အမေရိကန်နဲ့ စစ်ဖြစ်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံသား (၈)သိန်းခန့် စစ်ထဲပါဝင်မယ်

 781

ဂျန်ဇက် (NP News) - မတ် ၁၉

အမေရိကန်နဲ့ စစ်ဖြစ်မယ်ဆိုရင် မြောက်ကိုရီးယားစစ်တပ်အတွက်ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီးယားနိုင်ငံသား (၈)သိန်းခန့် စာရင်းပေးသွားထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာ Rodong Sinmun က ရေးသားဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့က Freedom Shield (FS) အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုများစတင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ ဒုံးကျည်များ ဆက်တိုက်ပစ်ခတ်ခဲ့သလို အမေရိကန်နဲ့ စစ်ဖြစ်လာရင်ပါဝင်မယ့် မြောက်ကိုရီးယားနိုင်ငံသားအရေအတွက်ကို ထုတ်ဖော်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ မတ်လ ၁၉ ရက် နံနက်ပိုင်းမှာလည်း ပဲ့ထိန်းဒုံးကျည် ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်များစမ်းသပ်မှုဟာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလုပ်နေတဲ့တောင်ကိုရီးယားနဲ့အမေရိကန်တို့ကို သတိပေးခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရက "အမေရိကန်နဲ့တောင်ကိုရီးယားတို့လုပ်ဆောင်နေတဲ့အရာတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ လုံခြုံရေးမတည်ငြိမ်မှုတွေဖြစ်အောင်လုပ်နေဆောင်နေတာမျိုးဖြစ်တယ်။မဟာ ဗျူဟာမြောက်လက်နက်တွေ စမ်းသပ်ပြနေခြင်းဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်မြင့်တက်အောင်လုပ်ဆောင်နေတဲ့ရန်သူတွေကို သတိပေးနေတာမျိုးဖြစ်တယ်"လို့ပြောပါတယ်။

စစ်ထဲပါဝင်ဖို့ စာရင်းပေးထားသူ (၈)သိန်းဟာ ကျောင်းသားနဲ့အလုပ်သမားတွေဖြစ်ပြီး နိုင်ငံတဝှမ်းရှိစစ်မှုထမ်းဟောင်းတွေဟာ အမေရိကန်နဲ့ စစ်ဖြစ်လာမယ်ဆိုရင် စစ်မှုပြန်ထမ်းဖို့ ပြန်လည်စာရင်းပေးသွားဖွယ်ရှိနေကြောင်း Rodong Sinmun က ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းစာက "စစ်ထဲပါဝင်ဖို့ လူငယ်တွေဟာ စိတ်အားထက်သန်နေတယ်။ မြောက်ကိုရီးယား နိုင်ငံကို လာရောက်ကျူးကျော်သူတွေကို တိုက်ထုတ်ဖို့ လူငယ်မျိုးဆက်တွေဟာ စိတ်ဝင်စားမှုတွေမြင့်တက်နေတယ်"လို့ပြောပါတယ်။

zawgyi version
အေမရိကန္နဲ႔ စစ္ျဖစ္မယ္ဆိုရင္ ေျမာက္ကိုရီးယားႏိုင္ငံသား (၈)သိန္းခန႔္ စစ္ထဲပါဝင္မယ္
ဂ်န္ဇက္ (NP News) - မတ္ ၁၉

အေမရိကန္နဲ႔ စစ္ျဖစ္မယ္ဆိုရင္ ေျမာက္ကိုရီးယားစစ္တပ္အတြက္ပါဝင္တိုက္ခိုက္ဖို႔ ေျမာက္ကိုရီးယားႏိုင္ငံသား (၈)သိန္းခန႔္ စာရင္းေပးသြားထားေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းစာ Rodong Sinmun က ေရးသားေဖာ္ျပခဲ့ပါတယ္။

ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔က Freedom Shield (FS) အမည္ရွိ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားစတင္ခဲ့ၿပီးေနာက္ပိုင္း ေျမာက္ကိုရီးယားဟာ ဒုံးက်ည္မ်ား ဆက္တိုက္ပစ္ခတ္ခဲ့သလို အေမရိကန္နဲ႔ စစ္ျဖစ္လာရင္ပါဝင္မယ့္ ေျမာက္ကိုရီးယားႏိုင္ငံသားအေရအတြက္ကို ထုတ္ေဖာ္ေျပာဆိုလာခဲ့တာလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဟာ မတ္လ ၁၉ ရက္ နံနက္ပိုင္းမွာလည္း ပဲ့ထိန္းဒုံးက်ည္ ထပ္မံစမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားက ဒုံးက်ည္မ်ားစမ္းသပ္မႈဟာ ပူးတြဲစစ္ေရးေလ့က်င့္ခန္းလုပ္ေနတဲ့ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ကို သတိေပးျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။

ေျမာက္ကိုရီးယားအစိုးရက "အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔လုပ္ေဆာင္ေနတဲ့အရာေတြဟာ ကိုရီးယားကြၽန္းဆြယ္မွာ လုံၿခဳံေရးမတည္ၿငိမ္မႈေတြျဖစ္ေအာင္လုပ္ေနေဆာင္ေနတာမ်ိဳးျဖစ္တယ္။မဟာ ဗ်ဴဟာေျမာက္လက္နက္ေတြ စမ္းသပ္ျပေနျခင္းဟာ ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈအရွိန္ျမင့္တက္ေအာင္လုပ္ေဆာင္ေနတဲ့ရန္သူေတြကို သတိေပးေနတာမ်ိဳးျဖစ္တယ္"လို႔ေျပာပါတယ္။

စစ္ထဲပါဝင္ဖို႔ စာရင္းေပးထားသူ (၈)သိန္းဟာ ေက်ာင္းသားနဲ႔အလုပ္သမားေတြျဖစ္ၿပီး ႏိုင္ငံတဝွမ္းရွိစစ္မႈထမ္းေဟာင္းေတြဟာ အေမရိကန္နဲ႔ စစ္ျဖစ္လာမယ္ဆိုရင္ စစ္မႈျပန္ထမ္းဖို႔ ျပန္လည္စာရင္းေပးသြားဖြယ္ရွိေနေၾကာင္း Rodong Sinmun က ေရးသားေဖာ္ျပခဲ့ပါတယ္။ အဆိုပါသတင္းစာက "စစ္ထဲပါဝင္ဖို႔ လူငယ္ေတြဟာ စိတ္အားထက္သန္ေနတယ္။ ေျမာက္ကိုရီးယား ႏိုင္ငံကို လာေရာက္က်ဴးေက်ာ္သူေတြကို တိုက္ထုတ္ဖို႔ လူငယ္မ်ိဳးဆက္ေတြဟာ စိတ္ဝင္စားမႈေတြျမင့္တက္ေနတယ္"လို႔ေျပာပါတယ္။

Picture

hla thein

19/03/2023 15:40

ချီးစားနေသော ဗမာများ မြောက်ကိုရီးလူငယ်လူလတ် တွေရဲ့နိုင်ငံချစ် အမျိုးချစ်စိတ်ကိုအားမကျကြဘူးလား အချင်းချင်းသတ်နေတာတော်လှပေါ့

Related news

© 2021. All rights reserved.