ကား နှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးမှု လားရှိုးမြို့တွင်ဖြစ်ပွား

 657

စော (NP News) - မတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုး-သီပေါပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားနှင့် ဆိုင်ကယ်ယာဥ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၈ ရက်) ၊ နေ့လည် (၁၁)နာရီဝန်းကျင်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်တာလဲတော့မသိပါဘူး။ ယာဉ်တိုက်မှုဖြစ်တာလေးပဲသိတာပါ။ ဘယ်သူလဲ ဘယ်ကလဲမေးလို့မရခဲ့ဘူး။ မိသားစုနဲ့လည်း အဆက်အသွယ် မရသေးပါဘူး။ လူနာဆုံးသွားတာပဲသိတာပါ”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ NP News ကိုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် လားရှိုးလူငယ်များအသင်းက ပူးပေါင်း၍ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ဆေးရုံရောက်ပြီးနောက် နေ့လည် (၁)နာရီခွဲအချိန်ခန့်တွင် သေဆုံးသွားပြီး လက်ရှိတွင် ၎င်းနှင့်ပတ်သတ်သည့် အချက်အလက်များကို သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ကား ႏွင့္ ဆိုင္ကယ္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံးမႈ လားရႈိးၿမိဳ႕တြင္ျဖစ္ပြား

ေစာ (NP News) - မတ္ ၁၈

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ လားရႈိး-သီေပါျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ကားႏွင့္ ဆိုင္ကယ္ယာဥ္တိုက္မႈျဖစ္ပြား၍ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၈ ရက္) ၊ ေန႔လည္ (၁၁)နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ျဖစ္ပြားခဲ့ေၾကာင္း လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းထံမွ သိရသည္။
“ဘယ္လိုျဖစ္တာလဲေတာ့မသိပါဘူး။ ယာဥ္တိုက္မႈျဖစ္တာေလးပဲသိတာပါ။ ဘယ္သူလဲ ဘယ္ကလဲေမးလို႔မရခဲ့ဘူး။ မိသားစုနဲ႔လည္း အဆက္အသြယ္ မရေသးပါဘူး။ လူနာဆုံးသြားတာပဲသိတာပါ”ဟု လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းမွ NP News ကိုေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူကို ယာဥ္ထိန္းတပ္ဖြဲ႕ဝင္မ်ားႏွင့္ လားရႈိးလူငယ္မ်ားအသင္းက ပူးေပါင္း၍ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ ေဆး႐ုံေရာက္ၿပီးေနာက္ ေန႔လည္ (၁)နာရီခြဲအခ်ိန္ခန႔္တြင္ ေသဆုံးသြားၿပီး လက္ရွိတြင္ ၎ႏွင့္ပတ္သတ္သည့္ အခ်က္အလက္မ်ားကို သက္ဆိုင္ရာမွ ဆက္လက္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.