ဘုရားကျောင်းသွားသည့် ထော်လာဂျီတိမ်းမှောက်ရာ အမျိုးသမီး(၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

 568

စော (NP News) - မတ် ၁၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထော်လာဂျီတိမ်းမှောက်၍ အမျိုးသမီး (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ ဆီမီးလော့ရွာ၌ ယနေ့ (မတ်လ ၁၈ ရက်)၊ နံနက် ၈ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရွှေလွိုင်ကော်ကယား လူမှုကူညီရေးအသင်းမှ သိရသည်။

“ဘုရားကျောင်းသွားရင်းဖြစ်တာပါ။ သူတို့ပြောပုံအရတော့ ဘောကြွေတာလိုတော့ပြောတယ်။ ညာဘက်ကသွားနေရင်းနဲ့ဘယ်ဘက်ကဆွဲပြီးမှောက်တာပါ ။မြောင်းထဲကျသွားတယ်လို့လဲပြောပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး”ဟု ရွှေလွိုင်ကော်(ကယား)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါတိမ်းမှောက်မှုကြောင့် အသက်(၅ဝ)ကျော်အရွယ် အမျိုးသမီး(၅)ဦးအပါအဝင် အသက်(၄ဝ)ကျော်အရွယ် အမျိုးသမီး (၂)ဦး၊ အသက်(၃ဝ)ကျော်အရွယ် တစ်ဦး နှင့် အသက် (၂ဝ)ကျော်အရွယ် နှစ်ဦး စုစု ပေါင်း (၁ဝ)ဦးတို့တွင် အသီးသီးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ရွှေလွိုင်ကော်(ကယား)လူမှုကူညီရေးအသင်းမှ လွိုင်ကော်ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘုရားေက်ာင္းသြားသည့္ ေထာ္လာဂ်ီတိမ္းေမွာက္ရာ အမ်ိဳးသမီး (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ

ေစာ (NP News) - မတ္ ၁၈

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ ေထာ္လာဂ်ီတိမ္းေမွာက္၍ အမ်ိဳးသမီး (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ လြိဳင္ေကာ္ၿမိဳ႕၊ ဆီမီးေလာ့႐ြာ၌ ယေန႔ (မတ္လ ၁၈ ရက္)၊ နံနက္ ၈ နာရီအခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊလြိဳင္ေကာ္ကယား လူမႈကူညီေရးအသင္းမွ သိရသည္။

“ဘုရားေက်ာင္းသြားရင္းျဖစ္တာပါ။ သူတို႔ေျပာပုံအရေတာ့ ေဘာေႂကြတာလိုေတာ့ေျပာတယ္။ ညာဘက္ကသြားေနရင္းနဲ႔ဘယ္ဘက္ကဆြဲၿပီးေမွာက္တာပါ ။ေျမာင္းထဲက်သြားတယ္လို႔လဲေျပာပါတယ္။ စိုးရိမ္ရတဲ့အေျခအေနေတာ့မရွိပါဘူး”ဟု ေ႐ႊလြိဳင္ေကာ္(ကယား)လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

အဆိုပါတိမ္းေမွာက္မႈေၾကာင့္ အသက္(၅ဝ)ေက်ာ္အ႐ြယ္ အမ်ိဳးသမီး(၅)ဦးအပါအဝင္ အသက္(၄ဝ)ေက်ာ္အ႐ြယ္ အမ်ိဳးသမီး (၂)ဦး၊ အသက္(၃ဝ)ေက်ာ္အ႐ြယ္ တစ္ဦး ႏွင့္ အသက္ (၂ဝ)ေက်ာ္အ႐ြယ္ ႏွစ္ဦး စုစု ေပါင္း (၁ဝ)ဦးတို႔တြင္ အသီးသီးထိခိုက္ဒဏ္ရာရွိခဲ့ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား ေ႐ႊလြိဳင္ေကာ္(ကယား)လူမႈကူညီေရးအသင္းမွ လြိဳင္ေကာ္ျပည္သူေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.