လှိုင်မြို့နယ်တွင် ယာဉ်(၄)စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး

 1903

စော (NP News) - မတ် ၂ဝ

လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် အင်းစိန်လမ်းထောင့် မီးပွိုင့်တွင် ယာဉ်(၄)စီးဆင့်တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ (၁၉)ရက်၊ ည (၁၁)နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရတနာဖြိုးလူမှုကယ် ဆယ်ရေးအသင်းမှ သိရသည်။

“ကျွန်တော်တို့ရောက်တော့ ဘယ်ကနေဘယ်လိုဝင်တိုက်လဲတော့မသိဘူး။ Taxi အမည်းပေါ်က ကလေး (၁)ယောက်နဲ့ လူကြီး(၂)ယောက် မိသားစု(၃)ယောက်ပါတာပေါ့။ အမျိုးသမီးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်ပေါ့။ အမျိုးသားနဲ့ကလေးကိုတော့ ရန်ကုန်ဆေးရုံကို ‌ပို့ပေးလိုက်ပါတယ်။ ကလေးကတော့ အခြေအနေမဆိုးဘူး၊ အမျိုးသားကတော့ အခြေအနေဆိုးတယ်”ဟု ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူဆေးရုံသို့ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဥ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
လႈိင္ၿမိဳ႕နယ္တြင္ ယာဥ္(၄)စီးဆင့္တိုက္မႈ ျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦးေသဆုံး

ေစာ (NP News) - မတ္ ၂ဝ

လႈိင္ၿမိဳ႕နယ္၊ ပါရမီလမ္းႏွင့္ အင္းစိန္လမ္းေထာင့္ မီးပြိဳင့္တြင္ ယာဥ္(၄)စီးဆင့္တိုက္မိ၍ အမ်ိဳးသမီးတစ္ဦးေသဆုံးသြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မတ္လ (၁၉)ရက္၊ ည (၁၁)နာရီဝန္းက်င္အခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရတနာၿဖိဳးလူမႈကယ္ ဆယ္ေရးအသင္းမွ သိရသည္။

“ကြၽန္ေတာ္တို႔ေရာက္ေတာ့ ဘယ္ကေနဘယ္လိုဝင္တိုက္လဲေတာ့မသိဘူး။ Taxi အမည္းေပၚက ကေလး (၁)ေယာက္နဲ႔ လူႀကီး(၂)ေယာက္ မိသားစု(၃)ေယာက္ပါတာေပါ့။ အမ်ိဳးသမီးကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးသြားတယ္ေပါ့။ အမ်ိဳးသားနဲ႔ကေလးကိုေတာ့ ရန္ကုန္ေဆး႐ုံကို ‌ပို႔ေပးလိုက္ပါတယ္။ ကေလးကေတာ့ အေျခအေနမဆိုးဘူး၊ အမ်ိဳးသားကေတာ့ အေျခအေနဆိုးတယ္”ဟု ရတနာၿဖိဳးလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈ‌ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ရန္ကုန္ျပည္သူေဆး႐ုံသို႔ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.