ရန်ကုန်မြို့၌ အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံပြီး အဆုံးစီရင်ရန် (၄)ကြိမ်ထက်မနည်း ကြိုးပမ်းခဲ့

 4045

NP News - မတ် ၂ဝ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦး ကားအတိုက်ခံပြီး အဆုံးစီရင်ရန် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ မတ်လ(၁၉)ရက်၊ ညနေ(၅)နာရီခွဲ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းနှင့် သဲကွင်းမှတ်တိုင်ကြားတွင် ဖြစ်ပွားခဲ့ကြောင်း ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦးသည် လမ်း‌မအတိုင်း မောင်းလာသည့် YBS 23 ယာဥ်‌ရှေ့သို့ပြေးဝင်ခဲ့ပြီး မိမိကိုယ်ကိုသတ်သေရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်သွားတော့ ရပ်ကွက်ကလာပြောတာပေါ့။ YBS ကနေ လူတစ်ယောက်ကို တိုက်သွားတယ်ဆိုပြီး လာပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့အချိန်မှာ လူတစ်ယောက်က ဗီဒီယိုရိုက်ထားတာကို ပြပါတယ်။ အဲဒီအမျိုးသားက ‌ရှေ့မှာလည်း ကား(၃)(၄)စီးလောက်ကို အဲဒီလိုလုပ်ထားသေးတယ်တဲ့ သူလည်း မသင်္ကာလို့ ရိုက်ထားတာလို့ပြောပါတယ်” ဟု ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုဆိုသည်။

အဆိုပါ အမျိုးသားသည် ကားရှေ့သို့ ပြေးဝင်ကာသတ်သေရန် ကြိုးစားခဲ့သော်လည်း YBS ယာဥ်မောင်းမှ အချိန်မီရှောင်တိမ်းနိုင်ခဲ့သည့်အတွက် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး သတ်သေရန်ကြိုးစားခဲ့သည့် အမျိုး သားတွင် အရှိန်လွန်ကာလဲကျခဲ့သည့်အတွက် နဖူး၌ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူက သေဖို့ကြိုးစားပေမယ့် ကားဆရာက သတိကောင်းကောင်းနဲ့ ‌ရှောင်လိုက်တော့ သူကလဲကျသွားတာပေါ့၊ ကြီးကြီး မားမားဒဏ်ရာမရခဲ့ပါဘူး ဘယ်ဘက်နဖူးထိပ်နည်းနည်းလေးပဲပွန်းသွားပါတယ်။ သူ့ကို ကျွန်တော်တို့ ဘယ်မှာနေတာလဲမေးတော့ နေရာက ‌(၄)နေရာလောက်ပြောနေတယ်။ အတိအကျမသိလိုက်ဘူး၊ သူ့ကိုယ်သူလည်း မသေသေးဘူးလားပဲပြောနေတာ” ဟု အဆိုပါ လူမှုကူညီရေးအသင်းမှ ဆက် လက်ပြောဆိုထားသည်။

အဆိုပါ အမျိုးသားသည် အသက်(၆ဝ)ကျော် အရွယ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ အသက္(၆ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦး ကားတိုက္ခံၿပီး အဆုံးစီရင္ရန္ (၄)ႀကိမ္ထက္မနည္း ႀကိဳးပမ္းခဲ့

NP News - မတ္ ၂ဝ

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ အသက္(၆ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦး ကားအတိုက္ခံၿပီး အဆုံးစီရင္ရန္ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မတ္လ(၁၉)ရက္၊ ညေန(၅)နာရီခြဲ အခ်ိန္ခန႔္တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဟုမ္းလမ္းႏွင့္ သဲကြင္းမွတ္တိုင္ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္မွာ အသက္(၆ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ လမ္း‌မအတိုင္း ေမာင္းလာသည့္ YBS 23 ယာဥ္‌ေရွ႕သို႔ေျပးဝင္ခဲ့ၿပီး မိမိကိုယ္ကိုသတ္ေသရန္ ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္ျဖစ္သြားေတာ့ ရပ္ကြက္ကလာေျပာတာေပါ့။ YBS ကေန လူတစ္ေယာက္ကို တိုက္သြားတယ္ဆိုၿပီး လာေျပာတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ကူညီကယ္ဆယ္ေရးေတြ လုပ္ေပးေနတဲ့အခ်ိန္မွာ လူတစ္ေယာက္က ဗီဒီယို႐ိုက္ထားတာကို ျပပါတယ္။ အဲဒီအမ်ိဳးသားက ‌ေရွ႕မွာလည္း ကား(၃)(၄)စီးေလာက္ကို အဲဒီလိုလုပ္ထားေသးတယ္တဲ့ သူလည္း မသကၤာလို႔ ႐ိုက္ထားတာလို႔ေျပာပါတယ္” ဟု ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းထံမွ တာဝန္ရွိသူတစ္ဦးက NP News ကိုဆိုသည္။

အဆိုပါ အမ်ိဳးသားသည္ ကားေရွ႕သို႔ ေျပးဝင္ကာသတ္ေသရန္ ႀကိဳးစားခဲ့ေသာ္လည္း YBS ယာဥ္ေမာင္းမွ အခ်ိန္မီေရွာင္တိမ္းႏိုင္ခဲ့သည့္အတြက္ စိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာ မရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အား ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းမွ သြားေရာက္ကူညီခဲ့ၿပီး သတ္ေသရန္ႀကိဳးစားခဲ့သည့္ အမ်ိဳး သားတြင္ အရွိန္လြန္ကာလဲက်ခဲ့သည့္အတြက္ နဖူး၌ပြန္းပဲ့ဒဏ္ရာသာရရွိခဲ့ၿပီး ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“သူက ေသဖို႔ႀကိဳးစားေပမယ့္ ကားဆရာက သတိေကာင္းေကာင္းနဲ႔ ‌ေရွာင္လိုက္ေတာ့ သူကလဲက်သြားတာေပါ့၊ ႀကီးႀကီး မားမားဒဏ္ရာမရခဲ့ပါဘူး ဘယ္ဘက္နဖူးထိပ္နည္းနည္းေလးပဲပြန္းသြားပါတယ္။ သူ႔ကို ကြၽန္ေတာ္တို႔ ဘယ္မွာေနတာလဲေမးေတာ့ ေနရာက ‌(၄)ေနရာေလာက္ေျပာေနတယ္။ အတိအက်မသိလိုက္ဘူး၊ သူ႔ကိုယ္သူလည္း မေသေသးဘူးလားပဲေျပာေနတာ” ဟု အဆိုပါ လူမႈကူညီေရးအသင္းမွ ဆက္ လက္ေျပာဆိုထားသည္။

အဆိုပါ အမ်ိဳးသားသည္ အသက္(၆ဝ)ေက်ာ္ အ႐ြယ္ခန႔္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.