်တယ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်အာဟာရတွေ ပြင်းပြင်းထန်ထန်ချို့တဲ့တာကြောင့် သူမရဲ့အရိုးတွေကို အလွန်ပျက်စီးလွယ်စေပါတယ်" လို့ ၄င်းက ထပ်လောင်း ပြောကြားပါတယ်။

ဓာတ်မှန်ရိုက်ချက်များအရ ကျားဖြူလေးရဲ့နောက်ကျောတစ်ဖက်မှာ သတ္တုပင်တံတစ်ခုကို ထိုးနှက်ထားတာ တွေ့ရှိ ရပါတယ်။ အဆိုပါကျားဖြူပေါက်လေးကို တိရစ္ဆာန်ရုံမှာ မွေးမြူထားမယ်လို့ မစ္စတာလက်ဆာက ပြောကြားခဲ့ပါ တယ်။

Europol ရဲ့အဆိုအရ ဥရောပရှိ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုဟာ ယူရိုဘီလီယံချီသော စီးပွားရေးဖြစ်ပြီး အေသင်ဟာ အာရှနဲ့ အာဖရိကတို့ဟာ ဥရောပဝယ်လက်များထံ ရောင်းချတဲ့ ဇစ်မြစ်ဖြစ်တယ်လို့ သိရပါတယ်။

“ရှားပါးတိရစ္ဆာန်တွေ ဂရိကို တရားမဝင် ဝင်ရောက်တာ မြွေတွေ၊ ကျားတွေလို ကျားတွေ ဝင်လာတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူး” လို့ တောရိုင်းတိရစ္ဆာန်များ ကယ်တင်ရေးအသင်း ANIMA အကြီးအကဲဖြစ်သူ မစ္စ မာရီယာဂါနိုတီက ပြောကြားပါတယ်။

Zawgyi Version;
ေအသင္ၿမိဳ႕ တိရစာၦန္႐ုံမွ အမႈိက္ပုံးအတြင္း ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္ေဖာက္ကားမႈရဲ႕ သားေကာင္ျဖစ္တယ္လို႔ ယူဆရတဲ့ က်ားျဖဴသားေပါက္တစ္ေကာင္ ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၁၈

တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈရဲ႕ သားေကာင္ျဖစ္ခဲ့တယ္လို႔ ယူဆရတဲ့ က်ားျဖဴ တစ္ေကာင္ကို ေအသင္ၿမိဳ႕၊ တိရစာၦန္႐ုံရဲ႕ အမႈိက္ပုံးထဲမွာ စြန္႔ပစ္ထားတာေတြ႕ရၿပီး တိရစာၦန္ ေဆးကုဆရာဝန္မ်ား က ကယ္တင္ဖို႔အတြက္ ႀကိဳးစားေနၾကပါတယ္။

သုံးလသားအ႐ြယ္ က်ားျဖဴကို အာတီကာ တိရစာၦန္ဥယ်ာဥ္ရဲ႕ကားရပ္နားရာ ေနရာရွိ အမႈိက္ပုံးေအာက္မွာ ေဖေဖာ္ဝါရီ ၂၈ ရက္က သန္႔ရွင္းေရးသမားတစ္ဦးမွ ေတြ႕ရွိခဲ့ကာ တိရစာၦန္႐ုံပိုင္ရွင္ထံ အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။

“တိရစာၦန္႐ုံအျပင္မွာ ဒီလိုတိရစာၦန္မ်ိဳး စြန႔္ပစ္ထားတာ ေတြ႕ရတာ ဒါပထမဆုံးအႀကိမ္ပါပဲ” လို႔ တိရစာၦန္႐ုံ တည္ေထာင္သူ ဂ်င္းဂ်က္ကြာလက္ဆူရာက ေျပာၾကားခဲ့ပါတယ္။ တိရစာၦန္႐ုံရဲ႕ လုံၿခဳံေရးကင္မရာဗီဒီယိုမွာ ေဖေဖာ္ဝါရီ ၂၈ ရက္ သန္းေခါင္မတိုင္မီက အမႈိက္ပုံးမ်ားဆီကို ေမာ္ေတာ္ကားတစ္စီး ေမာင္းႏွင္လာတာ ျမင္ေတြ႕ရ ပါတယ္။

အာဏာပိုင္မ်ားက အဆိုပါေမာ္ေတာ္ကားရဲ႕လိုင္စင္နံပါတ္ျပားမ်ားကို ေျခရာခံဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါ တယ္။ က်ားျဖဴႀကီးဟာ ပိန္ၿပီး ေရဓာတ္ခန္းေျခာက္ေနပုံရကာ ျပင္းထန္တဲ့အေျခအေနမွာ ရွိေနပါတယ္။ "သားေပါက္ေလးကို ပထမဆုံးျမင္လိုက္ရတုန္းက ကိုယ့္မ်က္လုံးကိုယ္ေတာင္ မယုံႏိုင္ျဖစ္ခဲ့တယ္" လို႔ တိရစာၦန္႐ုံ တိရစာၦန္ ေဆးကုဆရာဝန္ ႏြိဳင္ပက္ဆာေရာ့ဒါကီ က ေျပာပါတယ္။

“သူမကို မသင့္ေတာ္တဲ့အစားအေသာက္နဲ႔ ေကြၽးထားတာျဖစ္ႏိုင္တယ္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္အာဟာရေတြ ျပင္းျပင္းထန္ထန္ခ်ိဳ႕တဲ့တာေၾကာင့္ သူမရဲ႕အ႐ိုးေတြကို အလြန္ပ်က္စီးလြယ္ေစပါတယ္" လို႔ ၄င္းက ထပ္ေလာင္း ေျပာၾကားပါတယ္။

ဓာတ္မွန္႐ိုက္ခ်က္မ်ားအရ က်ားျဖဴေလးရဲ႕ေနာက္ေက်ာတစ္ဖက္မွာ သတၱဳပင္တံတစ္ခုကို ထိုးႏွက္ထားတာ ေတြ႕ရွိ ရပါတယ္။ အဆိုပါက်ားျဖဴေပါက္ေလးကို တိရစာၦန္႐ုံမွာ ေမြးျမဴထားမယ္လို႔ မစၥတာလက္ဆာက ေျပာၾကားခဲ့ပါ တယ္။

Europol ရဲ႕အဆိုအရ ဥေရာပရွိ ေတာ႐ိုင္းတိရစာၦန္မ်ား ေရာင္းဝယ္ေဖာက္ကားမႈဟာ ယူ႐ိုဘီလီယံခ်ီေသာ စီးပြားေရးျဖစ္ၿပီး ေအသင္ဟာ အာရွနဲ႔ အာဖရိကတို႔ဟာ ဥေရာပဝယ္လက္မ်ားထံ ေရာင္းခ်တဲ့ ဇစ္ျမစ္ျဖစ္တယ္လို႔ သိရပါတယ္။

“ရွားပါးတိရစာၦန္ေတြ ဂရိကို တရားမဝင္ ဝင္ေရာက္တာ ေႁမြေတြ၊ က်ားေတြလို က်ားေတြ ဝင္လာတာဟာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ဘူး” လို႔ ေတာ႐ိုင္းတိရစာၦန္မ်ား ကယ္တင္ေရးအသင္း ANIMA အႀကီးအကဲျဖစ္သူ မစၥ မာရီယာဂါႏိုတီက ေျပာၾကားပါတယ္။

Picture

Thapyay Ywet Nu Soe

18/03/2023 17:23

သနားစရာ‌ ကလေး။ အမြန်သက်သာလာပါစေ။

Related news

© 2021. All rights reserved.