တောင်ကိုရီးယားအဆိုတော် SE7EN နဲ့ သရုပ်ဆောင်အကျော်အမော် လီဒါဟေး(ချိုဝမ်)တို့စုံတွဲ လက်ထပ်တော့မယ်လို့ ပရိသတ်များကို တရားဝင်အသိပေး

 1785

ရောင်နီ (NP News) - မတ် ၂ဝ

တောင်ကိုရီးယားနိုင်ငံရဲ့ K - POP ကြယ်ပွင့် SE7EN နဲ့ "ချိုဝမ်" ဆိုတဲ့ နာမည်လေးနဲ့ မြန်မာပရိသတ်တွေရဲ့ အသည်းနှလုံးကိုအပိုင်သိမ်းခဲ့တဲ့ မင်းသမီးလီဒါဟေး တို့စုံတွဲဟာ ၈ နှစ်ကြာ တွဲခဲ့ပြီးတဲ့နောက် လက်ထပ်တော့မှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

၎င်းတို့စုံတွဲဟာ ၂ဝ၁၅ ခုနှစ်က စတင်ချိန်းတွေ့ခဲ့ကြပြီး ၂ဝ၁၆ ခုနှစ်မှာ ၎င်းတို့ရဲ့ဆက်ဆံရေးကို တရားဝင် အတည်ပြုခဲ့ပါတယ်။ ယခု ၂ဝ၂၃ ခုနှစ် မတ်လ ၂ဝ ရက်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ ကြည်နူးစရာမင်္ဂလာ သတင်းတွေကို သူတို့ရဲ့ကိုယ်ပိုင် Instagram အကောင့်တွေမှ ပရိသတ်တွေကို ဝေမျှလာခဲ့ပါတယ်။

SE7EN ရဲ့အကောင့်မှာ " မင်္ဂလာပါ.. SE7EN ဖြစ်ပါတယ်။ ၂ဝ၂၃ ခုနှစ်ဟာ ကျွန်တော် ပွဲဦးထွက်လာတာ နှစ် ၂ဝ ပြည့်ပါပြီ၊ ဒါဟာ မပြောင်းလဲတဲ့အားပေးမှုတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုမရှိဘဲနဲ့ ဒီနေရာထိ မရောက်လာနိုင်ပါ ဘူး။ တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့တော့ ဝမ်းသာစရာသတင်းလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။ ဘဝရဲ့အတက်အဆင်း၊ အတက်အကျတွေကို ၈ နှစ်တာလုံးလုံးချစ်ခြင်းတွေနဲ့ အမြဲလက်ခံပေးပြီး အတူတူ လက်တွဲ မဖြုတ်ဘဲဖြတ်ကျော်ခဲ့တဲ့ ချစ်သူ လီဒါဟေး နဲ့ မေလ ၆ ရက်နေ့မှာ လက်ထပ်ဖို့ကတိပြုခဲ့ပါပြီ။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ရော ခင်ပွန်းတစ်ယောက်အနေနဲ့ပါ အခုချိန်ကစပြီး တာဝန်သိစိတ်နဲ့ ပိုရင့်ကျက်စွာ နေထိုင် သွားမယ်။ ကျွန်တော့်ကို အမြဲအားပေးနေတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖန် လီဒါဟေးရဲ့အင်စတာဂရမ်အကောင့်မှာလည်း "အားလုံးပဲမင်္ဂလာပါ... ကျွန်မ လီဒါဟေး ပါ။ ရှစ်နှစ်ကြာ အောင်ပေါင်းသင်းလာတဲ့ relationship ဆိုတော့ ဒါက အံ့သြစရာတော့ မဟုတ်ပေမယ့် ဘာလို့ အရမ်းရှက်နေမှန်း မသိဘူး။ ဒီအကြောင်းကို ဘယ်လိုပြောပြရမလဲဆိုတာ အများကြီးစဉ်းစားမိတယ်။ လာမယ့် မေလမှာ ကျွန်မတို့ ရေရှည်ဆက်ဆံရေးအတွက် အိမ်ထောင်ပြုဖို့ ကတိပြုလိုက်ပါတယ်။ ကျွန်မကို ခွန်အားတွေ အများကြီးပေးပြီး၊ ကာကွယ်ပေးပြီး ပျော်ရွှင်မှုများစွာပေးခဲ့တဲ့ ဒီလူအတွက် ပိုငဲ့ညှာတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်လာပါမယ်။ ပရိသတ် အားလုံးရဲ့မေတ္တာ၊ ကောင်းချီးတွေနဲ့ လက်ထပ်နိုင်ရင် ကျွန်မတို့ တကယ်ကိုပျော်ရွှင်ရလိမ့်မယ် ထင်ပါ တယ်။ မင်းသမီးတစ်ယောက်အနေနဲ့ရော မိသားစုရဲ့ဇနီးမယားအဖြစ်ပါ သူ့ရဲ့အချစ်တွေကို ကျေးဇူးပြုသွားမှာပါ။ ကျေးဇူးတင်ပါတယ်" လို့ အသိပေးအကြောင်းကြားလာခဲ့ပါတယ်။

သူတို့စုံတွဲရဲ့မင်္ဂလာသတင်းဟာ ပရိသတ်တွေ ပါးစပ်ဖျားမှာ နေရာယူနေပြီး ပရိသတ်တွေကလည်း လိုက်ဖက်တဲ့ ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုထားကာ ပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ဖို့ ဆုတောင်းပေးနေကြတာကို comment တွေထဲမှာ မြင်တွေ့ရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားအဆိုေတာ္ SE7EN နဲ႔ သ႐ုပ္ေဆာင္အေက်ာ္အေမာ္ လီဒါေဟး(ခ်ိဳဝမ္)တို႔စုံတြဲ လက္ထပ္ေတာ့ မယ္လို႔ ပရိသတ္မ်ားကို တရားဝင္အသိေပး
ေရာင္နီ (NP News) - မတ္ ၂ဝ

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ K - POP ၾကယ္ပြင့္ SE7EN နဲ႔ "ခ်ိဳဝမ္" ဆိုတဲ့ နာမည္ေလးနဲ႔ ျမန္မာပရိသတ္ေတြရဲ႕ အသည္းႏွလုံးကိုအပိုင္သိမ္းခဲ့တဲ့ မင္းသမီးလီဒါေဟး တို႔စုံတြဲဟာ ၈ ႏွစ္ၾကာ တြဲခဲ့ၿပီးတဲ့ေနာက္ လက္ထပ္ေတာ့မွာ ျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာခဲ့ပါတယ္။

၎တို႔စုံတြဲဟာ ၂ဝ၁၅ ခုႏွစ္က စတင္ခ်ိန္းေတြ႕ခဲ့ၾကၿပီး ၂ဝ၁၆ ခုႏွစ္မွာ ၎တို႔ရဲ႕ဆက္ဆံေရးကို တရားဝင္ အတည္ျပဳခဲ့ပါတယ္။ ယခု ၂ဝ၂၃ ခုႏွစ္ မတ္လ ၂ဝ ရက္ေန႔မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ၾကည္ႏူးစရာမဂၤလာ သတင္းေတြကို သူတို႔ရဲ႕ကိုယ္ပိုင္ Instagram အေကာင့္ေတြမွ ပရိသတ္ေတြကို ေဝမွ်လာခဲ့ပါတယ္။

SE7EN ရဲ႕အေကာင့္မွာ " မဂၤလာပါ.. SE7EN ျဖစ္ပါတယ္။ ၂ဝ၂၃ ခုႏွစ္ဟာ ကြၽန္ေတာ္ ပြဲဦးထြက္လာတာ ႏွစ္ ၂ဝ ျပည့္ပါၿပီ၊ ဒါဟာ မေျပာင္းလဲတဲ့အားေပးမႈေတြနဲ႔ ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈမရွိဘဲနဲ႔ ဒီေနရာထိ မေရာက္လာႏိုင္ပါ ဘူး။ တကယ္ကို ေက်းဇူးတင္ပါတယ္။ ဒီေန႔ေတာ့ ဝမ္းသာစရာသတင္းေလးတစ္ခုကို အရင္ေျပာျပခ်င္ပါတယ္။ ဘဝရဲ႕အတက္အဆင္း၊ အတက္အက်ေတြကို ၈ ႏွစ္တာလုံးလုံးခ်စ္ျခင္းေတြနဲ႔ အၿမဲလက္ခံေပးၿပီး အတူတူ လက္တြဲ မျဖဳတ္ဘဲျဖတ္ေက်ာ္ခဲ့တဲ့ ခ်စ္သူ လီဒါေဟး နဲ႔ ေမလ ၆ ရက္ေန႔မွာ လက္ထပ္ဖို႔ကတိျပဳခဲ့ပါၿပီ။ အိမ္ေထာင္ဦးစီး တစ္ေယာက္အေနနဲ႔ေရာ ခင္ပြန္းတစ္ေယာက္အေနနဲ႔ပါ အခုခ်ိန္ကစၿပီး တာဝန္သိစိတ္နဲ႔ ပိုရင့္က်က္စြာ ေနထိုင္ သြားမယ္။ ကြၽန္ေတာ့္ကို အၿမဲအားေပးေနတဲ့သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

တစ္ဖန္ လီဒါေဟးရဲ႕အင္စတာဂရမ္အေကာင့္မွာလည္း "အားလုံးပဲမဂၤလာပါ... ကြၽန္မ လီဒါေဟး ပါ။ ရွစ္ႏွစ္ၾကာ ေအာင္ေပါင္းသင္းလာတဲ့ relationship ဆိုေတာ့ ဒါက အံ့ၾသစရာေတာ့ မဟုတ္ေပမယ့္ ဘာလို႔ အရမ္းရွက္ေနမွန္း မသိဘူး။ ဒီအေၾကာင္းကို ဘယ္လိုေျပာျပရမလဲဆိုတာ အမ်ားႀကီးစဥ္းစားမိတယ္။ လာမယ့္ ေမလမွာ ကြၽန္မတို႔ ေရရွည္ဆက္ဆံေရးအတြက္ အိမ္ေထာင္ျပဳဖို႔ ကတိျပဳလိုက္ပါတယ္။ ကြၽန္မကို ခြန္အားေတြ အမ်ားႀကီးေပးၿပီး၊ ကာကြယ္ေပးၿပီး ေပ်ာ္႐ႊင္မႈမ်ားစြာေပးခဲ့တဲ့ ဒီလူအတြက္ ပိုငဲ့ညႇာတဲ့ ဇနီးေကာင္းတစ္ေယာက္ျဖစ္လာပါမယ္။ ပရိသတ္ အားလုံးရဲ႕ေမတၱာ၊ ေကာင္းခ်ီးေတြနဲ႔ လက္ထပ္ႏိုင္ရင္ ကြၽန္မတို႔ တကယ္ကိုေပ်ာ္႐ႊင္ရလိမ့္မယ္ ထင္ပါ တယ္။ မင္းသမီးတစ္ေယာက္အေနနဲ႔ေရာ မိသားစုရဲ႕ဇနီးမယားအျဖစ္ပါ သူ႔ရဲ႕အခ်စ္ေတြကို ေက်းဇူးျပဳသြားမွာပါ။ ေက်းဇူးတင္ပါတယ္" လို႔ အသိေပးအေၾကာင္းၾကားလာခဲ့ပါတယ္။

သူတို႔စုံတြဲရဲ႕မဂၤလာသတင္းဟာ ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ ေနရာယူေနၿပီး ပရိသတ္ေတြကလည္း လိုက္ဖက္တဲ့ ဇနီးေမာင္ႏွံအျဖစ္ အသိအမွတ္ျပဳထားကာ ေပ်ာ္႐ႊင္တဲ့မိသားစုဘဝေလးပိုင္ဆိုင္ဖို႔ ဆုေတာင္းေပးေနၾကတာကို comment ေတြထဲမွာ ျမင္ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.