ဟိုပန်မြို့တွင် ရေတွင်းတူးရာမှ အမျိုးသား(၃)ဦးအောက်ဆီဂျင်ပြတ်၍ သေဆုံး

 523

စော (NP News) - မတ် ၁၉

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်တွင် ရေတွင်းတူးရာမှ အမျိုးသား(၃)ဦးအောက်ဆီဂျင်ပြတ်၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ(၁၈)ရက်၊ နေ့လည်(၂)နာရီခွဲအချိန်တွင် ဟိုပန်မြို့နယ်၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ် (၂/မန်မိုင်ကွင်း)ရှိ ရေတွင်းတူးရာမှဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသား(၃)ဦးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် “ဝ”တိုင်းနာရေးကူညီမှုအသင်းမှ ကယ်‌ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဟိုပန်ပြည်သူဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဟိုပန္ၿမိဳ႕တြင္ ေရတြင္းတူးရာမွ အမ်ိဳးသား(၃)ဦးေအာက္ဆီဂ်င္ျပတ္၍ ေသဆုံး

ေစာ (NP News) - မတ္ ၁၉

ရွမ္းျပည္နယ္၊ ဟိုပန္ၿမိဳ႕နယ္တြင္ ေရတြင္းတူးရာမွ အမ်ိဳးသား(၃)ဦးေအာက္ဆီဂ်င္ျပတ္၍ ေသဆုံးသြားေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။

ျဖစ္စဥ္မွာ မတ္လ(၁၈)ရက္၊ ေန႔လည္(၂)နာရီခြဲအခ်ိန္တြင္ ဟိုပန္ၿမိဳ႕နယ္၊ မန္ခိုင္ရပ္ကြက္၊ ကြင္းအမွတ္ (၂/မန္မိုင္ကြင္း)ရွိ ေရတြင္းတူးရာမွျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသား(၃)ဦးအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ “ဝ”တိုင္းနာေရးကူညီမႈအသင္းမွ ကယ္‌ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေပးခဲ့ၿပီး ဟိုပန္ျပည္သူေဆး႐ုံသို႔ ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.